Powered By Blogger

Thursday, February 12, 2015

''သော့ '''










သော့ 
-------
အိမ့် ပြင်ပသူခိုးအတွက်တော့  အတိုင်းအတာတစ်ခုအထိတော့ ကာကွယ်ပေးနိုင်ပါတယ်..

အိမ်တွင်း သူခိုးရှိနေရင်တော့  သိပ်အသုံးမတည့် လှ...

ဘယ်ပစ္စည်း ဘယ်နေရာချထားထား မပျောက်မရှဟု စိတ်မချရပါလေ....
----------
ငယ်ငယ်တုံးကပေါ့ ...နောက်ဖေး လမ်းကြားပဲခြားတဲ့  တစ်ဖက်မှာလည်း တိုက်ကြီးတွေ ရှိပါတယ်..၃ထပ်တိုက်က အမြင့် ဆုံးဖြစ်နေတဲ့ အချိန်ပါ။ ကိုယ့် အခန်းနဲ့ မျက်စောင်း ထိုးမှာ သုံးထပ် တိုက်ကြီး တစ်ခုလုံးကို တစ်မိသားစုထဲနေတဲ့  ဘောစိတွေရှိပါတယ်

အဲ့ အိမ်မှာ အိမ်အကူတွေပါရှိပြီး သားတွေလည်းရှိပါတယ်..သားတစ်ယောက်က သိပ်ဆိုးပါတယ်..အဆိုးရဲ့ ဂိတ်ဆုံး N0 4 တက်ထိုးနေတဲ့ အထိဆိုးပါတယ် ၊ အဲ့ သား ဆေးဂျွိင်းပြီး တုတ်သမားဖြစ်နေတာ တစ်မြို့ နယ်လုံး သိနေပြီဆိုပါတော့ ၊ ဒါပေမယ့်  မိဘတွေဘောစိ တွေဖြစ်တာရယ် ပေါက်ရောက်တာရယ်ကြောင့် စီမံချက်ရှိရင်တောင် အမြဲလွတ်နေလေ့ရှိပါတယ် ။ အိမ်က ပစ္စည်းတွေသမလွန်းလို့  အဲ့ အိမ်မှာ အမြဲပူညံပွက်လောရိုက်နေတတ်တာ အောက်ဖက် ခပ်လှမ်းလှမ်းကိုယ့် အခန်းကပါ ကြားနေရလေ့ရှိပါတယ်...


တစ်နေ့ နေ့လည်မှာတော့  နောက်ဖေးလမ်းကြားထဲကို အပေါ်ထပ်က နေ လေးလံတဲ့ အရာတစ်ခုခု ပစ်ချသံ ''ဘုံး'' '' ဘုံး'' ''ဘုံး..'' နဲ့  အသံအုပ်အုပ်မတိုးမကျယ်တွေကြားလိုက်ရလို့  ဘာတိုက်က ဘယ်တွေပစ်ချတာလဲမသိ ဆိုပြီး ကိုယ့် အခန်း နောက်ဖေးတစ်ခါးပေါက်က အသာလေးထွက်ချောင်းတဲ့ အခါ..

သတင်းစာလို စက္ကူထုတ်ကြီး ၂ ထုပ်နဲ့ ပလတ်စတစ်နဲ့ ထုတ်ထားတဲ့  အထုတ်ကြီးတစ်ထုတ်ဖြစ်နေပြီး အောက်မှာ စောင့် နေတာက ဆွပ်ပရား နှစ်ယောက်ပါ...တိုက်ခေါင်းမိုးကနေ ခေါင်းလေးပြူထွက်ငုံ့ ကြည့် ပြီး ပစ္စည်းတွေပစ်ချပေးနေတာက တုတ်သမားပေါ့ လေ..

သူတို့ တိုက်ကြီးရဲ့  မူလ လမ်းမကြီးဘက်ကြည့် ရင် သူတို့ အိမ်တံခါးကို သံပြားတွေ ခပ်စိစိကာ သောခတ်ထားတတ်ပုံက တရုပ်နီသံရုံး သံတံခါးမကြီးတွေအလား အထဲကို ခြေဖျားထောက်ကြည့် တောင် လွယ်လွယ်နဲ့ မမြင်ရလောက်အောင် လုံခြုံလှပါတယ်..ဒါပေမယ့်  အိမ်တွင်းက တစ်ယောက်ယောက်က အိမ်ထဲက ပစ္စည်းတွေကို ကဲ့ ထုတ်ဖို့  ပြင်ပ လက်ခံတွေကို အလိုတူ အလိုပါ ဖြစ်သွားတဲ့ အခါ.....

လောကထဲ ကျင်လည်ရတယ်ဆိုတာ တစ်ခါတစ်ရံ စိတ်ခံစားမှု့ ထက် အတွေ့ အကြုံတွေ စုဆောင်း သမိုင်းစဉ်တွေ လေ့ လာပြီး စဉ်းစား တွေးခေါ်ပေးလိုက်တဲ့ အခါ ဘယ်ကိစ္စရဲ့ ဇစ်မြစ်ဟာ ဘယ် အကြောင်းခံကဖြစ်ကြောင်း...၊

မီးဆိုတာ မီးဖြစ်လာစေဖို့  အခြေခံအဖြစ်  မီးစာလိုပါလိမ့် မယ်...ပင်မ မီးစာ မရှင်းမချင်း မီးကို ဘယ်လောက် သတ်ထားထား မီး ပြန်ပြန်ဖြစ်လာဖို့  အကြောင်းခံရှိနေမှာပါပဲ.။ မီးကိုဖြစ်နေစေချင်ရင်လည်း မီးဖြစ်နေဖို့  မီးစာလိုနေပါလိမ့် ဦးမယ် ..ဒါဟာ ရိုးစင်းတဲ့ အတွေးလေးပါပဲ...နဲနဲလေးပဲ တွေးကြည့် ရတာပါ.

များများ တွေးလိုက်ရင် နိုင်ငံတစ်ခု ဖြစ်တည်လာခြင်း နိုင်ငံတစ်ခု ပျက်သုန်းသွားခြင်းတွေအထိ ကျယ်ကျယ်ပြန့် ပြန့် တွေ တွေးလို့ ရလာနိုင်ပါလိမ့် မယ် .။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..