ခြေမန်းကွင်းညှော်နံ့ သည်လည်း
--------------
န၀င်းရိုက်ပြီး ညနေစောင်းပွဲထွန်းတော့  န၀င်းလာထိုင်တဲ့ သူဆီက ချွတ်ယူထားတဲ့ ခြေမန်းကွင်းကို နောက်ဖေးလမ်းကြားထုတ်ပြီး ဆီမီးထွန်းပါတယ် ( မီးရှို့ ပစ်တဲ့ သဘော)....အဲ့ ဆီမီးက ညှော်ဟာ သာမန်ညှော်နဲ့ မတူပါဘူး ကြာကြာရှုမိရင် ရှုမိသူတွေဟာ ဓါတ်ခိုက်သလိုဖြစ်လာပြီး နေရထိုင်ရတာ မကောင်းတာ့ ဘူး လေးလံထိုင်းမှိုင်းသွားတယ် ငြီးစီစီဖြစ်လာလေ့ ရှိပါတယ်..အဲ့ တော့  ကိုယ့် အိမ်ထဲကို အဲ့ ညှော် မ၀င်လာအောင် လေအောက်ကို ချိန်ထားရတာ ခပ်လှမ်းလှမ်းမှာ သွပ်မုန့် ပုံးလေးထဲထည့်  ရှို့ ရတာ စသဖြင့်  အကြံအဖန်တွေ လုပ်ထားရပါတယ်ဗျား...( သူများအိမ်ထဲ ညှော်ခိုးလေး လေတိုက်တုန်း နဲနဲပါးပါးဝင်သွားတာကိုတော့  ရူးချင်ယောင်ဆောင်နေလိုက်ပါတယ်...ငိငိ)...( အဲ့ ခြေမန်းကွင်းမှာကိုက အညစ်ဓါတ်တွေပါလို့  သက်ရောက်ဆိုးလေ မီးတောက်ကြီး ညှော်လုံးကြီးတတ်လေပါ)
ဓါတ်ခိုက်မှာကို ဘယ်လောက်တောင် ကြိုတင်ကာထားရသလဲဆိုရင် န၀င်းလာထိုင်တဲ့ သူဆီက ညနေ ဆီမီးထွန်းဖို့  ချွတ်ယူထားတဲ့  ဓါတ်ညစ်တွေကပ်နေတဲ့  ခြေမန်းကွင်းကို မီးမရှို့ ခင် အလွတ် ဒီအတိုင်းချမထားပဲ န၀င်းလာထိုင်သူရဲ့  မွေးနံသားလေးမှာ သွားပတ်ထားရပါတယ် ဥပမာ သောကြာသားရဲ့  ခြေမန်းကွင်းဆို သီစိုရိုးလေးမှာ သွားပတ်ထားတယ်ပေါ့  ညနေကြမှ ယူပြီး ဆီမီးခွက်ထဲထည့်  ရှို့ တယ်ပေါ့ ..
-
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..