'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, July 23, 2015
အကွဲအပြဲတွေရဲ့ ကမ္ဘာ....
အကွဲအပြဲတွေရဲ့ ကမ္ဘာ....
----
အကွဲအပြဲများ ဗေဒင်ပဲ ကြည့် ပါဦး ဒီဆရာ ဒီဆရာရဲ့ သီဝရီအောက်က ထွက်လာတဲ့ ဆရာတူ တပည့် တွေ ဖြစ်နေတာတောင် ဆရာမရှိတရှိကတည်းက အဲ့ ဆရာရဲ့ သီဝရီတွေကို တပည့် တွေက ကိုယ့် ဟာကိုယ် အတွေးတွေထပ်ထည့် ပြီး ကိုယ်ကောက်ချင်သလိုထပ်ကောက်ပစ်လိုက်တယ်...ကြာတော့  ဘယ်တပည့် ရဲ့ အကောက်အယူက အဲ့ ဆရာရဲ့ သီဝရီ လဲဆိုတာ ၀ါးတားတားတွေဖြစ်ကုန်တယ်..တစ်ချို့ ဆို တပည့် ချင်း ရစ် တပည် တွေနောက်က အဲ့ တပည့် တွေကို ယုံတဲ့  လူတွေလည်း ရစ် ဖြစ်ကုန်ပါလေရောဗျာ...ဆရာကတော့ ဒီဆရာပါပဲ ..ငိငိ...
ဒီလိုပဲ ကမ္ဘာပေါ်က ဟဲဗီး အယူတွေ လိုက်ချက်ရင် အယူစတင်သူက ဒီ ပုဂ္ဂိုလ်တစ်ယောက်ထဲကပဲ စတာ နောက်တော့ အဲ့ ပုဂ္ဂိုလ်ရဲ့ နောက်လိုက်တွေမှာ ဂိုဏ်းတွေကွဲကုန်ချက်က အယူကြီးတစ်ခုဆီတိုင်းမှာ ကိုယ့် နည်းကိုယ့် ဟန်နဲ့  မှန်နေကြတဲ့  မဟာဂိုဏ်းကကြီးတွေ အနဲဆုံး ၂ ဂိုဏ်းအထက်မှာ ကွဲကုန်တယ်..
အယူစတင်ထူထောင်သူကတော့  ဒါပဲ..အဲ့ မဟာဂိုဏ်းကြီးတွေကလည်း ကိုယ့် ဟာသာအမှန်သဘော ဟိုဂိုဏ်းက အလွဲဆိုပြီးသဘောထားတာချည်းလိုလိုပဲ
ဒါပေမယ့်  ဗေဒင်တွေက တပည့် တွေ ကောက်ချင်သလိုကောက်ပြီး ကွဲတာက တိုင်းပြည်မနာ ကမ္ဘာမနာတတ်ဘူး အယူတွေ ဂိုဏ်းကွဲချက်က အယူတူ အကောက်ကွဲ ချင်းချင်းလဲ ရစ်. .အယူမတူသူတွေကိုပါ လှမ်းရစ် ပတ်လည်တွေ ရစ်နေကြပုံက ကြာတော့  ကမ္ဘာကြီးက အယူတွေ ထွန်းကားလာလေလေ မီးလောင်တိုက်ထဲရောက်လာသလိုလိုတွေလို ဖြစ်လာသလိုမျိုးကြီးလို့  ဘာအယူကိုမှ ဖီးလ်မလာတော့ ပဲ အယူ ဆိုတာနဲ့  စိတ်ပျက်ကုန်ကြတဲ့ သူတွေက ပြောနေသလိုတွေဖြစ်လာတာမျိုးပေါ့ ....ဘ၀တွေ အေးချမ်းစေဖို့ အယူတွေဖြစ်လာပုံကနေ. ..ဘာညာသာရကာတွေပေါ့ လေ...
အမှန်တော့  နှစ်ယောက်ရှိ သုံးဖွဲ့ ကွဲတယ်ဆိုပြီး ကိုယ့် တိုင်းပြည်ကြည့် စိတ်ပျက်ပြီးခပ်နှိမ်နှိမ် ကဲ့ ရဲ့ တာ ကိုယ်တိုင် တစ်ယောက်ချင်း စိတ်ထဲမှာကိုက အကွဲံအပြဲစိတ်နဲ့  တည်ဆောက်ထားတာမျိုးပဲ တစ်ကိုယ့် နှစ်စိတ်ပေါ ...အမှောင်စိတ်နဲ့ အလင်းစိတ်က နဂိုထဲက လူ့ ကိုယ်တိုင်းရဲ့ စိတ်မှာ ရှိနေပြီးသားပဲ
အဲ့ ဒီ့  ဒုစရိုက်လုပ်ချင်တဲ့ စိတ်နဲ့  သုစရိုက်လုပ်ချင်တဲ့  စိတ်က ၂၄ နာရီ လုံးလုံး ကိုယ့် စိတ်ထဲမှာ တစ်လှည့် စီလို ဖြစ်နေပြီး စိတ်စိတ်ချင်းဖိုက်တင်ပလေးနေရတာမျိုးမဟုတ်လား...
.ဒုစရိုက်စိတ်ကနိုင်နေတဲ့ အခါ ရှပ်ထုမယ် တက်ပလက်မြိုမယ် ဖွန်ကြောင်မယ်.. သုစရိုက်စိတ်က နိုင်နေတဲ့ အချိန်ဆို ပုတီးထစိတ်မယ် ဘုရားတက်မယ် ဂါထာတွေလျှောက်ရွတ်မယ်..ဒီလိုတွေ..
.ဒါကြောင့်  ကမ္ဘာကြီးကိုယ်က နဂိုထဲက အကွဲအပြဲတွေ ကို မျှခြေလုပ်ပြီး တည်ဆောက်ထားတဲ့  ကမ္ဘာကြီးလိုဖြစ်နေတော့  အကွဲအပြဲတွေ နေရာတကာတွေ့ နေ ရှိနေတာ ဘာဆန်းတော့ မလဲ နော့် ...
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..