Powered By Blogger

Thursday, July 23, 2015

ရိုးရာဓလေ့  နဲ့  မိဘရှိစဉ် /မရှိတော့ တဲ့ အခါ..


ရိုးရာဓလေ့  နဲ့  မိဘရှိစဉ် /မရှိတော့ တဲ့ အခါ..
----------
အိမ်တွင်းစင်က မိဘလက်ထက်ကတည်းက ရှိတာဆိုပါတော့  မိဘထက် မအေ့ ကိစ္စပေါ့  ဖအေက သူ့ မိန်းမကို အသည်းပေါက်အောင် ချစ်တတ်သူကြီးဆိုတော့  အဲ့ ကိစ္စ ဘာမှ မပြောပါဘူး ပြီးတော့  အိမ်တွင်းစင်ရဲ့ အလုပ်ကိစ္စက တစ်ခြားနတ်ကိစ္စတွေလို အိမ်ရှေ့ လာပြီး မဏ္ဍတ်တွေထိုး ဆိုင်းနဲ့ ဝိုင်းနဲ့ တစ်ခြိမ်းခြိမ်း အရက်ပုလင်းတွေ တမော့ မော့  ဆိုတာမျိုးတွေလိုနဲ့  ပိုက်ဆံတွေအများကြီး ကုန်တာမျိုး မဟုတ်တော့  မိန်းမ စိတ်ချမ်းသာပြီးရော သဘောနေမှာပေါ့ ...ဦးရှင်ကြီးတင်တာလဲ ဒီလိုပဲ တစ်နှစ်လုံးမှာ ၂ ခါလားအိမ်ရှေ့ လာရပ်ပြီး ရေငံငယ်တစ်ရိုး ပိုင်စံငယ်စိုးပါတဲ့ ဆိုပြီး လာလုပ်သွားတာဆိုတော့  ဒါလဲ ရေးကြီးခွင်ကျယ်တွေ လုပ်မနေတော့ တဲ့ သဘောရှိတယ်...ပြီးတော့ ဦးရှင်ကြီးတင်ရင် ပါလာတတ်တဲ့  မုန့် ဆန်းသာ အပီ ထိုင်တီးတာမျိုးလေ.....ငိငိ..



ပထမပိုင်းတော့  အိမ်မှာ ၀က်သားချက်တယ်ဗျ...အမဲသားနှပ်လည်း မဆလာနိုင်နိုင်နဲ့ ချက်တာပဲ အမေက လက်ရာက အရမ်းဂွတ်တော့  သူချက်တဲ့ အမဲသား ၀က်သားစားပြီးရင် အပြင်က သမားရိုးကျ ဆိုင်တွေတောင် သူ့ လက်ရာလောက် ခံတွင်းမလိုက်တတ်ဘူး..ဒါနဲ့ နောက်တော့  အိမ်မှာ ၀က်သားသိပ်မချက်တော့ ဘူး အမဲသားနှပ်ကတော့  ချက်ကျွေးဆဲပဲ...အကြောင်းပြချက်က အဖေက အသက်ရလာ ၀လာ သွေးတိုးတွေ ဆီးချိုတွေဘာတွေ ရှိလာလို့ လိုလိုပေါ့  ဒါနဲ့ ဟိုလို
လို ဒီလိုလိုနဲ့  အိမ်မှာ ၀က်သား မစားသလိုလို ဘာလိုလို ဖြစ်လာတယ်...နတ်ကြောင့် လိုလို လူကြောင့် လိုလို ရောသုတ်လေးလိုလို....အဲ့ တုန်းကတွေးဘူးတယ် အိမ်တွင်းနတ်ရှိတာ နဲ့  ၀က်သားမစားတာနဲ့  ဘာမှ မဆိုင်ဘူးထင်တယ်တွေဘာတွေ..ခ်ခ်

အိမ်မှာသာ မစားတာ အပြင်မှာတော့  တုတ်ထိုးဆို ခေါင်းမဖော်တန်း ၀ါးတီးဖွင့် ကြတာပါပဲ နောက်တော့ အိမ်က မိမော်မေမထဲက တစ်ယောက်က သူတကာထက် ကြောက်တတ်တာလား မအေချစ်လားတော့ မသိဘူး..အပြင်မှာပါ မစားသလိုလို ဘာလိုလိုပေါ့ ..သူမစား သူငတ်ပေါ့ လေ ...ငိငိ.၊ နောက်တော့  မိဘတွေ အချိန်တန် ကံကုန်ပြီး လစ်သွားကြရောဆိုပါတော့ ...အဲ ..သူတို့ လည်း မရှိရော မောင်နှမတွေချည်းပဲဖြစ်လာတော့  အိမ်ပေါ်ကို ၀က်သားတုတ်ထိုးတွေ ဟိုလူက ရူးချင်ယောင်ဆောင်ပြီး သယ်လာ ဒီလူက မသိသလိုလို ဘာလိုလိုနဲ့  ယူလာနဲ့  နောက်တော့ အိမ်က အိုးသူကြီး နေရာ ရသွားတဲ့ မိမော်မေမက ထူးဘူးဆိုပြီး အပီချက်တော့ တာပါပဲဗျာ...အဟီးး အိုးသဂျီး မိမော်မေမ ကိုယ်တိုင်က ၀က်သားကြိုက်သူများအဖွဲ့ ကလိုဖြစ်နေတာကိုး...အမယ် ခုတော့ ဟော့ ပေါ့ တောင် ၀ိုင်းဖွဲ့ ပြီး လုပ်စားလိုက်ကြသေးဗျာ့ ...ခ်ခ်..

အဲ့ မှာပေါ့  ပထမတော့ အိမ်တွင်းစင်နား မစားရင်ပြီးတာပဲလို့ ဆိုပြီး ခပ်ဝေးဝေး မမြင်ကွယ်ရာမှာ  ၀က်သားဟင်းတွေ တုတ်ထိုးတွေ စားကြတာ..အခုတော့  အဲ့ အိမ်တွင်းစင် အောက်နားတောင် တုတ်ထိုး ထိုင်စားချင် စားပစ်လိုက်ကြတဲ့  အခြေအနေတွေ ရောက်ကုန်ပြီ...ဓလေ့ ချိန်သာ ဓလေ့ လိုက်တာ ကျန်တဲ့  အချိန်တွေတော့  အိမ်ထဲ အိမ်တွင်းစင်ရှိတယ်ဆိုတာတောင် သတိမထားမိတော့ ဘူး နဂိုကကို အဲ့ အိမ်တွင်းနတ်ကို မကြောက်တတ်ရတာနဲ့  အဲ့ အိမ်တွင်းနတ် ဓလေ့ မူရင်းရှင် အမေမရှိတော့  ပိုမခန့် သလိုတွေ ဖြစ်ကုန်ပုံရတယ်ပေါ့ .. ကိုယ့် အိမ်က အိမ်တွင်းနတ်လည်း ငါ့ ကို ယပ်ခတ်မယ့် သူလဲ မရှိတော့ ဝူး ဘောင်တော်ကြားထဲ ပိုက်ဆံလာညှပ် ကန်တော့ ထိုးထားမယ့် သူလည်း မရှိတော့ ဝူး...ကရင်ဆော်ဒါတွေ ဖရူတိုတွေ ဗင်တိုတွေ ဆက်မယ့် သူလည်းမရှိတော့ ဝူး...အင်းးးး...ဒီအိမ်ထဲ နေခွင့် ဆက်ရနေသေးတာတောင်  တော်ပါသေးရဲ့ လေ ...လို့ ထင်နေမလားမသိလို့ ..ဟီးး.ခ်ခ်

မိဘရှိစဉ်သဘောနဲ့  မရှိတော့ တဲ့ အခါ သဘောလေးတွေပေါ့ လေ...၀ါဝင်ဝါထွက် ရိုးရာတင်တာ အိမ်တွင်းအုန်းအသစ်လဲတာ ဦးရှင်ကြီးတင်တာတွေတော့  ရိုးရာမပျက်တော့ လုပ်ဆဲပဲ...မအေ့ လို အယူသဘော သိပ်အလေးအပင်မရှိကြပဲ မအေ လုပ်ခဲ့ တဲ့  ဓလေ့ ကို မအေ့ ကို သတိရတဲ့ အနေနဲ့  လုပ်ကြတာဘက်ကိုတော့ ပိုအလေးသာကြတယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..