Powered By Blogger

Friday, July 24, 2015

အမြင်ထောင့် 



 အမြင်ထောင့် 
----------
သမားရိုးကျသီလနဲ့  လူသေရင် ကျန်ခဲ့ တဲ့  ဒက်ဘော်ဒီက ကိုယ့် လောကီ အကျိုးစီးပွားအတွက် တန်ဘိုးမရှိလို့  အမြင်ထောင့် တစ်ခုက ဆိုလို့ ရကောင်းရမယ်....

မြတ်ဘုရားရှင်ရဲ့  ကျန်ရစ်တဲ့  ရုပ်ကလာပ်တော်တွေကတော့  ဓါတ်တော်မွေတော်တွေဖြစ်ပြီး ပူဇော်ထိုက်သူကို ပူဇော်ရလို့ ရလိုက်တဲ့  ကောင်းမြတ်တဲ့ ကုသိုလ်တရားတွေ မရဏာနုဿတိအဖြစ် သံဝေဂတရားတွေ ပွားများခွင့် တွေ အများကြီး ရလိုက်တတ်လို့ အကျိုးရှိတဲ့ အမြင်ထောင့် ကနေ
ယူတတ်မယ်ဆိုရင် ဒက်ဘော်ဒီတွေဟာ  တန်ဘိုးရှိတဲ့ ဒက်ဘော်ဒီတွေဖြစ်လာတယ်



တစ်ချို့ ဒက်ဘော်ဒီတွေဟာ ဆေးပညာရပ် အနာတမီ တိုးတက်ဖို့ အတွက် အကျိုးကြီးတယ်

ဒက်ဘော်ဒီတွေဟာ အကျိုးရှိတဲ့ ဘက်ကနေကြည့် ရင် အနဲဆုံး ရေသတ္တ၀ါတွေရဲ့ အဟာရ မြေသတ္တ၀ါတွေရဲ့ အဟာရ ယုတ်စွအဆုံး ပြာတောင်မှ မြေဆီဖြစ်နိုင်သေးတယ်

သူ့ နေရာနဲ့ သူ့ တန်ဘိုး
---
သဲကန္တရ အလယ်မှာ ရေနဲ့ အစာ ၇ရက်လောက်ပြတ်ပြီး ဆာလောင်မွတ်သိပ်တဲ့ ဒဏ်ကို မချိမဆန့် ခံနေရတုန်း....

ဒေါ်လာ သန်း ရာချီ တန်ဘိုးရှိပါတယ်ဆိုတဲ့  မိုနာလီဇာ ပန်းချီကားနဲ့  ဗမာငွေ ကျပ်၁၅၀တန် ပေါင်မုန့် တစ်လုံးနဲ့  အစိတ်တန် ရေသန့် တစ်ဗူးတစ်တွဲ ထဲက
.
.တစ်ခုသာရွေး .ဘယ်ဟာကို ရွေးခြယ်မိမယ်ထင်သလဲ ကို တွေးလိုက်ရင်....

ဒါဆို...မိုနာလီဇာပန်းချီကားဟာ တန်ဘိုးမရှိတော့ ဘူးလား....ရှိတယ်ဆိုတဲ့ သူတွေအတွက် ရှိတယ်လို့ ပဲဖြေရလိမ့် မယ်....

သူ့ တန်ဘိုးက ရှေးဟောင်းသမိုင်းဆိုင်ရာပစ္စည်းတန်ဘိုး ကမ္ဘာပေါ်မှာ တစ်ချပ်တည်းရှိတဲ့ ရှားပါးဂန္တ၀င်လက်ရာမြောက်တန်ဘိုးစသဖြင့် တွေကြောင့် မို့ ပေါ့ ..
.
နွားတစ်ကောင်အတွက်တော့ သူ့ အာဟာရ  မြက်တစ်ဆုပ်စာလောက်တောင် တန်ဘိုးရှိတယ်ထင်မှာ မဟုတ်ပေဘူး..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..