----
ဘယ်နိုင်ငံရဲ့  ဥပဒေဖြစ်စေ...ဥပဒေ သဘောက အများအတွက် အဟန့် ယေဘူယျသဘော အသွင်ကိုသာ ဆောင်တယ်..
တစ်ဦးချင်းသဘောက လူက သူလုပ်ချင်ရာ လုပ်ခွင့် ရသလောက် အရင်လျှောက် လုပ်ပစ်လိုက်တာ များတယ် ဥပဒေကို ကြောက်လို့ မလုပ်ဖူးဆိုတာ ဥပဒေကို ကြောက်တဲ့ စိတ်ကျော်မထွက်သွားခင်အထိပဲ...တစ်ခုခုကို လုပ်ချင်လွန်းလာတဲ့ စိတ်က အရာအားလုံးထက် ကျော်သွားပြီးဆိုရင် ဥပဒေတွေ ဘာသာရေးက ငရဲတွေ ကျေးဇူးရှင်တွေ မသင့် တော်ဘူးတွေ ဘာတွေ မသိတော့ ဘူး ဂရုမစိုက်တော့ ဘူး နောင်ခါလာနောင်ခါဈေးပဲ ဥပဒေက နောက်မှ ....
ဒီတော့  ဥပဒေရှိသားပဲဆိုပြီး ဘာကိုမှ သတိလက်လွတ်နေလို့ မဖြစ်ဖူး ဘယ်နိုင်ငံမှာမဆိုပေါ့ . .ပထမဆုံးက ကိုယ့် ကိုယ်ကို အရင်ကာကွယ်ထားနိုင်သလောက် ကာကွယ်ထားတာက နောက်မှ လာမယ့်  ဥပဒေထက်ပို အရေးပါတယ်..
ကာကွယ်တယ်ဆိုတာတော့ အမျိုးမျိုးရှိမှာပေါ့ ...ဒါတော့  ဥာဏ်သုံးရလိမ့် မယ်...အနဲဆုံးကတော့  ကိုယ်ယုံကြည်ရာ ဘုရားစာဂါထာတွေကို စိတ်ကနေ ခဏခဏ ရွတ်ဖတ်မိနေတာမျိုးကလွဲရင် လူတွေ အပါအ၀င် တလောကလုံးကို အလွယ်နဲ့ ဘာမှ ယုံမထားလိုက်မိဖို့  ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..