Powered By Blogger

Saturday, July 25, 2015

ဒုတိယမြောက် သစ်ခုတ်သမား




ဒုတိယမြောက် သစ်ခုတ်သမား
-------------------
တစ်ခါက အားအင်ကြီးမားပြီး ဗလတောင့် လို့  သစ်ပင်တွေ အများကြီးခုတ်နိုင်တယ်လို့  နာမည်ရနေတဲ့ သစ်ခုတ်သမား တစ်ယောက်ဟာ သူ မူလလုပ်နေတဲ့  သစ်ကုမ္ပဏီတစ်ခုက လူမွဲစာရင်းခံသွားလို့  အလုပ်ပြုတ်သွားတာနဲ့  နောက်ထပ် သစ်ကုမ္ပဏီတစ်ခုက သူဌေးဆီမှာ အလုပ်သွားတောင်းပါတယ်....

သူဌေးက သူ့ ရဲ့ ဗလနဲ့ အားအင်ကို အသေအခြာအကဲခတ်လိုက်ရာက စိတ်ကူးတစ်မျိုးပေါက်သွားပြီး သူဖြစ်ချင်တဲ့  စတိုင်ကို သစ်ခုတ်သမားကို စကား အနည်းငယ်ပြောကြည့် လိုက်တဲ့ အခါ သစ်ခုတ်သမားက သဘောတူလိုက်ပါတယ်...



.ဒီအခါ သူဌေးက သစ်ခုတ်သမားကို သူ့ တပည့် အဖြစ် ခေါ်လိုက်ရင်း နာမည်ကြီး လက်ဝှေ့ လေ့ ကျင့် ရေးရုံတစ်ခုမှာကြေးစားလက်ဝှေ့ သမားကြီးဖြစ်လာအောင် ဆရာကောင်းတွေနဲ့  အပ်နှံ လေ့ ကျင့် ပေးပြီး ကမ္ဘာနာမည်ကြီး စမတ်ဒေါင်း လက်ဝှေ့ လောကထဲသွင်းပြီး ၀င်ပြိုင်ဆင်နွှဲစေလိုက်တဲ့ အခါ......

အောင်ပွဲတွေ အလီလီ ရလာလို့ သစ်ခုတ်သမား ဘ၀ကနေ စမတ်ဒေါင်း ဖိုက်တာကြီး ဖြစ်လာတဲ့  လက်ဝှေ့ သမားကြီးလည်း သန်းကြွယ်သူဌေး အကျော်အမော လက်ဝှေ့ သမားကြီးဖြစ် သစ်ခုတ်တဲ့ နေရာမှာ မခိုင်းတော့ ပဲ လက်ဝှေ့ လေ့ ကျင့် ပေးပြီး ရုံသွင်းပေးလိုက်တဲ့  သူဌေးလည်း ဂုဏ်တက် လောင်းကြေးက ပိုက်ဆံတွေထော အကျော်အမော စမတ်ဒေါင်း လက်ဝှေ့ သမားကြီး ရဲ့ ခေါင်းကိုင်ဖခင်ကြီးအဖြစ် လုပ်ဖေါ်ကိုင်ဖက် ကုမ္ပဏီသူဌေးချင်းတွေကြားမှာ မျက်နှာတွေပွင့် ဖြစ်သွားပါရောတဲ့  ခီညာ.......ငိငိ..
------------------------------။
ဘာသင်္ခန်းစာမှ ဆရာကျပြီး မပေးတတ်ပါဘူးခီညာ....သူများ သစ်ခုတ်သမားကိုဖတ်ပြီး ဒုတိယမြောက်သစ်ခုတ်သမားလုပ်ပြီး စိတ်ကူးပေါက်ရာ စတွန့် ပြီး ကလီကမာ လျှောက်ရေးတာပါ...အဟီး...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..