Powered By Blogger

Thursday, February 12, 2015

'' သံယောဇဉ်တွေ လွန်တဲ့ အခါ...''


'' သံယောဇဉ်တွေ လွန်တဲ့ အခါ...''
----
၉လလောက် မအေ ရဲ့ အဆုပ်ကင်ဆာ ရောဂါဒဏ် အောက်မှာ စိတ်ပမ်း လူနွမ်းနဲ့ တစ်မိသားစုလုံး အလူးအလဲ ခံလိုက်ရပြီးတဲ့ အခါမှာ အမေဟာ အဆုံးသတ်ကို ဆိုက် ရောက် သွားပါတော့ တယ်..အကောင်းဖက် ကလှည့် တွေးမယ်ဆိုရင်တော့  ရင်ခေါင်းတွင်းမှာပူလောင်ပြင်းထန်လှတဲ့ အပူနာ ဝေဒနာကနေ လွတ်မြောက်ခွင့် ရသွားပြီပေါ့ လေ...

နိဂုံးချုပ်ခါနီး ညဦးပိုင်း အလို ကတည်းက အခြေအနေတွေ ရိပ်မိနေတာနဲ့  သူငယ်ချင်းတွေ နီးစပ်ရာ အမျိုးတွေနဲ့ အိမ်မှာ လူစည်နေပါပြီ..ဒီတော့  သူငယ်ချင်း ဆရာဝန်က မျက်လုံးလေးပိတ် ငြိမ်ကျသွားတဲ့ မအေ့ ရဲ့ မျက်လွှာလေးကို လှန်ကြည့်  ဓါတ်မီးနဲ့ ထိုးသွေးစမ်းပြီးတဲ့ အခါ မရှိတော့ ဘူးလို့ အတည်ပြုလိုက်ပါပြီ..ဆရာဝန်ရဲ့ အတည်ပြုချက် ခေါင်းတစ်ချက် အဆတ်ကို နောက်ကနေ ၀ိုင်းအုံကြည့်  သတင်းစောင့် နေတဲ့  .မိသားစုဝင်တွေနဲ့ အမျိုးထဲက အမျိုးသမီးတွေရဲ့ ရှိုက်သံသဲ့ သဲ့ တွေ  တီးတိုးတမ်းတ ရေရွတ် လိုက်သံတွေဟာ စီကနဲကြားလိုက်ရပါပြီ....

ဒီတော့ နာရေးအတွက် ပြင်ကြဆင်ကြဖို့ လုပ်ရပြီပေါ့ လေ.၊ မိသားစုအတွင်း အနှစ်၃၀၀န်းကျင်အတွင်း ပထမဆုံးကြုံရတဲ့  တကယ့် သံယောဇဉ်ရဲ့ နာရေးဖြစ်လို့  အကောင်းဆုံးတွေ လုပ်ပေးလိုက်ချင်ကြပါတယ်၊ အမျိုးထဲမှာလည်း သဘောကောင်းပြီး လူမှု့ ဝတ္တရားကျေပြွန်သူလို့ ထင်ရှားသူဖြစ်နေလို့ အမျိုးတွေ ရောက်လာတာ တစ်ဖွဲဖွဲပေါ့ ၊ ရိုးရာအစဉ်အလာအရ အိမ်မှာရှိတဲ့ ကြည့် မှန်တွေကို အ၀တ်နဲ့ လိုက်အုပ်သူ၊ ဓါတ်ပုံတွေ မှောက်လျက်လှန်ပေးသူ၊ ကုတင်ပြင်သူ အိပ်ယာခင်းသူ ဖုံးဆက်ပြီး ဘယ်သူဘယ်ဝါကို အကြောင်းကြားပါလို့ ပြောကြ ဖုံးတွေ တဂွမ်ဂွမ်ဆက်ကြနဲ့  အတော့် ကို လှုပ်လှုပ် ရှားရှားးရှိလှ တဲ့ နာရေးတစ်ခုအသွင်ဖြစ်လာပါတယ်...



နာရီမဆိုင်းပဲရောက်လာတာက သူငယ်ချင်းရဲ့ ကောင်းမှု့ နဲ့ အရပ်အခေါ် မပုပ်ဆေး ဆိုတဲ့ ဖေါ်မလင်ကို ဒက်ဘော်ဒီထဲ သွင်းပေးတဲ့ ဆေးရုံကြီးက ကျွမ်းကျင်သူတွေပေါ့ ..၊ သံယောဇဉ်ကြီးတဲ့ သူရဲ့ နောက်ဆုံးခရီးမှာ တတ်နိုင်သမျှ အကောင်းဆုံးတွေဖြစ် သွားစေချင်တော့  ဒက်ဘော်ဒီက သဘာဝ အလျောက် ထွက်လာမယ့်  အနံ့ ဆိုးတွေကိုတောင် မထွက်စေချင်ခဲ့ ဘူးလေ..။ ဒီလိုနဲ့ အိမ်မှာပဲ အပြီးထားကြမယ် ရေခဲတိုက်ကို မပို့ ထားဘူးလို့ အားလုံးက တစ်သဘောထားတည်း ဖြစ်နေလို့ ဖေါ်မလင် စီစဉ်ပေးပြီးတဲ့ အခါ မနက်မိုးလင်းစပြုလာပါပြီ..နာရေးကုတင်ပြင်ဆင်ထားမှု ဟာလည်း ကြည့် ပျော်ရု့ ပျော်ရှိလာပေမယ့်  ပန်းတွေတော့ လိုနေပါသေးတယ်..

ပန်းဝယ် ထွက်ကြမလို့ လုပ်နေကြတုန်းမှာပဲ ဘယ်သူက ပို့ လိုက်မှန်း အစရှာမရ အမည် ဖေါ်မရပဲ ရောက်လာတာက နှင်းဆီပန်းတွေနဲ့  စပါယ်ပန်းကုံးတွေ မှ အများကြီးမှ အများကြီးပါပဲ..ဘယ်သူပို့ ခိုင်းလိုက်တာလဲလို့ ပန်းလာပို့ တဲ့ ကလေးလေးကို မေးတော့  မသိဘူး အန်တီကြီးတစ်ယောက်က လမ်းထိပ်ကနေ ဒီအိမ်နံပတ်နဲ့ သွားပို့ လိုက်ပါဆိုလို့ ဝင်ပို့ ပေးတာလို့ ဆိုတော့  အိမ်သားတွေ အမျိုးတွေ အံ့ အားတွေသင့် လို့  တောင်ထင် မြောက်ထင်တွေက ဖြစ်လိုက်ကြပါသေးတယ်...။ ဒါနဲ့ ပဲ ကျန်ရစ်တဲ့  ဒက်ဘော်ဒီလေဟာ နှင်းဆီပန်းပုံ ကြီးထဲမှုာ စပယ်ပန်းတွေ ၀န်းရံရင်း ပကတိအိပ်စက်နေတဲ့ အတိုင်း အတော်လေး ကြည့် ကောင်းသွားတော့ တာပေါ့ လေ..

ကွယ်လွန်သူမအေဟာ အမျိုးထဲ အရပ်ထဲ လူသိများခင်မင်သူပေါသူဆိုတော့  မြေချပြီးတင်မက ရက်လည်ဆွမ်းနေ့ အထိ အိမ်မှာ လူစည်နေဆဲပါ..၊ လူစည်နေချက်က နာရေးအိမ်ဟာ နာရေးအိမ်နဲ့ တောင် သိပ်မတူတော့ ပဲ သားရှင်ပြု အလှုတော်မင်္ဂလာကြီးရှိလို့  အမျိုးတွေလာစု ထမင်းတွေ ချက်စားလိုက်ကြ ဈေးထွက်ဝယ်လိုက်ကြ အမျိုးတွေလူစုံ စုမိတုန်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလိုက်ကြ တ၀ါးဝါး တဟားဟားရယ်လိုက်ကြနဲ့ ပေါ့ ...တဒင်္ဂတော့  သောကတွေပျောက်နေတဲ့  ရက်ပိုင်းလေးတွေပါပဲ..

ရက်လည်ပြီးတဲ့ အခါ လောက ဓလေ့ ထုံးစံအတိုင်း ကိုယ့် နေရာ ကိုယ့် အလုပ် အသီးသီးကို ပြန်ပါလေတော့  ပြန်ကြလေကုန်သာတည်းပေါ့ ။....နောက်ဆုံးတော့ ထုံးစံအတိုင်း ရှိတဲ့ ပုံမှန် မိသားစုတွေသာ သံယောဇဉ်တစ်ယောက်လျော့ အဖြစ်နဲ့ ခြောက်တီးခြောက်ကပ်နဲ့  ကျန်ခဲ့ ပါတော့ တယ်..အရာရာ ငြိမ်သက်သွားပြီပေါ့ လေ......

အဲ့ တော့ မှ လွမ်းဖျား လွမ်းနာဆိုတာ ဘယ်လောက်ဆိုးရွားတဲ့ ခံစားမှု့ ဝေဒနာလဲဆိုတာကိုယ်တွေ့ ကြုံတော့ မှ နားလည်ခံစားလို့ ရလိုက်ပါတော့ တယ်။ ဖြတ်ကနဲ ဟိုနားမြင်လိုက်သလိုလို ဒီမှာ ထိုင်နေသလိုလို ပေါ့ ၊ မရှိတော့ ဘူးဆိုတာ အမှန်စင်စစ်ဆိုပေမယ့်  ရှိနေသေးတယ်ချည်းထင်မိနေပြန်တာ ရက်တွေတော်တော်ကြာသလို...

မိုးလင်းရင် အမေ ဈေးကပြန်လာပြီလားလို့ ယောင်ရမ်း မေးမိတာက အခါခါ၊ မီးဖိုချောင်ကို ၀င်ရင် အမေ့ ဘာဟင်းချက် လို့ မေးမိမလို့ စိတ်ကပြင်မိတာက အကြိမ်ကြိမ်..၊ အဲ့ လပိုင်းတွေဟာ ရင်ထဲမှာ ဘာခံစားမှု့ မှ မရှိတော့ သလို ဘာအနာဂတ် အကြောင်းမှခေါင်းထဲ ရောက် မလာတော့ ဘူး ဘာမှ တွေးလို့ မကောင်းတော့ တဲ့ အခါ လူဟာ စက်ရုပ်လိုပါပဲ..မိသားစုဝင်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် မေးထူး ခေါ်ပြောလောက် ပုံစံတွေဖြစ်ကုန်ရင်း စကားနဲသွားကြပြီး အကုန်လုံးဟာ အသက်မပါသလို ငေါင်းစင်းစင်းကြီးတွေပေါ့ ..

သုံးလေးလလောက် အဲ့ လိုတွေ အယောင်ယောင် အမှားမှားတွေဖြစ် ဘ၀တန်ဘိုးတွေမဲ့  ရင်ထဲမှာ ဟာနေရင်း လောကဟာ ဘာအရသာမှ မရှိတော့ သလိုကြီးပေါ့ ..အစားထိုးမရတဲ့ သံယောဇဉ်တစ်ယောက် ဘယ်တော့ မှ ပြန်မမြင်ရတော့ မယ့် လမ်းကို အပြီးတိုင် ပဲ့ ထွက်သွားတာဟာ ပုံမှန်မိသားစုထဲမှာ အထိုင် တော်တော် ပျက်သွားတာပါပဲ.အဲ့ အထိုင်ကို ပြန်ပြီး တည်ငြိမ်အောင် တော်တော်လေး အချိန်စောင့် ယူခဲ့ ရတယ်.....

....သံယောဇဉ်တွေ လွန်တဲ့ အခါ သောကမိုးတို့ ပြိုလေတယ်.....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..