-------------------------
ဒဿနပညာတွေ အထူးသဖြင့် အရှေ့ တိုင်း ဒဿနပညာတွေထက် အနောက်တိုင်း ဂရိ ရောမခေါမခေတ်က စပြီးဆင်းသက်လာခဲ့ တဲ့  ဒဿနပညာတွေ တည်ဆောက်လာပုံတွေရဲ့ ယေဘူယျလက္ခဏာကိုကြည့် ရင် ဒဿနဆရာ တစ်ယောက်ဟာ သူတည်ဆောက်ပြလိုတဲ့  အဆိုတစ်ခုကို တည်ဆောက်တဲ့ နေရာမှာရှေ့ က သူ့ အရင်တည်ဆောက်ပြီးသား ဒဿနဆရာ တစ်ယောက်ယောက်ရဲ့ အဆိုတစ်ခုရဲ့  ဟာကွက် အားနဲချက် ထောက်ကွက်တွေကို ရှာပြတယ် ချေဖျက်ပြတယ်တစ်ပြိုင်နက်မှာပဲ (သို့ ) ပြီးရင် သူ့ ဒဿနသစ်တစ်ခုကို ခိုင်မာအောင် ဟာကွက်မရှိအောင် တည်ဆောက်ပြလိုက်တယ်...
ခေတ်ပြိုင်တိုင်းမှာ ဥာဏ်ကြီးရှင်တွေ ရှိနေကြလို့  သူ့ ခေတ်လူတွေ ခေတ်အလိုက်ပေါ်ထွန်းခဲ့ တဲ့ ပညာရှင်တွေအများစုက လက်ခံထားလိုက်ပြီး သမိုင်းတွင်ကျန်ခဲ့ တဲ့ ဒဿနပညာရှင်တစ်ယောက် ဖြစ်လာဖို့ ဆိုတာ အင်မတန်ခက်ခဲတယ် ၊ အမျိုးစုံ စောဒကတက်တာတွေ ဝေဖန်တာတွေကို ပြန်ပြီးရှင်းရတာ ဆွေးနွေးခဲ့ ရတာတွေ လုပ်ခဲ့ ရတယ် ကိုယ့် စာအုပ်တိုက် ကိုယ်ထောင် ကိုယ်ရေးချင်ရာရေးတာကို လက်ခံပေးတဲ့  လူ့ အဖွဲ့ အစည်းမျိုးမှာ ဒဿနတစ်ခုကို တည်ဆောက်ရတာမျိုး မဟုတ်ခဲ့ ဘူး...အဲ့ ဒီလို ရှေ့ အဆိုကို လက်ခံနိုင်လောက်အောင် ခြေဖျက် ကိုယ့် အဆိုကိုတည်ဆောက်ခဲ့  ကိုယ့် အဆိုကို နောက်က ပေါ်ထွန်းလာတဲ့ ဒဿနဆရာက ပြန်ခြေဖျက် သူ့ ဒဿနသစ်ကို ထူထောင်...ဒီလိုနဲ့ ဒဿနလမ်းကြောင်းရှည်ကြီးဖြစ်လာတယ်...ရမ်းသရူးတွေမဟုတ်ကြဘူးပေါ့ ..
အဲ့ အနောက်က ဒဿနဆရာ အများစုဟာ ကင်ပွန်းတတ်တာသာ ဒဿနဆရာလို့ အတပ်ခံရတာ အများစုက သင်္ချာလို သင်္ချာသစ်လို ပညာရပ်တွေ သိပ္ပံ ဆိုင်ရာတွေသဘောတရားတွေပညာတွေ နိုင်ငံရေးဒဿနပညာတွေ နက္ခတ္တသိပ္ပံပညာသဘောပညာရပ်တွေ ဘာသာဗေဒ သရုပ်ခွဲပညာရပ်တွေ စိတ်ပညာတွေ မနုဿဗေဒဆိုင်ရာ ဒဿနပညာတွေ ဆေးဘက်ဆိုင်ရာသမားတော်တွေ စသဖြင့်  ပညာရပ် နယ်ပယ်အသီးသီးတွေမှာလည်း နှံ့ စပ်သူတွေ ကျွမ်းကျင်သူတွေ ဖြစ်နေကြသေးတယ်......
တွေးခေါ်မှု့ သဘောအားကြီးတဲ့ ဒဿနပညာဖြစ်စေ တွေးခေါ်မှု့ ကို လက်တွေ့ သဘောပါပေါင်းစပ်ထားတဲ့ သိပ္ပံဒဿနပညာသဘောဖြစ်စေ အဆိုတစ်ခုခု ပြုတိုင်း အဆိုတစ်ခုခုကိုခြေဖျက်တိုင်း စနစ်တကျ ရှိတယ် ပညာဦးစီးတဲ့ သဘောပါနေတယ် ဆိုတာကတော့  မြင်သာထင်သာရှိနေတယ်...အဆိုတစ်ခုကို လမ်းတစ်ခုကို ကိုယ်မကြိုက်တာနဲ့ ကိုယ်သဘောမကျတာနဲ့  လွယ်လွယ်လေး ဝေဖန်လိုက်ပြီး ဒီအဆိုကို မကြိုက်ရင် ဘယ်အဆိုက ကောင်းသလဲ ဒီလမ်းကို မကြိုက်ရင် ဘယ်လမ်းကို ရွေးသင့် လဲတွေ ဆက်မလာတာမျိုး မဟုတ်ကြသလို နောက်အဆိုတစ်ခု နောက်လမ်းတစ်ခုကို ချပြတဲ့ အခါမှာလဲ သက်သေတွေပြတယ် ဘယ်လောက်ခိုင်မာကြောင်း ယုတ္တိရှိကြောင်း ဖြစ်နိုင်ခြေက ဘယ်လောက်များကြောင်းတွေနဲ့  တည်ဆောက်ပြတယ် သူများအဆိုကို ဝေဖန်ယုံလေးနဲ့ တာဝန်ကျေပြီ ဆိုပြီး ရပ်နေကြတာမဟုတ်ဖူး အဲ့ လိုရပ်နေလည်း ဘယ်ပညာရှင် ဘယ်ဥာဏ်ကြီးရှင်တွေကမှ အလေးထားနေကြမှာမဟုတ်ဖူး သဘောပေါ့ ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..