Powered By Blogger

Thursday, July 23, 2015

လည်ပြန်


လည်ပြန်
------
အရင်က အပြင်ကို လှမ်းကြည့် တယ် ကိုယ့် ကိုယ်ကို သိပ်မကြည့် မိဘူး

နောက်တော့  ကိုယ့် ကိုယ်ကို အရင်ကြည့်  ပြီးမှ အပြင်ကိုလှမ်းကြည့် မိလာတယ်
အဲ့ ဒါ ကောင်းဖို့ လား မကောင်းဖို့ လား တွက်ဆတုန်းပဲ အစွန်းထွက်မသွားအောင်တော့ နဲနဲထိမ်းယူရတယ်

နောက်တစ်ခုက ဟန်လုပ်ပြုံးရတာတွေ ပျင်းလာပြီ...

ကျန်နေတဲ့ သက်တမ်းတွေမှာ ကိုယ့်  မူရင်းစိတ်နဲ့ ပဲ နေချင်လာတော့ တယ် ( ဘေးဖြစ်မဖြစ်တော့ နဲနဲချိန်ရသေးတာပေါ့ လေ)

မူရင်းစိတ်နဲ့ အချိန်များများ နေနိုင်အောင်တော့  အချိန်ပေးပြီး ကိုယ်နေချင်တဲ့ စတိုင် ကိုယ့် ဟာကိုယ်ရွေးခြယ်ပြီး ဘ၀ကိုတည်ဆောက် လုပ်ယူခဲ့ ရတာတော့ ရှိတယ်..

တစ်ချို့  ကိုယ်လိုချင်ပေမယ့်  ဒီ့ ထက်လိုချင်တာတွေအတွက်ဘ၀အတွက်မရှိလည်းဖြစ်တယ် အရေးမကြီးလို့ ထင်တာတွေကို စွန့် ခဲ့ ရတဲ့ အခြေအနေတော့ ရှိတယ် ...စွန့် ဖို့ စိတ်ကူးထားတာတွေကို

တကယ်စွန့် နိုင်မစွန့် နိုင်တော့ အပြန်ပြန်အလှန်လှန် တွေးတောရတာတွေလည်းရှိတယ်
မူရင်းစိတ်နဲ့ နေရချိန်တွေမှာ ရလိုက်တဲ့ စိတ်လွတ်လပ်မှု့ ကတော့  အတော်အရသာရှိတဲ့ စိတ်ကျေနပ်မှု့ တွေရတယ်

လာရာလမ်းကို ပြန်ကြည့် လိုက်ရင် အတွေးတွေ ဆင်ခြင်မှု့ တွေ ဦးဆောင်ပြီး ကိုယ်လိုချင်တဲ့ ဘ၀ကိုတစ်ဖြည်းဖြည်း ပုံဖေါ်လာခဲ့ တာများတယ်လို့ တွေ့ ရတယ်..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..