Powered By Blogger

Wednesday, July 8, 2015

အဆိုတွေကို အတွေးကပ်တဲ့ အခါ

အဆိုတွေကို အတွေးကပ်တဲ့ အခါ
--
ကျနော်တို့ ပညာရပ်တွေကို လိုက်တဲ့ အခါ ပထမအချက်က သိချင်တာကို သိဖို့ နဲ့  မရှင်းတာကို ရှင်းအောင် သိချင်တယ် '' ရိုးရိုးသားသားသိချင်တဲ့ စိတ် '' နဲ့  လိုက်ခဲ့ ကြတယ်



ပညာရပ်တွေဆိုတာ ပညာရပ်တွေဖြစ်လို့  ပညာရပ်အဖြစ် နှစ်သက်တမ်းတွေအကြာကြီး ရပ်တည်ခဲ့ ကြတယ်လို့ လက်ခံထားကြတယ်ဒီတော့ ပညာရပ်တွေအပေါ် ကိုယ့် တွေးတောနိုင်စွမ်း မမီသေးတာနဲ့  ပျက်ရယ် မပြုခဲ့ ကြဘူး

တစ်ခါတစ်ရံ စိတ်ပေါ့ ပါးစေ ပျော်စေပါးစေ နောက်ထပ် ဆက်ပြီး တွေးတောနိုင်စေဖို့  နောက်ပြော ပြောင်ပြောလေးတွေတော့ လုပ်ကြလေ့ရှိတယ် အဲ့ ဒါကလည်း တွေးစရာတွေ ရှိသေးတယ် ဘယ်သူများ ဆက်ပြီးတွေးဆပေးနိုင်မလဲလို့  စကားပစ်ကြည့် တဲ့ သဘောပဲ

တစ်စုံတစ်ရာရှိနေတယ် ဆိုတာ ရှေ့ အကြောင်းတစ်စုံတစ်ရာ ဖြစ်ထားလို့ ဆိုတဲ့ သဘော  အကျိုးတစ်ခုခုဟာ အကြောင်းတစ်ခုခု မခံပဲ ဖြစ်ရိုးမရှိ ဆိုတဲ့ သဘောအရ....ရှေးအဆိုအမိန့် တွေအများစုဟာ တစ်စုံတစ်ရာ နောက်ခံ အကြောင်းတစ်ခုခု မရှိပဲ  ပေါ်လာရိုး ကျန်ခဲ့ ရိုးမရှိဘူး

ဒီတော့ အဆိုအမိန့် တစ်ခုခုဆိုရင် ဘာကိုဆိုလိုတာလဲ ဒီအဆိုက ဘယ်ခေတ်ရဲ့ လူနေမှု့ တွေဓလေ့ တွေကို ကိုယ်စားပြုသလဲ အဲ့ အဆိုတွေဟာ ဒီဘက်ခေတ်အထိလွှမ်းခြုံကိုယ်စားပြုနိုင်သေးလား မပြုနိုင်တော့ ဘူး အဲ့ အဆိုတွေမှာ နောက်ထပ် မြှုတ်ကွက်တွေ ရှိသေးလား အဲ့ အဆိုတွေဟာ လူ့ အဖွဲ့ အစည်းကြီးတစ်ခုလုံးကိုကိုယ်စားပြုသလား တစ်ဦးချင်းကိုကိုယ်စားပြုတာလား..
စသဖြင့် စသဖြင့် အဆိုအမိန့် လေးတစ်ခုမှာ တကယ်တန်းတွေးပြီဆိုရင် ဆက်တွေးစရာ ခေါင်းကို အလုပ်ပေးစရာတွေအများကြီးရှိတယ်

ဆိုပါတော့  တံခွန်ကုက္ကားမုလေးပွား အိမ်မှာ မထားကောင်း ကျောက်ဆစ်ရုပ်ပွားတော်ကိုအိမ်မှာ မပူဇော်ထားကောင်းလို့  ဖတ်ဖူးကြားဖူးမယ်ဆိုပါတော့ 

..ဒီမှာ စတွေးစရာက ဒီအဆိုဟာ အကဲဆတ်တဲ့ သေးသေးတင်မခံနိုင်တတ်တဲ့ ယုံကြည်မှု့ အယူဝါဒကို အခြေခံတဲ့ အဆိုဖြစ်တယ် ရှေးလူကြီးတွေဟာ အယူဝါဒနဲ့ ပတ်သက်လာရင် ဒီနေ့ ခေတ်ထက်တောင် ကြောက်ကြည်ညိုစိတ်ပြင်းထန်တယ် ကိုယ့် ကိုယ်ကို ဓမ္မန္တရာယ်တော့ အဖြစ်ခံပြီး ပြောရဲမှာ ပြောခဲ့ မှာမဟုတ်လောက်ဖူး ပြောရခြင်းအကြောင်း တစ်စုံတစ်ရာ အကြောင်းတော့ ရှိလိမ့် မယ် ပြီးတော့ .အဲ့ အကြောင်းကဘာလဲ ဆိုတာကို ဆက်တွေးဆတယ်ပေါ့ ...ဘာကြောင့် ဆက်တွေးရသလဲဆိုတော့  ဘာလို့ အိမ်မှာမထားကောင်း မပူဇော်ကောင်းလို့  စိတ်ကျေနပ်လောက်တဲ့  အဖြေမထားခဲ့ လို့ ပဲ..ပြီးတော့ ဆက်လက်ခံနိုင်စရာ (သို့ ) ငြင်းပယ်ဖို့ လိုမလို ပေါ့ .

နောက်တစ်ချက်က တစ်ချို့ အဆိုအမိန့် တွေရဲ့ အဖြေကိုသိတော့ ရော ကိုယ့် ဘ၀ကို ဘာများ အပြောင်းအလဲ ဖြစ်သွားနိုင်လဲလို့ တွေးရင် အများအားဖြင့်  သိသာတဲ့ ဘာ အပြောင်းအလဲမှ မရှိဘူးလို့ ပဲဆိုရမှာပါပဲ...

ဒါပေမယ့်  သိလိုတာကို သိရတဲ့ စိတ်ကျေနပ်မှု့ ရဲ့ စိတ်ခံစားမှု့ ကို သတိထားမိရင်တော့ ..ဆိုပါတော့ ဒီနေ့ အထိ စကြ်ာဝဠာထဲ  လူမျိုးနွယ်နဲ့  ဘရိမ်းတူ (သို့ ) ဘရိမ်းသာတဲ့  သတ္တ၀ါသစ်တွေ (သို့ ) ကမ္ဘာပေါ်က သက်ရှိဖြစ်တည်မှု့ တွေနဲ့ ပုံစံတူတဲ့  နောက်ထပ် သက်ရှိတစ်ခုခု တွေ့ ဦးမလားလို့  ခြေဆန့် ခရီးနှင်နေကြဆဲ သိပ္ပံဆရာတွေရဲ့ ဖီလင်သဘောမျိုးပေါ့ 

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..