ဟန်ဆောင်နှလုံးသား သကာလူးလျှာဖျားလေးတွေနဲ့ 
------------
သုကရံ သာဓုနာ သာဓုံ ၊ သာဓုံ ပါပေန ဒုက္ကရံ ၊
ပါပံ ပါပေန သုကရံ ၊ ပါပ မရိယေဘိ ဒုက္ကရံ ..
-------
လူကောင်းတွေဟာတဲ့  ကောင်းမှု့ တွေ လုပ်ဖို့ လွယ်တယ်တဲ့ 
မကောင်းတဲ့ လူတွေကတဲ့  ကောင်းတာတွေ လုပ်နိုင်ခဲပါတယ်တဲ့ ။
မကောင်းတဲ့ လူတွေကတဲ့  မကောင်းတာတွေ လုပ်ဖို့ လွယ်တယ်တဲ့ 
ကောင်းတဲ့ လူတွေဟာတဲ့  မကောင်းမှု့ တွေ လုပ်ဖို့ ခက်ခဲပါတယ်တဲ့ ....
------
အဲ့ လိုဆိုတော့  ဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းတောင် သတိရလိုက်သေးတယ်။။
''ကောင်းတဲ့ လူက ကောင်းတာပါပဲ...'' ဆိုတာလေးဗျ....မကောင်းတဲ့ လူတွေအများကြီးကြားက ကောင်းတဲ့ လူကို မမျှော်လင့် ပဲ ရုတ်တရက်တွေ့ ခဲ့ ရလို့ လား..
ကကျစ်တွေ အများကြီးဆက်တိုက်တွေ့ နေရလို့  စိတ်ဓါတ်တွေဘာတွေကျလာပြီးအရင်က လူကောင်းသူကောင်းတစ်ယောက်ကို ပြန်သတိရလိုက်လို့ တမ်းတပြီး
.ငြီးတာလား ဘာလားတော့  မသိဘူး စာသွားစာလာ လေသံလေးကတော့ 
အင်ဂျက်ရှင်း နှစ်လုံးပြွတ် ထိုးယူရတော့ မလိုလို ဒရစ်ဆလင်းကြီးချိတ်ရတော့ 
မလိုလို အားငယ်ဖျော့ တော့ တော့  လေသံလေးမျိုးပဲလို့  ခံစားလို့ ရတယ်
ဟို ဒဿနဆရာတစ်ယောက် လုပ်ချသွားပုံထဲမှာ နေ့ ခင်းကြောင်တောင် မီးအိမ်ထွန်းဆွဲပြီး လူကောင်းသူကောင်းမိတ်ဆွေကောင်း မြို့ ထဲ လူတွေကြားထဲ လိုက်ရှာပြသလိုပေါ့  ဒဿနဆရာရဲ့  လူတွေရဲ့  အတွင်းတစ်မျိုး အပေါ်ယံ တစ်ဖုံ ဟန်ဆောင်နှလုံးသား သကာလူးလျှာဖျားလေးတွေနဲ့ ကောက်ကွေ့ တတ်ပုံကို ငေါ့ ပြပုံ အရွဲ့ တိုက်ပုံက လှသားဗျားးး...ဟဲဟဲ....
အင်း...ဟိုဆရာကတော့  ကိုယ့် စိတ်ကိုယ်အရင်စစ်ထား သဘောလေးပါ ဘက်မျှအောင်တွေးပေးသွားတယ် ကိုယ်တိုင်ကရော အများအတွက် မိတ်ဆွေကောင်း လူကောင်းသူကောင်းဖြစ်ဖို့ ကောင်းမြတ်တဲ့ စိတ်ထားလေးတွေမွေးပေးထား
ခဲ့ ပြီလားပေါ့ လေ.....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..