-----------
ဘ၀ခရီးမှာ စိတ်ထားရင့် ကျက်သူတွေ စိတ်ထားနူးညံ့ သူတွေ မေတ္တာတရားကြီးသူတွေ ခွင့် လွှတ်လွယ်တတ်သူတွေ အညှိုးအတေးမထားသူတွေ ဒဏ်ရာတွေကို မြိုချပြီး ခွန်အားအဖြစ် ပြောင်းလဲပစ်တတ်သူတွေ လောကဓံတရားဆိုးကို အံ့ တုရင်ဆိုင်နိုင်စွမ်းရှိသူတွေနဲ့  ဆုံဆည်းခဲ့ ရတာဟာ အတော့် ကို ကံကောင်းလှပါတယ်
သူတို့ တွေဆီကနေ ကိုယ့် ဘ၀ခရီးအတွက် ဘ၀နေနည်းတွေ အများကြီးသင်ယူခွင့် ရခဲ့ သလိုမျိုးပါပဲ...
ပြည်တွင်းစစ်ထဲမှာမွေးလာတဲ့ အမေဟာ ငယ်စဉ်ကစပြီး ဘ၀တိုက်ပွဲတွေဒင်းကြပ်ပြည့်  ကြုံခဲ့ ရပြီး ဒီ အခက်အခဲတွေဟာ အိမ်ထောင်ကျပြီး ကလေး ၃ယောက်ရတဲ့ အထိ ရုန်းကန်နေခဲ့ ရတဲ့ ဘ၀မျိုးပါ..ဒီလို ဘ၀စတင်ကတည်းက မချောမွေ့ လှရတဲ့ ကြားထဲ ယောက္ခမ အမ (အဖွား)ရဲ့ မျက်နှာသာပေးခြင်းကိုလည်း မခံစားခဲ့ ရပါဘူး.
အဖိုးကတော့ အဖွားရဲ့ မရင့် ကျက်မှု့ တွေကို ကောင်းဆိုးပြောနေလေ့ မရှိပဲ မြေးတွေ သူ့ ချွေးမ ကျနော်တို့ မအေနဲ့ အလိုက်အထိုက်နေပေးခဲ့ သူမျိုးပါ..ပြီးတော့ ရွာသူကြီးဖြစ်နေလို့ အိမ်သိပ် မကပ်ရတာမျိုးကလည်း များပါတယ်
နွမ်းပါးတဲ့ ဘ၀မှာ ဘယ်ဖက်ကမှ ဟုတ်တိပတ်တိအကူအပံ့ မျိုးမရပေမယ့်  အမေဟာ သူ့ ရင်သွေးတွေသာ သူ့ ဘ၀လုပ်ပြီး လောကဓံကိုအံ့ တုခဲ့ တာမျိုးပါ..
နာမယ်ဆိုနာလောက်စရာ အဖြစ်တွေ တစ်ပုံကြီးရှိပေမယ့် ဒီဒဏ်ရာတွေကို မြိုချ ခွန်အားအဖြစ် အသွင်ပြောင်းပြီး လောကဓံကို ရင်ဆိုင်ရင်း ယောက္ခမတွေကို အပြုံး မပျက်ဆက်ဆံရေးထူထောင်ခဲ့ ပါတယ်...ကျနော်တို့ ကတော့ မအေနဲ့  အမြဲလိုလိုထိတွေ့ ပြီးနေရလို့  ဖြစ်ကြောင်းရယ် ကုန်စင်ကြားသိမြင်တွေ့ ခဲ့ ရသူတွေပေါ့ လေ
လူတွေအများစုဟာ အရွယ်အိုလာရင် စိတ်ကျလာလေ့ရှိတတ်ပါတယ် ငယ်ဂုဏ်ကြောင့် စိတ်ထန်နေရာက ဘော်ဒီအိုလာတော့ စိတ်ကသာကြားကန်ထား လူကတော့ မဟန်တော့ ပေါ့ ၊
အချိန်တစ်ခုကိုကျော်ဖြတ်လာတဲ့ အခါ ကျနော်တို့ ဟာ တည်ငြိမ်တဲ့ ဘ၀အနေအထားတစ်ခုကို ရလာခဲ့ ရင်း ကျနော်တို့ တွေဟာလည်း မြေး အရာအသွင်းခံခဲ့ ရပြီပေါ့ လေ..
.အဲ့ ဒီအချိန်မှာတော့ အဖိုးဟာ အသည်းကင်ဆာ စဖြစ်လာပါတော့ တယ်..
အမေဟာ ယောက္ခမကို အဖေ လို့ ခေါ်ပြီး ခြေဆုံးခေါင်းဖတ် အစစ လိုက်ပြီးပြုစုစောင့် လျှောက်ပေးပါတော့ တယ် အတိတ်ကို အတိတ်မှာပဲထားပစ်ခဲ့ တဲ့ သဘောပေါ့ ၊
အော်ပရေးရှင်းလုပ်ပေမယ့်  အစအနကကျန်နေတာကို ဆရာဝန်ကပြောလို့ အဖိုးရဲ့ နေရချိန်ကာလဟာ သိပ်မကြာတော့ ဘူး ကင်ဆာမြစ်တွေပြန်ပွားလာမှာပါဆိုတာ မြို့ နေသက်ကြာသူတွေရဲ့  ဗဟုသုတသိနည်းနဲ့ သိပေမယ့်  အဖိုးကတော့ လောလောဆယ်ပျော်လို့ ပေါ့ 
အဲ့ ဒီအပျော်တွေကနေထွက်လာတဲ့ လေသံက အရင်က ကျနော်တို့ အမေကို လူအမည်တပ်ခေါ်ခဲ့ ရာကနေ သမီး တွေဘာတွေ နဲ့ ပြောင်းလဲခေါ်ဝေါ်လာတဲ့ အနေအထားကိုပြောင်းလဲသွားတော့ တဲ့ အထိပါပဲ...
တကယ်တော့ အဖိုးဟာ နဂိုကကို စိတ်မာသူ သဘောကောင်းသူ ရင့် ကျက်သူ လောကအမြင် အားကောင်းသူမျိုးပါ...နောက်တော့  ကင်ဆာမြစ်တွေပြန်ပွားလာပုံက
သူ့ ဘယ်ဖက် နံရိုးတွေရဲ့ အောက်နားမှာ ပထမတော့  ညောင်သီးလောက်အသားဖုလေးပြန်ထွက်လာ နောက်တော့ ကွမ်းသီးလုံးလောက်ပေါ့ ..အိပ်ယာထဲလဲချိန်မှာတော့  အဲ ဒီ့ အဖုဟာ လူကြီးလက်ဖ၀ါးနဲ့ ကုပ်ရင် မလုံတော့ လောက်အောင်ဖုထွက်ကြီးမားနေပါပြီ ကင်ဆာဖုရဲ့  အပူရှိန်ပြင်းချက်က ဘေးကနေ မကြာခဏယပ်ခတ်ပေးနေခဲ့ ရပြီး အဲ အဖုပေါ်လက်ကိုင်ပုဝါရေဆွတ်ပြီး အုပ်လိုက်ရင် ခဏလေးနဲ့ ပြန်ခြောက်သွားတဲ့ အထိ အပူရှိန်ပျံ့ ထွက်ပုံကပြင်းထန်လှပါတယ်
ဒါကို တစ်ချက်မှ မမဲ့  တကျွတ်ကျွတ်မလုပ်ပဲ ရောဂါဒဏ်ကို သည်းခံပြသွားတဲ့ အဖိုးရဲ့ ခံနိုင်စွမ်းရည်ကိုလည်း ကျနော်တို့ တွေ အံ့ သြပြီးကျန်ခဲ့ ရပြန်ပါတယ် ...
သူ့ ရဲ့ နောက်ဆုံးနာရီတွေရဲ့ နောက်ဆုံးနာရီလေးမှာတော့  ကျနော်တို့ ရဲ့ အမေကို အနားခေါ်ပြီး လေသံ သဲ့ သဲ့ နဲ့ ပြောသွားပုံက
'''သမီးတို့ မိသားစုတွေ အားလုံး အဖေတို့ အပေါ်မှာ တာဝန်ကျေကြပါတယ်ကွာ.'''..တဲ့ ဗျာ.....
ကျနော်တို့ တွေ ရော ကျနော်တို့ အမေရော အဖေပါ ငိုပွဲပေါ့ ခင်ဗျာ ၀မ်းနည်းလို့ လား ၀မ်းသာလို့ လား ဘာမှန်းကိုမခွဲတတ်တော့ ပါဘူး...
တစ်ခါတစ်လေ လူ့ ဘ၀မှာ ကိုယ့် စေတနာတွေကို အသိအမှတ်အပြုခံရဖို့  အချီးမွမ်းခံရဖို့ ဆိုတာ အနှစ်၂၀လောက် စောင့် ချင်စောင့် တတ်ရတာမျိုးလား .ဒီ့ ထက်လည်းကြာကောင်းကြာနိုင်သေးသလားလို့ ...ဟိုးအရင်က တွေးမိခဲ့ သေးတာတော့ အရင်ကစိတ်ထဲမှာဖြစ်ခဲ့ ဘူးတဲ့ အမှန်တရားလို့ ပဲ....။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..