နေ့ သားတွေရဲ့ စိတ်နေစိတ်ထားတဲ့ ..
------------
နေ့ သားတွေရဲ့ စိတ်နေစိတ်ထားတဲ့ ....မေးတာတိုသလောက် ကျယ်တာမှလွှတ်ကျယ်။
ဒီလိုဗျာ.A သွေးဆိုဘယ်လို B သွေးဆိုဘယ်လိုလို့ စိတ်နေစိတ်ထားတွေကို ဗေဒင်ဟောပြနေတာ အွန်လိုင်းက လူတွေ မဖတ်ဖူးတဲ့ သူ မရှိသလောက်ပါနော် ။ အဲ့ ထဲမှာ သွေးအမျိုးအစားအကုန်လုံး အသေးစိတ် တစ်ကြောင်းချင်း တစ်ပါဒချင်း လိုက်ဖတ်ကြည့် တဲ့ လူ ထက် ကိုယ့် သွေး အမျိုးအစားကိုသာ အသေအခြာဖတ်ကြည့် တဲ့ လူက ပိုများမယ်လို့ ထင်ပါတယ် ကျန်တဲ့ သွေးအုပ်စု အဟောတွေကိုတော့ အပေါ်ယံဖတ် ၊ဖတ်ပြီးမေ့ ပေါ့ ။
အဲ့ သွေးအမျိုးအစားတွေအကုန်လုံးကို အသေအခြာလိုက်ဖတ်ရင် တကယ်တော့  အခြေခံစိတ်တွေက သိပ်မကွဲလှပါဘူးနဲနဲပါးပါးလေးသာကွဲတာပါ ၊ အဲ့ တာ ဘာကြောင့် လဲဆိုရင် လူ့ ဗီဇလက္ခဏာတွေဟာ မျိုးနွယ်ဗီဇ အခြေခံဗီဇအရ အတူတူတွေချည်းပဲဖြစ်နေလို့ ပါပဲ..ဥပမာ ခွေး ဗီဇတစ်ခုမှာ ခွေးတွေအုပ်စုလိုက် အူရင် အိမ်ထဲက ဘောစိခွေးတောင် မနေနိုင်တော့ ပဲ ရောပြီးလိုက်အူမိတော့ တဲ့ သဘောမျိုးပေါ့ ။.
ဆိုလိုတာက လူမျိုးနွယ်ဆိုရင် လူ့ ဗီဇအခြေခံသဘောတွေဟာ အတူတူချည်းပါပဲလို့ ပါ၊ ဒီတော့  သာမန် အချိန်မှာ လူတွေရဲ့ စိတ်တွေဟာ အတူတူချည်းလိုဖြစ်ပြီး ထူးခြား အခြေအနေတစ်ခု ကြုံလိုက်ရတော့ မှသာ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ စိတ်တွေ ကွဲထွက်လာတာမြင်ရမှာပါ၊ အဲ့ ဒီ့ အကွဲတွေဟာ ကြက်မှာ အရိုး လူမှာအမျိုးဆိုတဲ့  သူ့ မိဘမျိုးရိုး၊ မတူညီတဲ့ လူမျိုးစု၊ ကိုးကွယ်တဲ့ အယူဝါဒရဲ့ လွှမ်းမိုးခံရမှု့  ၊ မွေးရာ ကြီးပြင်းရာဒေသ အကွဲတွေ ခေတ်ကပေးတဲ့ ပညာတွေရမရ၊ သူ့ ရဲ့ အသက်မွေးဝမ်းကျောင်းတွေ သဘော၊ စသဖြင့် အချက်အလေ မတူညီမှု့ တွေပေါ်မှာ လိုက်ပြီး စိတ်ထားတွေထပ်ကွဲသွားပါလိမ့် မယ်..။
မဟာဘုတ်လိုင်းကနေ ၇ နေ့ သားသမီးတွေရဲ့ စိတ်နေစိတ်ထားကို ပြောပြဖို့ ဆိုတာတောင် တကယ် အသေးစိတ်ရင် ချိန်ရတဲ့  အချက်အလက်တွေအရမ်းများလို့  သိပ်ယေဘူယျဆန်ပါလိမ့် မယ်။
ဆိုပါတော့  တနင်္ဂနွေနေ့ ဖွားတင် အမျိုးသားနဲ့  အမျိုးသမီး ဆိုပြီး လိင်မတူ ၂ မျိုးကွဲထွက်လာပြီ၊ နေ့ သားတူပေမယ့်  လိင်ကွဲလို့  စိတ်နေစိတ်ထားဟာ ဖိုဟောမုန်း မဟောမုန်းဓါတ်တွေကြောင့်  ကွဲနေပါပြီ၊
မဟာဘုတ်အဖွားအရကြည့် ရ မူလမဟာဘုတ် ၇ မျိုးရှိပြီး တစ်မျိုးနဲ့ တစ်မျိုး မတူလို့  တနင်္ဂနွေ နေ့ဖွား အဖွား၇ယောက်ရဲ့ စိတ်နေစိတ်ထား ကွဲထွက်သွားပါတယ်။ ဖိုနဲ့ မနဲ့  တွဲလိုက်ရင် စိတ်နေစိတ်ထား အတော် ကွဲသွားတဲ့  တနင်္ဂနွေသားသမီး ၁၄ မျိုး ကွဲထွက်လာပါမယ်။
မွေးချိန်မဟာဘုတ် ၇ မျိုး နဲ့ ထပ်ပေါင်းလိုက်ရင် အသေးစိတ်တွေမှာ ကပ်ကပ်ပြီးကွဲသွားတဲ့  စိတ်နေ စိတ်ထား မတူညီတဲ့  တနင်္ဂနွေ သားသမီးတွေ အများကြီး တန်းစီပြီးထပ် ထွက်လာ ပါဦးမယ်..
နောက်ဆုံးတော့  ဘုရားဟောတဲ့ သတ္တ၀ါတစ်ခု ကံတစ်ခု ဘောင်ထဲ ရောက်သွားပါတော့ တယ်ဗျာ..
ဒီတော့  ကျနော်က တနင်္ဂနွေသားသမီးတွေဟာ ဒီလိုအကျင့် တွေ ရှိပါတယ်လို့ ရေးလိုက်ရင် သိပ်ကို ယေဘူယျဆန်နိုင်ပြီး အပျင်းပြေဖတ်တဲ့  ဖျော်ဖြေရေး ဗေဒင်ဖြစ်သွားလိမ့် မယ်လို့  ကျနော့်စိတ်က ဖီလင်ဝင်နေပါတယ် ဒါကြောင့်  ကျနော်က အပျင်းပြေဖတ် ဖျော်ဖြေရေးဆန်တဲ့ ဗေဒင်ပုံစံမျိုးတွေ မရေးတာပါပဲဗျာ..
စာအုပ်ထုတ်ရောင်းစားဖို့ တို့  သယ်ဟိုးလ်ဘားမား လွန်ကျော်ကြားဗေဒင်ဆရာကြီးဖြစ်လာဖို့ တို့ ကိုလည်း အာရုံမလာပါဘူး ..အဲ့ ဒါကြောင့် အေးဆေးလေး ကုတ်ချောင်းချောင်းလေးပဲနေပါတယ် ။ ဗေဒင်နဲ့ လုပ်မစားတော့ မယ့် နေ့ ကိုချောင်းနေရင်းပေါ့ ...။
ဆိုပါတော့ မဟာဘုတ်ဘာအဖွားလဲဆိုတာနဲ့ တင် နေ့ တူ ၂ယောက်ဟာ သိပ်ကွဲသွားပါတယ်...ဥပမာ စနေ အဓိပတိဖွား နဲ့  စနေမရဏဖွားဟာ ကာရိုက်တာပိုင်း မှာ အတော်ကွဲပါတယ်။ စနေအဓိပတိဖွားက ပုံမှန်မှာ စကားတုံးတိဆန်မယ် သူ့ စိတ်ကပေါ်လာတာကို ဒဲ့ ပြောမယ်၊ သိပ်နွဲ့ နေလေ့မရှိဘူးပေါ့ ..ဒါဟာ ကျားရောမမှာပါ မြင်သာလွယ်မယ်ပေါ့ ။ စနေမရဏဖွားကတော့  စကားကိုပုံမှန်ပြောတယ် တုံးတိတော့ မဆန် စပ်စုချင်တဲ့ လေသံ သိလိုစိတ်များတဲ့ လေသံသာများသလို ရိုးရင် အတော်ရိုး လျင်ရင် အတော်လျင်တာက သိသာနေမယ်ပေါ့ အဲင်္ဒီလိုကို စကွဲလာပါတယ်...ပုတိစနေလည်းကြရော သူပြောချင်တာ ပြောပြီးပြီးသွား သူများပြောတာ အာရုံစိုက်ချင် စိုက်မယ် မစိုက်ချင်မစိုက်ဘူး ဆိုတာ စနေပုတိတွေရဲ့ ထင်ရှားတဲ့ ကာရိုက်တာဖြစ်သွားပြန်ပါတယ်၊ ဒီတော့  ဒီ စနေအဓိပတိဖွား ၊ မရဏဖွား ၊ ပုတိဖွား သုံးယောက်မှာတင် ငွေကြေးကဏ္ဍနဲ့ ပတ်သက်လာရင် ပေသီး အခေါကိဆုံးက ပုတိဖွားဖြစ်နေတာ တွေ့ ပါလိမ့် မယ်...
အဲ့ ဒီလောက်တွေ အသေးလိုက်စိတ်တော့  ဘာ အကျိုးထူးရသလဲဆိုတော့  ဗေဒင်ဟောမစားတဲ့ သူတွေအတွက် ပျော်စရာ တစ်မျိုးသာဖြစ်ပြီး ဖတ်ပြီး ဖတ်ဖူးတယ်ထဲပဲ ၀င်သွားပါလိမ့် မယ်၊ ဟောစားတဲ့ သူတွေ အတွက်တော့  ဆရာလယ်ရင် လယ်သလောက် သုံးတတ်ပါလိမ့် မယ်။
ဒါပေမယ့်  ကျနေိာပိုစ်တစ်ခုမှာ ရေးခဲ့ သလိုပါပဲ'' လူတွေအများစု အကြောက်ဆုံးက ငယ်တုန်း နုတုန်းလောကဓံတွေကို ရုန်းကန်နိုင်ပေမယ့်  ရုပ်ခွန်အားလျော့ လာချိန် အသက်ကြီးလာရင် ဆင်းရဲ ငတ်ပြတ်ရင်း ဆေးဝါးတူတူတန်တန် အကုအသမခံနိုင်ပဲ မွဲတေပြီး သေသွားမှာကိုအကြောက်ဆုံး'''ပါ...
ဒီအတွက် '''သက်ရောက်တွေမှာ အမှားနဲဖို့ သာလိုပါတယ်''' ပေါ့ လေ..ဒါကြောင့်  ဖျော်ဖြေရေးဆန်လွန်းတဲ့  ဖတ်ပြီးမေ့ သွားမယ့်  ယုတ္တိကင်းလွန်းတဲ့  သဘာဝမကျလွန်းတဲ့  လက်တွေ့ သုံးစားမရတဲ့  ဖတ်ပြီး စာထဲကအတိုင်း လိုက်လုပ်လေ့ မရှိတဲ့  လောကီပညာတွေ ဗေဒင်စာမျိုးတွေထက် ဘ၀အတွက် တကယ့် အသုံးကျ ဗေဒင်မျိုးကိုသာ ကျနော်က တကယ့် အလုပ်ခွင် အတွေ့ အကြုံတွေကနေ ပြန် ရေးပြနေတာပါပဲဗျာ...။
နောက်တစ်ချက်က ဗေဒင်ဖတ်စာတွေမှာ ဖတ်နေရတဲ့  အဲ့ ဒီ့ စိတ်နေစိတ်ထား ဆိုတာတွေကို တကယ့် လက်တွေ့ ဗေဒင် အလုပ်ခွင်မှာ တစ်ခါမှ မဟောခဲ့ ရပါဘူးဗျား...လိုတိုရှင်း လာရင်းကိစ္စတွေနဲ့ တင်လုံးလည်ချပ်ပြားလိုက်လို့  လူမှု့  ပြဿနာတွေ အရှုပ်ထုတ်ပေါင်းစုံကို ရှင်းနေရတာပါပဲဗျား..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..