အတွေ့ လေးရယ်တဲ့ အိုအကြုံ
---------------
တစ်ခါတစ်လေ ကိုယ်တွေ့ တွေ ရေးရတာ တစ်ချို့ ကိစ္စတွေက ဆန်းကြယ်နေလို့  ကိုယ်ရည်သွေးပြနေသလိုလို ရွှီးနေတာလိုလိုတောင် ထင်စရာတွေ ရှိလာတတ်တယ်ဗျား..အခုရေးပြမှာက ရေးပြဘူးပြီး ခဏနဲ့ ပြန်ဖျက်ပစ်လိုက်တဲ့  အကြောင်းပါ န၀င်းပွဲတွေ ကိုင်ကစက ကြုံခဲ့ ရတဲ့  အဖြစ်တွေပေါ့ ...
န၀င်းပွဲတွေ လုပ်ပေးခါစမှာ ဖဲမရိုက်ဘူးတဲ့ သူတွေ ဖဲစစရိုက်ရင် နိင်တတ်သလိုမျိုး အတော့် ကို အလုပ်ဖြစ်ကုန်တတ်တဲ့ သဘောရှိတယ်...အဲ့ တော့  လူတွေကပုံယုံလာ ပိုရက်စပက်ပေးလာ ပိုအားကိုးလာကြတယ်..အဲ့ ဒီ့  အထိကလည်း ပြဿနာမရှိပါဘူး ယတြာလုပ်လို့ အလုပ်ဖြစ်ရင် ဒီလိုသဘောတွေရှိလာတတ်တာပါပဲဆိုတာ ကြိုတွက်ထားပြီးသားဆိုတော့  စိတ်ထဲ အပြောင်းအလ မရှိပါဘူး..( လူစည်လာတာလောက်နဲ့  လွတ်လောက်စရာ အကြောင်းမရှိပေါ့ )
လူက လူစုံတယ် အလွှာလဲစုံတယ် ကာလာပါစုံလိုက်သေးတယ်.အဲထဲမှာ အသီးအရွက်သည်တွေ ကုန်စိမ်းသည်တွေလည်းပါလာတယ်...အဲ့ မှာ အဆန်းကြီးတွေ လာအလုပ်ခံရတော့ တာပါပဲ...သူတို့ ဟာသူတို့ သူတို့ စိတ်ကူးနဲ့ သူတို့ လုပ်တာကို သူတို့ ပြောမှ ကိုယ်က အံ့ အားတွေသင့် ပြီး
ပြန်သိလိုက်ရတဲ့ အဖြစ်ပေါ့ 
အဲ့ ကုန်စိမ်းသမားတွေက သီရိမင်္ဂလာဈေးက လက်ကားဖြန့် တွေပေါ့  ဥနီဂေါ်ရခါးဂေါ်ဖီမုန်ညှင်း ဘာညာ စတဲ့ မေမြို့ တို့  သျှမ်းကုန်တို့ ပေါ့ ..ဒါတွေက အချိန်ကိုက်ရောင်းရတာမျိုးပေါ့  အချိန်လွန်ရင် အမှိုက်တွေဖြစ်ကုန်တာမျိုးပေါ့ 
အဲ့ မှာ သူတို့ ထဲက တစ်ချို့ လုပ်ပုံက သူတို့ ကုန်တွေ အချိန်လွန်လာလို့ ပစ္စည်းတွေအများကြီးကျန်နေရင်တဲ့ 
..''ဆြာရေ လုပ်ပါဦး ကုန်တွေကျန်နေလို့  ကုန်သွားရင် န၀င်းပွဲလာလှုပါမယ့် ..''လို့  ပြောပြီး ကုန်တွေကို ဟိုဟာနဲ့ ရိုက်ဒီဟာနဲ့ ထိ ပေါ့ လေ..
.အဲ့ လို လုပ်လိုက်ရင်တဲ့ ကုန်ဝယ်သူတွေ ရောက်လာပြီး အကျန်ပုပ်မှာမပူရတော့ ပဲ အလုပ်ဖြစ်သွားလို့ ဆိုပြီး ခါချက်ဥတွေပိန်းဥဂေါ်ရခါးပဲသီးဘိုစားပဲထုတ်တွေနဲ့ ရောက်လာပြီး န၀င်းပွဲထိုးပေးဖို့  လာပေးရောဗျား...
သူတို့ ယုံကြည်ပုံက အတော်ဖြုံစရာလည်းကောင်း လွတ်ချင်စရာလည်းကောင်းတာမျိုး...ကိုယ်က ကိုယ့် သီလ က ဒီလောက်မဟုတ်ပါဘူးဆိုတာ ကိုယ့် ဟာကိုယ်သိနေပြီသားဆိုတော့  သူတို့ လုပ်ပုံက စတွန့် သွားတာပေါ့ ဗျာ....
ဒါပေမယ့်  ဒါက ကိုယ်ချွန်တာမဟုတ်ပဲ သူတို့ စိတ်ကူးနဲ့ သူတို့  လုပ်တာဆိုတော့  မဟုတ်ဖူး ဟုတ်တယ် လုပ်ပါ မလုပ်နဲ့ တွေ ပြောမနေတော့ ပဲ သူတို့ ဟာသူတို့  စိတ်ကူးတည့် ရာတွေ ပြောပြီး သူတို့ ဟာသူတို့ ဂွတ်နေလဲ ပြီးတာပါပဲလေလို့ တွေးပြီး...ရယ်ကျဲကျဲနဲ့ နေလိုက်ရတော့ တာပေါ့ .ဆြာချင်းမိုးမွှမ်းအောင်ခေါ်ပြီး အားကိုးပြနေတာမျိုးလောက် အမွှမ်းလာတင်ပြနေယုံမျိုးလောက်နဲ့  သာယာပြီး လိုက်တော့ မျောမသွားပါဘူး
.
.( အသီးအရွက်တွေ ပုတ်တောင်းပုလေးနဲ့ လာလာပေးတာတော့  သဘောကျတယ် အိမ်မှာက ထိုင်ဆွမ်းကြွတဲ့ ကိုယ်တော်က အပါး ၂၀နဲ့ ၃၀ကြားလောက်က ပုံမှန်ရှိနေတာ ဆယ်စုနှစ် ၂စုခွဲမကတော့ ဘူး အဲ့ တော့  ကိုယ်တော်တွေကို ပဲကုလားဟင်းများများ ချက်လောင်းလို့ ရတာပေါ့ သူတို့ လည်း ကုသိုလ်ဒါနဖြစ်တာပေါ့ ..န၀င်းပွဲက ဆန်တွေက အဲ့ ကိုယ်တော်တွေ ဆွမ်းဖြစ်ကုန်တာများတယ်)...
အဲ့ ဒီလို သူတို့  ဘာလို လုပ်သလဲ ဘယ်လိုစိတ်ကူးရကြသလဲလို့ တွေးကြည့် ရင် ဒီလို ကိုယ်ယုံကြည်ရာ ယုံကြည်ရာ သိဒ္ဓိ မဟိဒ္ဓိ ရှင်တွေကို တတတ်တာ နတ်တွေကို တိုင်တည်တတ်တာ ပါးစပ်က တတတ်တာ ဘိုးတော်မယ်တော်တွေကို အမည်ခေါ်ပြီးတတတ်တာတွေဟာ အဲ့ ဒီ့ ကုန်စိမ်းလောကသားတွေ ငါးဒိုင်လောသားတွေ အများဆုံ လုပ်တတ်ပြုမူတတ်တဲ့  အလေ့ သဘောပဲ အထူးသဖြင့် တောင်ပြုံးတို့  ပခန်းတို့ ပုပ္ပားမယ်တော်တို့ တွေကို ယုံကြ ကိုးကြတဲ့ သူတွေ ပြုမူလေ့ ရှိတဲ့  သဘော. ဒီသဘောက ကိုယ့် ဖက်မြှားဦးလှည့်လာတဲ့ သဘောမျိုးပေါ့ ....
ဆိုတော့  သဘောက န၀င်းပွဲတွေကို ကိုင်စကနေ ပွဲဆက်တွေတစ်စတစ်စများလာပြီး နဲနဲ လမိုင်းကပ်လာပြီဆိုရင် အဲဒီလို အောက်ခြေ လွတ်ချင်စရာကောင်းလောက်အောင် လာလာလုပ်တဲ့  ချွန်တွန်းလုပ် ပို့ ပေး ဗိမ်းဗေါင်းတီးပေးတဲ့  လူတွေ အများကြီးကြုံလာရတတ်တဲ့ သဘောရှိတတ်တယ်ပေါ့ ..အဲ့ မှာ လွတ်ပြီဆိုတာနဲ့  မြွေဖမ်းပြီပေါ့ လေ...အဲ့ န၀င်းပွဲဟာ အမြင်ကသာ မခန့် သလိုလိုထင်ရပေမယ့်  ပွဲရဲ့ နောက်ကွယ်မှာ ထူးဆန်းတဲ့ သဘောတွေ အဲ့ န၀င်းပွဲမှာ အများကြီးဗျာ.
..(အမယ်...အိပ်မက်ကနေ လမ်းညွှန်လိုက်လို့ ဆြာဆီလာခဲ့ တာ ဆြာ့ ကို အိပ်မက်ထဲမှာ အရင်မြင်ဘူးနေတာဆိုတဲ့  လူတွေ.ဂ(အပြင်မှာလည်းတစ်ခါမှမတွေ့ ဘူးပဲနဲ့ လေ..အဟီးးး)
( ..ဆြာနဲ့ ကျမက ဟိုဘ၀အဆက်ဆက်က ပဌာန်းဆက်ရှိတယ်လို့ အဘိုးက မိန့် ထားတယ်ဆြာရဲ့ ဆိုတာမျိုး ဘယ်အဘိုးမှန်းမသိ ဘာမသိနဲ့ ဘာလိုလို ညာလိုလို လေသံလေးတွေလည်း ပါလာသေးတယ်...ခ်ခ်)
သဘောက တစ်ချို့ ပရိတ်သတ်တွေရဲ့ ယုံကြည်မှု့ စတိုင်တွေက ဗေဒင်ဆရာ သီလမခိုင် သမာဓိ နဲ့  အတွေးအမြင်တွေ ဗဟုသုတတွေ အားမကောင်းလို့ ကတော့  ဗေဒင်ဆရာကို မြောင်းထဲရောက် တွင်းထဲရောက်အောင် ပို့ နေတာမျိုးတွေ ပါလာတတ်တဲ့  သဘောရှိလို့  သတိကို ကြိုကပ်ထားရတယ်
ပေါ့ လေ..
.ပရိတ်သတ်တစ်ချို့ ရဲ့  အယုံလွန် သဒ္ဒါလွန် သရုပ်ပြ အမွှမ်းတင် အိုဗာ ပို့ ဆွမ်းတွေမှာ သာယာပြီး လိုက်မျောသွားရင်းက ဖေါင်းတွေဖြစ်ကုန်ရင် တော်ကြာ ဂျေးထဲရောက် ချေးပုံးထမ်းနေရတဲ့ ဗေဒင်ဆရာဖြစ်သွားပြီး ဂိမ်းအိုဗာ ဖြစ်သွားနိုင်တယ်လေ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..