''' မရပါလေ...''
----
ဈေးကြီးသည်ဆိုသော ရွှေထီး..
နာရေးဆင်ထီးလည်းဖြစ်သွားနိုင်တယ်..
ဈေးကြီးသည်ဆိုသော ကာဒီလက်....
နာရေးတင်ကားလည်းဖြစ်သွားနိုင်တယ်...
ဈေးကြီးသည်ဆိုသော မိတ်ကပ်..
နာရေးပြင်ပစ္စည်းလည်းဖြစ်သွားနိုင်တယ်..
ဈေးကြီးသည်ဆိုသော အရောင်တင်ဆီအိ မဟော်ဂနီ..
နာရေးသေတ္တာလည်းဖြစ်သွားနိုင်တယ်...
ဈေးကြီးသည်ဆိုသော အဲကွန်းခန်း
နာရေးဧည့် ခန်းမလည်းဖြစ်သွားနိုင်တယ်
ဈေးကြီးသည်ဆိုသော ပန်းမြတ်မာလာစုံ
နာရေးပြင်ပန်းတွေလည်းဖြစ်သွားနိုင်တယ်
ဈေးကြီးသည်ဆိုသော ရှင်လူ...
နာရေးသေလူလည်းဖြစ်သွားနိုင်တယ်..
------
-----
တစ်ခုခုပြောချင်နေတယ်
ဘာပြောချင်နေမှန်းလဲ မသိ...
တကယ် မသိတာတော့ လည်း မဟုတ်...
ပြောချင်တာတွေ များနေလို့ ဟုံသွားနေသည်လား..
သေခြာတာတစ်ခုကတော့ ..
ဘာ သံဝေဂမှ မရပါလေ....။ ။...(နကမ္ပတိငိငိ..)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..