
အတွေး/ချစ်ခြင်းမုန်းခြင်း
------
တစ်ချို့ တွေရဲ့  အကုသိုလ်ဝဋ်ကြွေး ဘယ်လောက်ကြီးသလဲဆိုရင် သေသွားလို့ ကျန်ခဲ့ တဲ့  အရိုးစုခေါင်းခွံတောင် ဆုံနဲ့ ထည့် ထောင်းခြေမွခံရသေးတယ်ဆိုတာ စာထဲ ဖတ်ခဲ့ ရတော့  ၀ဋ်သဘောက ကိုယ့် ဝိဥာဏ်မရှိတော့ တဲ့  ကိုယ်မှီတွယ်ခဲ့ တဲ့ ဘော်ဒီတောင် ခံနေရသေးပုံက တယ်မချောင်ပါလားပေါ့ လေ.
ဒါနဲ့  စကားတွေပြောဖြစ်တဲ့ အထဲမှာ အရပ်သားအတော်များများက အမည်ကြားယုံနဲ့  မြန်မြန်သွားအေးရောလို့ မှန်ချက်အပြုခံရတဲ့  သွားလေသူ တစ်ယောက် ဟိုအကွက် ပက်လက်မှောက်ခုံ မျောနေပုံကို ထိုင်ပြောကြတော့  ကျနော်က အတွေးသဘောကို ပြောပြမိတယ်...ငါတို့ တွေ အမှန်ဆို သူဘာလုပ်ခဲ့ တယ်ဆိုတာ ကိုယ့် တွေ့ မျက်မြင်မဟုတ်ဘူး သူကိုယ်တိုင်ကလည်း ငါဘာလုပ်ခဲ့ တယ်လို့ ဝန်ခံတာမျိုး မလုပ်ခဲ့ ဘူး..
ငါတို့ တွေ အဲ့ လူကို ပစ်ပစ်နှစ်နှစ်ပြောနေပုံက တကယ်ဆို ကိုယ်တကယ်မသိတဲ့ ကိစ္စကို သူများတကာတွေပြောချက်နဲ့ တင် ၀ိုင်းမုန်းပစ်လိုက်တာမျိုးနဲ့ တူမနေဘူးလား လို့ ပြောလိုက်တာပေါ့ ..နောက်တစ်ဆက်တည်းပြောမိတဲ့ အတွေးစကားက ငါတို့ တွေ နိဗ္ဗာန်ကိုယုံနေရတဲ့ သဘောလည်း ကြည့်  ဘယ်သူရောက်ဖူးလို့ လဲ ငါလဲမရောက်ဖူးဘူးမရောက်ဖူးပေမယ့်  ယုံလိုက်တာပဲလေ...အဲ့ ဒါ ဘာကြောင့် ယုံလဲပြန်တွေးတော့  ဘုရားကိုယုံလို့ ပေါ့  အဲ့ ဘုရားနဲ့ တွေ့ ဘူးလားမေးတော့  မတွေ့ ဘူးပြန်ဘူး ကျမ်းထဲကနေဘုရားအကြောင်းသိပြီး ဘုရားကိုယုံရတာ
အတွေးသဘာလေးတွေပြောတာပါ...ကျန်ာတို့ တွေ မှာ ဆင်ခြင်တုံတွေနဲ့ ယုံရတာတွေ က ကိုယ်တွေ့ တွေကြောင့်  ယုံမိတာတွေထက် ပိုများတဲ့ အကြောင်းသဘောကို မြင်သာအောင်ပြောကြတဲ့ သဘောပေါ့ ..အဲ့ ကိုယ်တွေ့ ဆိုတာကလည်း တကယ်ကစိတ်ချရတဲ့ အထဲမှာ မပါပြန်ဘူး မြွေကိုကြိုးထင် ကြိုးကိုမြွေထင် အမြင်မှား အထင်မှားအခြေအနေတွေက အများကြီး...သဘောကတော့ ဗျာ ပိုင်ပိုင်နိုင်နိုင်အသိတွေထက် မရေမရာသတိတွေ ဟုတ်လောက်တယ်ဆိုတဲ့  ဆင်ခြင်သိတွေ တစ်ပုံကြီးအပေါ်မှီပြီး ချစ်ခြင်းမုန်းခြင်းတွေ ဒလဟောကြီးနဲ့  ဘ၀ခရီးကို ချီတက်နေကြတယ်ပေါ့ လေ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..