-----------
အခုအထိ လမ်းထဲ လာဆဲ အလှုခံ ဘကြီးကို လာတိုင်း ၂၀၀တန်တစ်ရွက် ထွက်လှုဖြစ်နေဆဲပါပဲ....အဲ့ ဘကြီးရဲ့  အသက်က အနဲဆုံး ၇၀ အထက်မှာ ရှိလောက်ပြီ လက်လျှို စတီး တုတ်ကောက်တစ်ချောင်းနဲ့ ပါအဲ့ အဘကြီး လမ်းထဲကို လာတာ ခန့် မှန်းချက်အရ...အနဲဆုံး ၅နှစ်ကနေ ၇ နှစ် ၀န်းကျင်ရှိခဲ့ ပါပြီ ဒီ့ ထက် ပိုကောင်းပိုနိုင်ပါသေးတယ်...တစ်ခါတစ်ရံ ၃လ၄လလောက် ပျောက်နေတတ်ပြီတစ်ခါတစ်လေတော့  တစ်ပတ်အတွင်း ၂ ခါလောက် ၀င်လာ အလှုခံတတ်ပါတယ်...
အဲ့ ဘကြီးရဲ့  နှုတ်ကနေ ဒီလို အလှုခံနေရခြင်းအကြောင်းက ဘာကြောင့် ပါဆိုတာ
အကြောင်းပြချက်က တစ်ခုတည်းပါ...
.
''သားလေးတို့  သမီးလေးတို့ ရေ....ဘဘမှာ ဆေးရုံမှာ မျက်စိခွဲပြီး မျက်မှန် တတ်စရာ ပိုက်ဆံမရှိလို့  ဘဘကို ပိုက်ဆံနဲနဲလောက် လှုကြပါကွယ်.....'' တဲ့ ..''အဘ'' တောင်မဟုတ်ပါဘူး '''ဘဘ'' လို့  ကိုယ့် ကိုယ်ကို သုံးစွဲတာပါ။ .
ဒီ ၅နှစ် ၆ နှစ် အတွင်းမှာ ဒီအကြောင်းပြချက်တစ်မျိုးထဲကိုပဲ အသံသြဇာ ကောင်းကောင်း နဲ့  မောဟိုက်သံ သိပ်မပါသေးပဲ ဖြေးဖြေးမှန်မှန်ပြော အလှုခံပါတယ်....
ဒီအကြောင်းပြချက်ကနေ တစ်ကြိမ် တစ်ခါဘူးမျှ မသွေဖီသွားခဲ့ တာ က ကြားနေကြကျနော် အပါအ၀င် ကျနော်တို့ လမ်းသားတွေ စကားလုံးကအစ အတိအကျအလွတ်ကို လိုက်ရွတ်ပြ တတ်နေတဲ့  အနေအထား အထိပါပဲ
တစ်ခါတစ်လေ အဲ့ ဘကြီး ပျောက်နေရာက အဲ့ ဘကြီးရဲ့ အသံပြန်ပေါ်လာချိန်မှာ ဟော...မျက်မှန်ခုထိ မလုပ်ရသေးတဲ့ ဘကြီးလာပြီ ၂၀၀တန်တစ်ရွက်ဟေ့ ...လို့  ကိုယ့် မောင်နှမတွေအချင်းချင်း ရယ်ပွဲဖွဲ့  တဒင်္ဂတောင်ပျော်သွားမိလိုက်တဲ့ အထိပါပဲ
တစ်ခါတစ်လေတော့ လဲ နောက်တောက်တောက်နဲ့  အဲ့ ဘကြီးကလည်း အကြောင်းပြချက်အသစ်လေး ဘာလေး မလုပ်ဘူး မျက်မှန်ကိစ္စက ဒိတ်အောက်နေပြီ လို့  အချင်းချင်းတွေ နောက်တီး နောက်တောက်ပြောမိပါသေးတယ်
အဲ ဒီ မျက်မှန် အကြောင်းပြချက်ကို ပထမက စိတ်ပျက်ခဲ့ ဘူးပါသေးတယ်....ဘ၀အကျိုးပေးနဲလို့  အလှုခံထွက်နေရတဲ့ ကြားထဲ ဘာလို့ များ အကုသိုလ်သီလ ဖြစ်တဲ့ မုသား အမှု့ ကိုများ ဆက်ကျူးလွန်နေရသေးလဲ မရှိလို့ အလှုခံစားတာပါလို့ ပေါ်တင်သာပြော အလှုခံနေတော့  ဘာဖြစ်မှာမို့ လဲလို့  မချင့် မရဲ ဖြစ်မိပါသေးတယ်...
နောက်တော့  ဆန်းကြယ်လှတဲ့ ကံ တွေ အကြောင်း သံသရာရဲ့ အကြောင်း ဘ၀အထွေထွေ လူအထွေထွေသဘောတွေ ဖတ်လာရရင်း အတွေးစဉ်တွေဆက် စဉ်းစားခန်းတွေဝင်ရင်းက အဲ့  မျက်မှန်ဘဘ ကို အပြစ်ဖွဲ့ စကားမဆိုရက်တော့ ပါဘူး...ဘုရားရှင်ရဲ့ မဟာကရုဏာတော်ကိုလည်း ပိုပြီး သဘောပေါက်နားလည်လာရပါတော့ တယ်...
အသိမဲ့ သဘောဟာ ဘယ်လောက်တောင် ကရုဏာသက်စရာကောင်းလိုက်ပါသလဲပေါ့ လေ....( ကိုယ့် ကိုယ်ကိုလည်း သနားလာပါတယ် ကိုယ်တိုင်က အ၀ိဇ္ဇာနယ်သား ပုထုဇဉ်သားအဆင့် ထဲကနေ ရုန်းထွက်ရခက်ခဲနေဆဲမို့ ပါပဲ..ပြီးတော့  အလှည့် တွေကိုလည်း တွေးပြီး
ကြောက်တတ်နေပါပြီ)
ဒါကြောင့်  ဟိုးအရင်က အဲ့ ဘကြီးကို သုံးလေးနှစ်ရှိနေပြီး ဘာလို့  အခုအထိ မျက်မှန် မလုပ်ရသေးတာလဲ မျက်မှန်လုပ်ဖို့  ငွေမပြည့် သေးဘူးလား ကျနော်နဲ့ လိုက်ခဲ့ လိုက်လုပ်ပေးမယ် ဆိုပြီး ဇွတ်ခေါ်သွားရကောင်းမယ်နဲ့ တူတယ်လို့ စိတ်တွေတိုမိတာမျိုးတွေ ခုတော့ မရှိတော့ ပါဘူး...ပြီးတော့  အဲ့ ဘဘကြီးတကယ်လိုချင်တာ မျက်မှန် မဟုတ်မှန်းလဲ သိခဲ့ ပါပြီ အဲ့  မျက်မှန်ဘဘကြီး မလာတာ ကြာနေလို့  မေ့ နေရာက ဖြတ်ကနဲ သတိရလိုက်တဲ့ အခါမျိုးမှာ အဲ့ မျက်မှန်အဘကြီး လူပြည်မှာရှိသေးရဲ့ လားလို့ တောင် တွေးမိတဲ့ အဖြစ်ပါပဲ
ဟိုတစ်လောက အောက်လမ်းထိပ်မှာ အလှုခံဘကြီးတစ်ယောက်ကားတိုက်ခံလိုက်ရတယ်လို့  သတင်းကြားလိုက်တုန်းက ရင်ထဲမှာတောင် '''ဟာကနဲ '' ဖြစ်သွားလိုက်ပါသေးတယ် ဟို လာနေကျ မျက်မှန်ဘဘကြီးများလား မသိပေါ့  ထ တော့  လိုက်သွားမကြည့် ဖြစ်ခဲ့ ပါဘူး
နောက်လလောက်မှာတော့  အဲ့ မျက်မှန်ဘဘကြီးရဲ့ အသံ လမ်းထိပ်ကလောက်ကနေ အသံပျံ့ လွင့် လာချိန်မှာတော့  အရင်လာနေကျထက် ပျော်သွားမိပါသေးတယ် ဟာ...ဟိုဘဘကြီး မသေသေးဘူးဟ...ပေါ့ 
အဲ့ အခေါက်က ခါတိုင်း ၂၀၀တန်က နေ ၅၀၀တန်တစ်ရွက်ထွက်လှုမိခဲ့ တဲ့ အထိပါပဲ.... ကိုယ့် ဘ၀နဲ့ ကိုယ့် အကြောင်း သူ့ ဘ၀နဲ့ သူ့ အကြောင်းတွေမို့  တစ်ခါတစ်ရံ ဘ၀တွေဟာ......
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..