Powered By Blogger

Friday, July 24, 2015

''' သင်္ခန်းစာရသွားသော...''

''' သင်္ခန်းစာရသွားသော...''
------------------------------
အဲ့ ဒါနဲ့  အဖေလုပ်သူက  စင်မြင့် လေးပေါ်ကသူ့ သားလေး ရှိရာကို လက်နှစ်ဖက် ဆန့် ထားပြီး
  '' ခုန်ချလိုက်သား မကြောက်နဲ့ အဖေ ဆီးဖမ်းထားပေးမယ် ရဲရဲသာ ခုန်ချလိုက်...''လို့ သားကို အားပေးစကားပြောလိုက်ပါတယ်.....

သားလေးက သူ့ အဖေကိုကြည့် လိုက် စင်အောက်လေးကြည့် လိုက်တဲ့  ခုန်မချရဲသေးပဲ ချီတုံချတုံလေးဖြစ်နေပါသေးတယ်......



'''''ခုန်ချလိုက်ပါသားလေးရဲ အဖေတစ်ယောက်လုံးရှိတယ်လေ ဘာမှမကြောက်နဲ့  ''''လို့ သားကို လှမ်း ပြုံးပြီး အသံလေးမြှင့် ရင်း နောက်ထပ် အားပေးစကားလေးပြောလိုက်တဲ့ အခါ
.....သားလုပ်သူဟာ ကြောက်ကြောက်နဲ့ မျက်စိစုံမှိတ် ခုန်ချလိုက်ပါတော့ တယ်..

''''''အားးး.. ၀ါးးးးး..နာတယ် နာတယ် နာတယ်...ဖေကြီးရဲ့ ..သားခြေထောက်....၀ါးးးးး.'''''...( တစ်ခါတည်း ဆေးရုံကို အရေးပေါ် ပို့ လိုက်ရပါတော့ တယ်...)

အဖေလုပ်သူဟာ သားကို လောကမှာ ဘယ်သူ့ ကိုမှ လွယ်လွယ်နဲ့ မယုံဖို့ သင်္ခန်းစာပေးဖို့ စာအုပ်ထဲက အတိုင်း စိတ်ကူးပြီး မနိမ့် မမြင့် စင်မြင့် လေးပေါ်ကို သားလေးကိုတင် အဲ့ အပေါ်လေးကနေ
သားလေးကိုခုန်ချခိုင်း  သူက အောက်ကနေ ဆီးဖမ်း သယောင်ယောင်နဲ့ နောက် ခြေ တစ်လှမ်း ဆုတ် အပေးလိုက် သားလေးက ကြမ်းပေါ်ကျ..ဖင်နာ အဖေလုပ်သူကို ဖင်နာတင်ပါးနာနေရာက အံ့ သြပြီးမော့ အကြည့် အဖေက အဲ့ မှာ သင်္ခန်းစာပေးလို့ တွက်ထားပေမယ့်  အကျမတော်တော့  သားရဲ့ ခြေဖနှောင့် က ထောက်မရတော့ လောက်အောင်နာသွားပြီး အာခေါင်းခြစ် အရပ်ပျက်လုအောင်အော်ငိုလို့  သင်္ခန်းစာ ပေးချိန်မရလိုက်တော့ ပဲ  ဆေးရုံကိုချက်ခြင်း အရေးပေါ်ပို့ လိုက်ရတဲ့ ဘ၀ကို........

( အကျမတော်လို့ အဲ့ လိုများဖြစ်သွားရင် ဒွတ်ခနော်.ခေးကိစ္စနဲ့  လင်မယားတွေ တိုက်ပွဲတွေဖြစ်ကုန်လောက်မယ်......အဟီးးးးငိငိ)

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..