၉နှစ်အရွယ် ကလေးတစ်ယောက်အတွက် မချိမဆန့် ရောဂါ
--------------
ကလေးကျမ္မာရေးအတွက်ဆိုလို့  မွေးသက္ကရာဇ်ပြောတော့  မဟာဘုတ်ကောက်ခြစ်ရင်း ခြူခြာတာ အခုတလောမှလား ဘယ်တုန်းကတည်းကလဲ လို့ မေးလိုက်တော့  အရင်ကတောက်လျှောက် ကောင်းလာခဲ့ တာပါတဲ့  အခုက '' ကင်ဆာ ''.ရောဂါဖြစ်နေလို့ ပါ တဲ့ .၊
( ကြားလိုက်ရတာနဲ့ ဖြုံသွားတယ်)..
ဒါနဲ့  ဘာကင်ဆာလဲလို့ မေးလိုက်တော့  '' ကျောက်ကပ်'' တဲ့  ကျောက်ကပ်မှာ အကျိတ်တွေ ပွားလာတာတဲ့ .အသက်အန္တရယ်ရှိလားလို့ တဲ့  ...
ဒါနဲ့ ဂြိုလ် အကြောင်း နောက်ထားပြီး ကလေးအမေနဲ့ စကားပြောရတယ်...ဒါမျိုးက ကလေးအသက်နဲ့ ဆို
ကလေးတစ်သန်းမှာ တစ်ယောက်တွေ့ ရခဲတာမျိုးပဲ လူကြီးတွေမှာ ဖြစ်တတ်တဲ့ ရောဂါမျိုး ကလေးမှာ လာဖြစ်တော့  ဂြိုလ်ထက် ကလေးရဲ့ အတိတ်ကံကိုက ဖြစ်လာတာမျိုးပဲလို့ ပြောလိုက်တော့  ကလေးအမေကလက်ခံပါတယ် ဘာသာရေးနဲ့ မဝေးပုံရတယ်....
ပြီးတော့ မှ ဂြိုလ်အကြောင်းလစိတ်တွေပိုင်းရင်းက ရောဂါအကြောင်း ဆက်မေးလိုက်တော့  ပြီးခဲ့ တဲ့  ဧပြီလက ခွဲထုတ်ပြီးပြီ ကျောက်ကပ်တစ်ခြမ်းတော့ ထုတ်လိုက်ရတယ် အခုက ဆေးသွင်းနေရတယ်လို့ ဆက်ပြောပြတယ်..( ခီမိုသွင်းနေပြီဆိုတော့  အာဟာရမပြတ်ဖို့ အရေးကြီးတာပေါ့ လို့ ပြောပြီး အာဟာရမပြတ်အောင် စားနည်းတွေပြောပေးလိုက်တယ် ကင်ဆာကပြန်မပွားပဲ ဆေးကပူလို့ အသွေးအသားခမ်းခြောက် နှလုံးဟတ်ဘက်အားနည်းအာဟာရပြတ်ပြီးတော့ လျှောဘရားသားပြတ်သွားနိုင်တာမျိုးပါ ထည့် တွက်ထားရတယ် )...ဒါနဲ့  လွယ်လွယ်နဲ့ မလျှောသွားရအောင် ယတြာတွေပေးရတယ် စပယ်အညွန့် လှုထားတာ၊ စပယ်ပန်းတွေလှုတာ ကြက်သွန်ကြာ်လှုတာ ၊ စပယ်ပန်းခေါင်းအုံးအောက်မှာထားအိပ်ထား စပယ်ပန်းနဲ့ ရေချိုးတာ
မွေးနေ့ ဗုဒ္ဒဟူးနေ့ တိုင် ၀က်ကျောက်ကပ်ချက်ပြီး ဘုရားကပ်ပြီး ကျောက်ကပ်ရောဂါ အကြွင်းအကျန်မရှိပျောက်ပါစေလို့ ဆုတောင်းခိုင်းတာ ကလေးကိုလည်းကျွေးနိုင်ကြောင်း.. .ဆံပင်လက်သည်းခြေသည်း ညှပ် ထမင်း၇ဆုပ်ပန်း၇ပွင့် နဲ့ ရောထည့် ပြီး စွန့် တာက ၂ပတ်တစ်ခါ စွန့် ပါလည်းဆိုရော ကလေးက ကတုံးလေးဖြစ်နေပြီတဲ့ ..ဒါနဲ့ စတိယူတာဖြစ်လို့  ဂျုတ်လေးနဲ့  နဲနဲခြစ်ယူလိုက် အမှုံလောက်ဆိုရင်တောင်ရပြီပေါ့ လို့  ဆံပင်ယူနည်းပြောလိုက်ရတယ်
ဒါနဲ့  ကလေးကိစ္စတွေ ပြောရင်းက ကလေး အဖေ နဲ့  အမေက ဘာနေ့ သားတွေလဲ အသက်ဘယ်လောက်တွေလဲလို့ မေးလိုက်တော့  ကလေးအဖေက အသက် ၅၂ တနင်္လာတဲ့ ( စနေသက်ရောက်) အမေက အသက် ၄၃ တနင်္ဂနွေတဲ့ ( အဂီါသက်ရောက်ပေါ့ )...ကလေး ဟူးသမီးလေး ကျောက်ကပ်ရောဂါဖြစ်နေတဲ ကာလက (အင်္ဂါသက်ရောက်အသက် ၉ နှစ် ခွဲထုတ်ရတဲ့ သဘော ခီမိုသွင်းနေရတဲ့ သဘောပေါ့ 
ကလေးကိုယ်တိုင်က အညံ့ သက်ရောက်မှာ အတိတ်ကံရောဂါ ဖြစ်လာနေတုန်းမှာ ဖအေ မအေကိုယ်တိုင်ကိုက သောကရောက် ငွေကုန်ဆိုတဲ့ သက်ရောက်ဆိုးနေကြချိန်ကလည်း တိုက်ဆိုင်မှု့ တစ်ခုပေါ့ လေ..ဒါနဲ့  ဒီလောက် ဟဲဗီးရောဂါကြီးဆိုတော့  ငွေ ကုန်မှာပဲလို့ တွေးပြီး မီးထွန်းပိုက်ဆံလေး
လုပ်ပေးလိုက်တယ် အသက်ရှုချောင်အောင်ပေါ့ ..ဒါနဲ့  ကလေးကို ပိုလုံခြုံအောင် လည်ပင်းမှာဆွဲထားဖို့ ပရိပ်ကြိုးလေးပါ လုပ်ပေးလိုက်ရတယ် ပရိပ်ကြိုးမှာ နည်းပညာထည့် တာက မတွန့် စေရ အသား စပယ်အရိုးလေးသေးသေးလည်း ချီပြီးထည့် လိုက်ပါပေါ့ လေ..
လာတဲ့ လူအများစုက အဲ့ လိုတွေ ရှေးဖြစ်နောက်ဖြစ်တွေထိုင်နားထောင်ဖို့ ထက် လိုရင်းကိစ္စသောက တစ်ခုခုကြောင့် လာတာများတယ်...ပြီးတော့  အဲ့ ကိစ္စအတွက် တစ်ခုခုများလုပ်ပေးနိုင်မလားလို့ ဆိုတဲ့ ဆန္ဒတွေပါလာတယ်။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..