Powered By Blogger

Wednesday, July 8, 2015

လူ့ ကုသိုလ်

လူ့ ကုသိုလ်
-------
သစ်ပင်အယူအဆကို ရှင်းလက်စနဲ့ ဆက်ရှင်းပြတာပါ....လောကီပညာ စာပေလာတွေရဲ့ ထောက်ခံချက် ကန့် ကွက်ချက်တွေ တစ်ချို့ မှာ အချိန်အခါသဘောတွေ ပါလာလေ့ မရှိပဲ တုံးတိကြီး ရေးဖွဲ့ ပြသွားတာမျိုးတွေ ရှိတတ်ပါတယ်..ဒါကို ဒဲ့ ယူ တွေးလိုက်ရင် လက်တွေ့ လုပ်လိုက်လို့ စာပေလာ သဘောမျိုးမကြုံရတဲ့ အခါ စာပေလာတွေဟာ ယုတ္တိမရှိသဘော ဖြစ်သွားတာတွေအများကြီး ဖြစ်ကုန်ကြလေ့ ရှိပါတယ်



ဆိုပါတော့  ဥပမာ တစ်ခုအရ  ကြာသာပတေး သားသမီးတွေရဲ့ ကာဗာ နံတွဲ ဟာ အင်္ဂါနံ + စနေနံ = စွယ်တော်ပင်ပါ..ဒီင်္အပင်ကို ကြာသာပတေးသားသမီး အိမ်ထောင်ဦးစီး ရဲ့ အိမ်ရှေ့ မှာ စိုက်ထားရင် အိမ်လုံပါတယ်.ဒါပေမယ့်  ဒီအတိုင်းအပင်ပေါက်ယူလာ ကြုံသလို ချစိုက်ရင် သစ်ပင်တစ်ပင်သာသာပါပဲ...အကာအကွယ်သဘောကို ရည်စူးပြီးစိုက်ပြီဆိုတဲ့ အခါ ကြာသာပတေးနေ့  ဖြစ်ရမယ် မနက် ၉နာရီကနေ ၁၀နာရီခွဲကြားဖြစ်ရမယ် ဆပွတ်သား အင်္ဂါသားသမီးက ကူညီစိုက်ပေးရမယ် မြေကြီးက ကြာသာပတေးသားသမီးတွေရဲ့ ဘုမ္မိအရပ်က မြေမဖြစ်ရဘူး...စိုက်ပြီးရင် အောင်ခြင်း ၈ပါး ကို ရွတ်ပြီး ရွှေရည်ငွေရည်လောင်းရမယ်...အဲ့ အပင်မှာ ကွမ်းတံတွေးတွေ အညစ်အကြေးအမှိုက်တွေ မထွေးစေရဘူး အပစ်စေရဘူး စသဖြင့်  ရှုတ်ရှုတ်ယှက်ယှက် တွေနဲ့  စိုက်မှာ ကာဗာအဖြစ် ဓါတ်သက်ဝင်လာပါတယ်...

ဒီလိုပဲ ကြာသာပတေး သားသမီးတွေအတွက် ကာဗာနံ ဖြစ်တဲ့  စွယ်တော်ကို ပြောင်းပြန်လှန်လိုက်ရင် စနေနံ + အင်္ဂါ နံ နှင်းဆီပင် ထွက်လာပါတယ်...ဒါကိုလည်း ကြုံသလိုယူလာကြုံသလိုစိုက်ရင် ပန်းပင်က ပန်းပင်သဘောပါပဲ...အကယ်၍သာ အဲ့  နှင်းဆီ ပင်ကို သောကြာနေ့ ရဲ့  ညနေ ၄နာရီခွဲကနေ ည ၇နာရီခွဲကြားမှာ အိမ်ရှေ့ ပုံမှန်လေး ကိုယ်တိုင်ချစိုက်လိုက်ရင်တော့  နှင်းဆီပင်ရှင်သန်လာလေလေ အဲ့ ကြာသာပတေးသားသမီးရဲ့  မူလ ကြာသာပတေးနံ ပညာအတွေးအခေါ် ဘ၀ရဲ့ ပျော်ရွှင်မှု့ တွေ တစ်စတစ်စ ပုံမှန်အခြေအနေကနေ ပျက်ဆီးလာတာ
 ကိုယ့် အလုပ်ခွင်က အကြီးအကဲတွေ ကိုယ့် ဆရာသမားတွေ ကိုယ့် မိဘတွေ ရဲ့ ငြိင်ပြင်အထင်မှားမှု့ တွေ ခံစားလာရပါလိမ့် မယ်...

ဒါပေမယ့်  ဒီလို မျိုးတွေ မကောင်းတဲ့ အခါ...မကောင်းတဲ့  အချိန်မျိုးမှာ ကိုယ့် မွေးနံ အတွက်  မသင့် တော်ဆိုတဲ့  ပညတ်အပင်မျိုးတွေကို ကိုယ့် မင်္ဂလာအရပ် ကိုယ့် အိမ်ရှေ့ မှာ စိုက်မိဖို့ ဆိုတာ အဲ့  ကြာသာပတေးသားသမီးဟာ တော်တော်လေးကို ကံနိမ့် နေချိန်မျိုးမှ တိုက်ဆိုင်မှာပါ အများအားဖြင့်  လူ့ ကုသိုလ်သဘောကြောင့်  တမင်ရည်ရွယ်ပြီး မကောင်းတာတွေ လုပ်မိမှာမျိုး ဖြစ်တောင်ဖြစ်ခဲပါ ဒါကြောင့်  တော်ယုံကုသိုလ်ရှိတဲ့  လူအများစု သူတို့ အိမ်ရှေ့ ဘာပင်စိုက်စိုက် စိုက်ပြီးမှ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်စုံတစ်ရာမျိုး သိပ်တွေ့ ရလေ့ မရှိတဲ့ သဘောပါပဲ

ကျနော် အိမ်ရှေ့ လဲ ဘာပင်တွေမှန်းကို မသိသလောက်ပါပဲ တော်ကြာအပင်တစ်မျိုးရောက်လာ နောက်လတော့ နောက်တစ်မျိုး ဖြစ်နေတာမျိုးပါ..အေးဆးပါပဲ မျက်စိရှုတ်ရင်ခုတ်ပစ်လိုက် လှတာတွေရင် စိုက်ချင်စိုက်ထားလိုပါပဲဗျာ...ချုပ်လိုက်ရင် လူဖြစ်ထိုက်တဲ့ ကုသိုလ် ရှိလု့ လူဖြစ်ပြီးနောက် ကောင်းမှု့ တွေဆက်ပေးနေတဲ့  လူတွေအများစုကတော့  စာဆိုတွေထဲကလို ဖြစ်တောင့် ဖြစ်ခဲတွေပါဗျာလို့ ပါ...ဒါကိုပဲ လူ့ ကုသိုလ် လို့ ဆိုလိုတာပါ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..