===========
ကလေးကို ရိုက်ခြင်း မရိုက်ခြင်းမှာ တစ်ဖက်ဖက်ကနေ ပုံသေရပ် ပြောလိုက်ရင်လည်း တကယ့် လက်တွေ့ ဘ၀နဲ့ ဝေးသွားတတ်တယ်..ကျနော်တို့ ငယ်ဘ၀တွေမှာလည်း အရိုက်ခံခဲ့ ရဘူးတာပါပဲ...ငယ်တုန်းက စိတ်က ထုံးစံအတိုင်း စိတ်ထဲက မိဘကို ကျိတ်မကျေနပ်ခဲ့ ပေမယ့်  အသိစုံလာတဲ့ အခါ
ကိုယ့် ကို ရိုက်ခဲ့ တာကို အပြစ်ဖွဲ့ စကားဆိုဖို့ နေနေသာသာ အခုတော့  အဲ့ ဒီလိုတောင် ပြန်အရိုက်ခံချင်လိုက်သေးတယ်...အရိုက်ခံခဲ့ ရလို့  လူညွန့် တုံးပြီအငုံ့ စိတ်ဖြစ်နေပြီ လူတောမတိုးရဲတော့ ဘူးလို့ ကိုယ်တိုင်ရော ကိုယ့် အိမ်ကလူတွေရော ကိုယ်တွေ့ မြင်ဆက်ဆံဘူးသမျှတွေမှာရော မမြင်ခဲ့ ရသလောက်ပါ
အလုပ်သဘောအရ ၁၀တန်းဝန်းကျင် သားဆိုးလို့  သမီးကဲလို့ ဆိုပြီး သူများသားသမီးတွေထက် အိုဗာဖြစ်နေပြီလို့  ကိုယ့် သားသမီးကို ကိုယ်ထိမ်းမနိုင် သိမ်းမရတော့ ပါဘူးဆိုတဲ့  မအေတွေ
(တစ်ခါတစ်လေ ဖအေပါပါ) လာတိုင်း..စကားပြောရင်းက အမြဲပြန်မေးဖြစ်မိတဲ့  စကားက ''''ကိုယ့် သားကိုယ့် သမီးကိုလက်ဖျားနဲ့ တောင် မတို့ ခဲ့ ဘူးဘူးမဟုတ်လား.''' ..လို့ ပေါ့ ...အကုန်လုံးလိုလိုက ပြန်ဖြေသွားပုံက နိုး...ပေတံတို့ လက်တို့ နဲ့ တောင်မရွယ်ဘူးပါဘူး လို့ ဆိုတယ်...
အမှန်တကယ်သဘောကတော့  ကိုယ့် သားသမီးကို ကိုယ်ဘယ်လို ကွန်ထရိုးလုပ်ရမလဲဆိုတာ သူတို့ မိဘတွေက အထူးသဖြင့်  အနေအနီးဆုံးဖြစ်နေတတ်တဲ့ မအေတွေက အသိဆုံးပေါ့  နဲနဲပါးပါးရိုက်ပေးသင့် လား လုံးဝ လက်ဖျားနဲ့ မတို့ ပဲ တော်ကီလေးပစ်ပြီး ထိမ်းသွားလို့ ပါလာမယ့် ကလေးလားဆိုတာ သူတို့ အသိဆုံးနေမှာပေါ့  ဘေးကနေ တစ်ခါတစ်လေ တွေ့ တုန်းဆုံတုန်း ခဏလေးတွေ့ ရတာကို အကဲဖြတ်ပြီး ကလေးတွေကို ဘာညာနဲ့  ၀င်ပြောပေးရတာ တစ်ခါတစ်လေ ဘေးက လမ်းညွှန်ချက်တွေက သူတို့ သားအမိကြားဆက်ဆံရေးတွေအတွက် ဆေးထက် ဘေးဖြစ်သွားနိုင်တယ်
ပြောမယ့် သာပြောတာပါ ခုထ ကလေးတွေကို လက်ဖျားနဲ့ တို့ ဖို့ ရိုက်ဖို့ နေနေသာသာ ကလေးတွေ မျက်နှာမဲ့ နေတာ မြင်မိယုံလေးနဲ့ တောင် ဟတ်ထိပြီး မခံစားနိုင်ဘူး အဲ့ ဒါနဲ့ တူမတွေ ဖအေမအေတွေကို ဖြဲထားမိတယ် ဟယောင်..ခေးတွေကို ရိုက်ချင်ရင် ကိုယ့် အိမ်ကိုယ်ခေါ်သွား ရိုက်ကြ
ငါ့ မျက်စိရှေ့ လာမရိုက်နဲ့  ဒါဗြဲ..တွေဘာတွေနဲ့ ပေါ့ ..ဟီးဟီး..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..