Powered By Blogger

Wednesday, July 8, 2015

တိုက်ပွဲဝင်ဗေဒင်

တိုက်ပွဲဝင်ဗေဒင်
--------
အသက် ၂၉ ( ရာဟုသက်ရောက်)ထဲရောက်နေပြီဖြစ်တဲ့  ၄ ကြွင်းအင်္ဂါသမီးပေါ့  ခေး တူး နဲ့  သူ့ မွေးလက ၃ လပိုင်းကုန် ပြီးတော့ 
သူက အလုပ်ကောင်းတယ်..ဒါပေမယ့် .လင်မယား ၂ ယောက် ကိုယ်ပိုင် အိမ်တော့ မရှိသေးပုံရတယ်..
အဲ့ ဒါ ယောက္ခမ အိမ်က နေ ဆင်းလာတယ်လို့ ပြောတယ်..သူ့ မိဘ အိမ်အခုပြန်နေတယ်ပေါ့ 
သူ့ ယောက်ျားကို အသံတောင်မကြားချင်တော့ ဘူးလို့ ဆိုတယ်
( ဆင်းလာတာ ၆လပိုင်းလ၀က်ကလို့ ဆိုတယ် )( အခု အဲ့ အင်္ဂါသမီး ပေါက်ကွဲနေတဲ့  ၇ လပိုင်းက စနေလစိတ်ပါ)...



အိမ်ထောင်ရေးအကြောင်းသိချင်တယ်လို့  စကားခြေဆင်းနဲ့ လာတာဖြစ်ပြီး ကွဲကိန်းရှိမရှိတွေ ဘာညာတွေ မပါဘူး..
.( အများအားဖြင့် ပေါက်ကွဲနေကြတာသာ ဖြစ်တတ်ပြီး လွယ်လွယ်နဲ့ 
တကယ်ကွဲချင်ကြသေးပုံတော့ မပေါ်တတ်သေးတာများတာက အိမ်ထောင်သည်တွေရဲ့ သဘာဝပါ)

သူ့ လူုကလည်း သူနဲ့ ၁၀ရ ၁၅လောက်ပဲကွာတယ်တဲ့  (၂လပိုင်းမွေး) သောကြာသားလို့ ဆိုတယ် ဒီတော့  ၄ကြွင်းသောကြာသား သိုက်ဖွားပေါ့ ....
အသက်က ၂၉ဗုဒ္ဓဟူးသက်ရောက်ပေါ့ ...( သောကြာသားသမီးတွေ အသက် ၂၈ ၂၉ ၃၀ ကြားက အင်္ဂါ ဗုဒ္ဓဟူး စနေ သက်ရောက်သုံးနှစ် ဖြတ်ရင်
 တော်တော်တော့  ဗယုတ်သုတ်ခနိုင်တယ်)....အဲ့ သောကြာသားကလည်း အခု လစိတ်ဖြတ်နေတာက အင်္ဂါ လစိတ်မှာပဲ  ဒီတော့  လင်မယား ၂ ယောက်စလုံး ဘူ နေတဲ့  လစိတ်တွေ ထပ်ကုန်ပြီး သူပေါက်ကွဲ ကိုယ်ပေါက်ကွဲတွေဖြစ်နေတဲ့ သဘောပေါ့ 

ကွဲကိန်းရှိမှ ကွဲတာမျိုးလည်း မဟုတ်ဘူး ကိန်းမရှိလည်း ကွဲနေကြတာတော့  အများကြီးပဲ  အခုကတော့  ကံတွေအရ
ကွဲကိန်းတော့ တိုက်ရိုက်မရှိဘူး  ရှေ့  ၈လပိုင်းနဲ့  ၉လပိုင်းရောက်ရင်တော့  အခုဖြစ်နေတဲ့ အခြေအနေတွေ ပြန်ကောင်းသွားနိုင်တယ်...ဒါမှမဟုတ် တစ်ခုခု ဆုံးဖြတ်ချင်ရင် လာမယ့်  ၈လပိုင်းကို စောင့် ပါ အခု ၇လပိုင်းက ဘာဆုံးဖြတ်ချက်မှ အမှန်လို့  မယူဘူး
စိတ်အမှန်လို့ လဲ မယူသေးဘူး တစ်ခုခု ဆုံးဖြတ်ချက်ချလို့ လည်း မအောင်မြင်သေးဘူး..လို့ ပြောလိုက်တယ်...ဒါနဲ့  အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲလို့ မေးတော့  ၈ နှစ်တဲ့ ...

ဘယ်လိုဟာတွေကို မကျေနပ်လို့  ယောက္ခမအိမ်ကဆင်းလာရသလဲလို့ တေ့ မမေးတော့ ပါဘူး...ဒါနဲ့  သူနဲ့  ဆက်စကားပြောနေရင်းက ယောက်ျားက ကွာမယ်ဆို တရားရုံးမှာသွားကွာမယ် လို့ ပြောတယ်လို့  အဲ့ အင်္ဂါသမီးက ပြောတယ်...ပြီးတော့  အဲ့ အင်္ဂါသမီးကပဲ ကျမကလည်း သူ့ မျက်နှာရော သူ့ အသံပါမကြားချင်မမြင်တော့ ဘူး  စာချုပ်ပို့ လိုက်မယ် နင်လက်မှတ်ထိုးပေးလိုက်လို့ ပြန်ပြောထားလိုက်တယ်လို့ ပြောလာတယ်...

ဒါနဲ့ ကျနော်က ကိုယ် မုန်းတဲ့ သူ ကိုယ့် ယောက်ျားကို ဒီလို ကွာရှင်းလက်မှတ်လေး လွယ်လွယ်နဲ့  ထိုးပေးလိုက်ရင် သူလိုချင်တာ ရသွားလို့ သူ ပျော်သွားမှာပေါ့ 
 ကိုယ့် ရန်သူကို ဒီလို လွယ်လွယ်နဲ့  ပျော်ခွင့် မပေးရဘူး..ရစ်ထားရမယ်...ဆိုပါတော့ အဲ့ သောကြာသားက စမော ဆွဲချင်တယ်ဆိုပါတော့ ကိုယ့် ကို ကွာပြီး
နာက်တစ်ယောက်ယူချင်တယ်ဆိုပါတော့ ...ဒီလိုလုပ်လာရင် ကိုယ်က ကွာရှင်းလက်မှတ်မထိုးပေးလေ အဲ့ သောကြာသား ညစ်နေလေလေပေါ့ ...ပြီးတော့  ကိုယ်က
ကွာရှင်းလက်မှတ်မထိုးမချင်း မယားကြီးက မယားကြီးပဲ ကိုယ်ကလည်း နောက်ယောက်ျား လွယ်လွယ်နဲ့ ယူမှာမှ မဟုတ်တာ..ဟုတ်တယ်မလား.....အဲ့ တော့ သူ့ ဟာသူ ဘယ်နှစ်ယောက်ယူယူ သူယူသမျှ ဟာလေးတွေက မယားငယ်လေးတွေချည်းပဲ ကိုယ်ကစင်ပေါ်ကထိုင်ကြည့် နေယုံပဲ
ဒိထက်ရစ်ချင်သေးရင်  အဲ့ သောကြာသား နောက်တစ်ယောက်ကို ယူဖို့  စီစဉ်နေပြီလို့  အသံကြားတာနဲ့  ကျမသာ မယားကြီးဖြစ်ကြောင်း သတင်းစာထဲ ထည့် လိုက်ရင် အဲ့ သောကြာသားရော သူနောက်ယူချင်တဲ့ မိန်းမရော မြွေဖမ်းပြီ...ကဲ...

ဟဲဟဲ...အဲ့ အင်္ဂါသမီး ဘာဖြစ်သွားမယ် ထင်လဲဗျာ....ဟီးဟီးးးး.

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..