Powered By Blogger
Wednesday, July 8, 2015
ဆိုက်ကို
ဆိုက်ကို
----
ထပ်ရေးပြတာပါ..ကျနော် သွားနေတဲ့ စတိုင်က (သံသရာကကံ + ပစ္စုတ်ပန်ကံ.>>> အနာဂတ်ကံ ) ဆိုတဲ့  သဘောတရား
အတွေးအမြင်သဘောလို့ ဆိုနိုင်မယ်...
အဲ့ အခြေခံ အတွေးကနေ အိမ်ရှေ့  မျက်နှာစာမှာ သပြေပင်စိုက်လို့  ငှက်ပျော်ပင်စိုက်လို့  တစ်အိမ်လုံးဖယိုဖရဲတွေ ဖြစ်ကုန်တယ်ဆိုတာမျိုး...အညွန့် ပင်စိုက်လို့ 
စီးပွားတက် သွားတယ်ဆိုတာမျိုး တစ်ကြောင်းဆွဲ အပြောမျိုးတွေကို ကျနော့်  ဗေဒင်ဘ၀ခရီးမှာ ထည့် မပြောပေးတတ်တော့ ပါဘူး..ဒီလို သစ်ပင်တစ်ပင်ကြောင့် ကောင်းမှု့ ဆိုးမှု့  တစ်ခုခု ဖြစ်ရတယ်ဆိုတာမျိုးဟာ ယုံကြည်မှု့ ဘောင်ထဲရောက်သွားတဲ့ သဘောမျိုးဖြစ်တယ်...သစ်ပင်ကြောင့်  ကောင်းမှု့ ဆိုးမှု့  ဖြစ်တယ်မဖြစ်ဖူးဆိုတာ သစ်ပင်ကြောင့်  သက်သက်ပါလို့  သက်သေပြရခက်တယ်...သစ်ပင်မရှိတဲ့ အိမ်တွေက ကောင်းမှု့ ဆိုးမှု့ တွေကရော ဘာကြောင့် ဖြစ်နေရသလဲလို့ တွေးစရာရှိလာလိမ့် မယ်ပေါ့ 
ဆိုပါတော့  တကယ်လုပ်ခဲ့ ဘူးတာတွေထဲက ဆရာ နဲ့  တွဲနေတုန်း ကျနော် န၀င်းထိုင်တယ် အဆောင်ဆောင်တယ် နေ့ ကောင်းရက်သာ ရွေးပြီး မိုးကုပ်ကိုတက် ကျောက်သွားတူးဖူးတယ
အစုဝင် အနေနဲ့ ပေါ့ ထမင်းစားလောက်သာရပြီ ပြန်အဆင်းမှာ ကိုယ့် ကား ဘရိပ်ပေါက်ချက်က  ချောက်နှုတ်ခမ်းမှာ တဲတဲလေးပေါ့  သေချိန် မရောက်သေးလို့ ပေါ့  အဲ့ အသက်က စနေသက်ရောက်ပေါ့ 
သိသိကြီးနဲ့ ကို တမင်စွန့် စားကြည့် တာပေါ့ ..
ဒါဟာ စနေသက်ရောက်မှာ မစွန့် စားသင့် တာကို စွန့် စားမိလို့ လား...ယတြာကစားထားရဲ့ သားနဲ့  ဘာလို့ ဖြစ်ရတာလဲ..စသဖြင့် တွေ မေးစရာတွေဖြစ်လာပါလိမ့် မယ်...ကျနော်ကတော့  စနေသက်ရောက် တစ်ချက်တည်းကြောင့်  တစ်ခုထဲတော့  မဟုတ်ဘူး တစ်ခြားအကြောင်းတွေ သံသရာက ကံအကြောင်းတရားတွေ မိသားစုဝင်တွေရဲ့ ကံသဘောတွေ အဖေနဲ့ အမေရဲ့ ကံအကြောင်းတရားတွေ
အများကြီးပါဝင်ပတ်သက်နေတယ်လို့ ပဲ ပြောမှာပါ...ကမ္ဘာစစ်ကြီးဖြစ်ဖို့ မိန်းအချက်က ( ကိုယ်နဲ့  ကံတူအကျိုးပေး စုပေါင်းပြီး ဖြစ်တည်လာတဲ့ မိသားစုဝင်တွေ) က အကြောင်းအရင်း ၄ ချက်ဆိုရင် စနေသက်ရောက်ကတော့  ကမ္ဘာစစ်ကြီး ထဖြစ်ရတဲ့  လတ်တလော အကြောင်းအရင်းမျိုးပါ့ 
ဒါပေမယ့်  ဗေဒင်အလုပ်သဘောအရ ကိုယ်ယုံတာ မယုံတာ အသာထား မေးသူရဲ့ အနေအထားလိုက်ပြီး တစ်ချို့ ကိစ္စတွေမှာ သူတို့ စိတ်သဘာဝနောက်ကို အခြေအနေကြည့် ပြီး
လိုက်ဖေါပေးရလေ့ ရှိပါတယ်. ဗေဒင်သဘောဆိုတာ ရုပ်အကြောင်းတွေချည်း သွားနေတာမဟုတ်ပဲ စိတ်ကုထုံးသဘောတွေလည်းပါလို့ ပါ...
ဆိုပါတော့  သူကြုံဘူးတဲ့  စနေသား သုံးယောက် ဂြိုလ်မွှေသွားတာ ခံလိုက်ရသူက နောက်လာသမျှ စနေသားတွေဆို သွေးလန့် နေတတ်လေ့ ရှိတာ ဖြစ်ရိုးဖြစ်စဉ် လူ့ သဘာဝ ဆိုက်ကိုဝင်သွားတဲ့ သဘောပါ အဲ့ ဒီမှာတင် တစ်ဝက်ကျဆုံးနေပါပြီ ဒါကို အစွဲတွေပါလို့  အပေါ်ကနေ ဓမ္မသံနဲ့  နင်းမပြောပေးပါဘူး
...ဖြုံနေရင် အရင်ရှောင်ကြည့် လိုက်ပေါ့  အဲ့ ဒါ  တထိတ်ထိတ်နဲ့  နေရတာထက်စာရင် စိတ်ချမ်းသာတယ် ရှောင်မရရင်သေးရင်တော့  သတိထားပေါ့ ဒီလိုလေးတော့ ကြိုကာထားကြည့် ပေါ့  ဆိုတာ သူ့ စနေလန့်  ဆိုက်ကိုကို အရင်စဖြည် ပေးလိုက်တဲ့ ယတြာသဘောပေါ့ ဒါက အလုပ်သဘော...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..