တူးအင်ဝမ်း ယတြာသဘော
-----
အတွေ့ အကြုံတွေအရပေါ့  ယတြာတွေ မျိုးစုံလုပ်ပါတယ် အများအားဖြင့်  ပစ်မှတ်တစ်ခုခုပေါ့  အလုပ်ရချင်လို့  ငွေလိုချင်လို့  ဘာညာ သဘောတွေပေါ့ ...
အဲ့ မှာ အဲ့ ဒီ့  လိုချင်တာတွေ အတော်များများဟာ အဲ့ ဒီ့  လိုချင်တဲ့  လူ ရဲ့  ကံ အပေါ်မှာ မှီပြီး ရလွယ်ခြင်း မရလွယ်ခြင်းသဘောတွေက ရှိလာတာ နဲနဲလေးတွေးပေးလိုက်တာနဲ့  တွေ့ နိုင်တယ်...
သဘောက တစ်ခုခု ရဖို့ က အဲ့ ရရမယ့်  လူ့  ကံ အပေါ်မှာ တည်နေတယ်ပေါ့  ဒီတော့  ယတြာ သဘောတွေကို ထိရောက်အောင် တွေးတောပေးတဲ့ အခါမှာ လိုချင်တဲ့  လူရဲ့ ကံ ကို ပါ ထည့် တွေး စဉ်းစားပြီး လိုတဲ့ ယတြာတွေ တွေးပေးမှ အလုပ်ဖြစ်လွယ်တယ်ပေါ့ .....
ဒီတော့ ယတြာပေးရင် ၂ မျိုးတွဲပေးရတော့ တဲ့ သဘောဖြစ်လာတယ် ဥပမာ ငွေလိုချင်သူ အတွက်ဆို ငွေရလွယ်ယတြာမျိုးတင်မကတော့ ပဲ အဲ့ ငွေလိုချင်သူရဲ့  ကံလေးကို ပိုကောင်းသွားအောင် ယတြာပေးလိုက်ရတဲ့ သဘောပေါ့ 
ဆိုပါတော့  ကြာသာပတေး တနင်္ဂနွေ ဟူး ..စသဖြင် ၇နေ့ သားသမီးတွေ က ငွေလိုချင်တယ်ဆို....၁။ ကိုယ့် မွေးနေ့ မှာ ကိုယ့် အညွန့် ကိုယ် တစ်ပတ်တစ်ခါ မှန်မှန် ဘုရားလှုပါက လူ့ ကံ အတွက် ....
၂။...ငွေ ၀င်ယတြာက တနင်္လာနေ့ တိုင်း မနက် ၉နာရီကနေ ၁၀နာရီခွဲကြားမှာ လဘက်သုတ်တစ်ပွဲဘုရားကပ် ငွေဝင်ပါစေဆုတောင်းတာ ထန်းလျက်လှု နို့ ကပ်လှု ဆုတောင်းတာ ပိုက်ဆံတစ်ရွက်ပေါ် ပန်းကန်ပြားတင် အဲ့ အပေါ်ကဖယောင်းတိုင်ထွန်းတာ ငွေရဂါထာတစ်ခုခု န၀င်းခေါက်ရွတ်လိုက်တာ ..စသဖြင့် ပေါ့  အဲ့ လို တွဲစပ်လိုက်ရင် ငွေဝင်ဖို့ ယတြာတစ်မျိုးထဲ လုပ်နေတာထက် ပို အလုပ်ဖြစ်တယ်ပေါ့ လေ....
ဒီသဘောက ဓမ္မသဘောလိုပေါ့  ဖြစ်ပျက်နေသမျှ မူလ အကြောင်းခံက ကိုယ့် ကံ ရဲ့ သဘောကြောင့်  ကြုံတွေဖြစ်ပျက်နေရတာဖြစ်လို့ သဘောပေါ့  လူကောင်းနဲ့ တွေ့ ရတာကလည်း ကိုယ့် ကံ သတ္တိက တွေ့ ပေးချိန်ရောက်ရင် တွေ့ ပေးတာ လူဆိုးနဲ့ ကြုံရတာကလည်း ကိုယ့် ကံကိုက အဲ့ လိုတွေ့ ရမယ့်  သဘောပေါ့ 
.အင်္ဂုလိမာလလိုပေါ့  ကံ အခွင့် အလန်း မကောင်းနေချိန်မှာ ဆရာဆိုးနဲ့ ကြုံ လမ်းမှားရောက်သွားနေသဘောပေါ့  ကံကောင်းချိန်ရောက်သွားတော့ 
ဆရာကောင်းဆိုတဲ့  ဘုရားနဲ့ ဆုံတွေ့ သဘောပေါ့  ဒီတော့  ကိစ္စ အတော်များများမှာ ကိုယ့် ကံကိုယ် အရင် ကွန်ထရိုး လုပ်ယူလိုက်ရင် ကိုယ်လိုချင်တာတွေ ရလွယ်တယ်ပေါ့ လေ..
နောက်တစ်ချက်က ယတြာတွေကို ရည်ရွယ်ချက်မျိုးစုံနဲ့  လုပ်ကြတဲ့ အခါ တစ်ချို့ ကိစ္စတွေမှာ ယတြာတွေကူရတဲ့ သဘောကို လောဂျစ်နည်းနဲ့ တွေးပေးရရင် တစ်ချို့ ကိစ္စတွေမှာ...ယတြာကူရတဲ့ သဘောက ရလာဒ်တွေ အဖြေတွေကို မသေခြာလို့ သဘောကြောင့်  ကူရတာမျိုးလဲ ရှိနိုင်တယ် သဘောက ကြိမ်းသေပေါက်လို့ သာ အဖြေရရင် အဲ့ ကြိမ်းသေပေါက် ကိစ္စအတွက် ဘာယတြာမှ မလိုဘူး သဘောပေါ့ ...
..ဆိုပါတော့  လူဆိုတာ တစ်နေ့ နေ့ သေမှာ သေခြာနေလို့ လက်ခံထားပြီးသားဖြစ်လို့  သေဖို့ အတွက် တကူးတက ယတြာခြေ နေစရာမလိုဘူးသဘောပေါ့ 
( သေခြင်လို့  ယတြာခြေတဲ့ လူလို့ လည်း မကြားဘူးသေးဘူး...ငိငိ) ဘယ်လောက် အသက်ရှင်ခွင့်  ရမလဲဆိုတာသာ သေခြာ မပြောနိုင်လို့  အသက်ရှည်ရေး ယတြာတွေ နည်းတွေ နေနည်း ထိုင်နည်းတွေ တစ်ပုံကြီးထွက်နေတာမျိုးပေါ့ ...( အကြောင်းမယ်မယ်ရရ မရှိလဲ....စိတ်အာဟာရသဘော ယတြာတွေ ခြေနေတတ်တာမျိုးကိုတော့  ဘာမှ ဆိုစရာ မရှိပါဗျား...အဟီးး)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..