Powered By Blogger

Wednesday, July 8, 2015

၆ ကြွင်း တနင်္ဂနွေသားရဲ့ မရဏ နံ သည်လည်း...


၆ ကြွင်း တနင်္ဂနွေသားရဲ့ မရဏ နံ သည်လည်း...
---------
မရဏ နံက ကျွံသွားရင် ပြန်လိုက်ရ မလွယ်ဘူး  ၆ကြွင်း တနင်္ဂနွေသား သိုက်ဖွား ဆရာဝန်တစ်ယောက်က သူ့ ဟာသူ ဆရာဝန်လုပ်စားပြီး အေးအေး မနေပဲ
ပို ဘောစိချင်တာနဲ့ အင်္ဂလောင်က ကျောင်းနေဘက် ဘော်ဒါက ဟိုကနေ လှမ်းပြီး တော်ကီအပြောကောင်းတာနဲ့  စတော့ ဝင်ကစားဖို့ ဘဏ့် အကောင့် ကနေ
ငွေလွှဲနဲ့ ရှယ်ယာလှမ်းထည့် လိုက်တယ်တဲ့  ပထမတော့  နဲနဲ အမြတ်ပြတယ်တဲ့  နောက်တော့  ဆီမလာ ပဲမပါ ဖြစ်လာတယ်တဲ့  ရှုံးသလိုလို အရင်းနဲနေသလိုလိုတဲ
့ပြီးတော့ ထပ်တောင်းတယ်တဲ့းးး



ဒါနဲ့  ကိုယ်ကပေးရတော့ မယ်ဆိုရင် မသင်္ကာစိတ်ဝင်လာတတ်တဲ့  သူက မသင်္ကာတော့ လို့  သူ့ ရှယ်ယာ အစုတွေ ပြန်တောင်းတော့ နောက်ဘုရားပွင့် 
တော်မူမှလိုလို ကမ္ဘာလဆန်းတစ်ရက်နေ့ လိုလို နေ့ ညရွှေ့ လာတယ် ဆိုတယ် ပြန်မပေးဘူးလို့ တော့  အပြတ်မပြောတဲ့ 
ဒါနဲ့  ဗမာပြည်က သူ့ မိဘတွေကို ၀ူးဝူးဝါးဝါး သွားဖြဲတော့ လည်း ငါ့ လက်ကလွတ်ဘလွတ် မိဘတွေက သူတို့ သားကိစ္စ သူတို့ နဲ့ မဆိုင်တဲ့  ..

အဲ့ ကိစ္စကို ပြန်လုပ်ကြည့် တာ ၂ပဲခြောက်ပြားတောင် ၃ ခါလောက်ခွဲ ပြန်လာတယ် ညစာစားပွဲ ၂ ၀ိုင်းစာတောင်မရှိဘူး..အားရှိစရာ..ခိခိ  တော်သေးတယ်
န၀င်းပွဲခလေးတော့  အရင်းကျေလို့ ...ငိငိ

ဒါတောင် အင်္ဂလောင်က ငတိက ယတြာတန်ခိုးထက် ၆ ကြွင်း တနင်္ဂနွေသား ဆရာဝန်ရဲ့  ကြွေးတောင်းသံ သူ့ ဆီ အဆက်မပြတ် ၀င်နေတဲ့ ဖုန်းကောလ်
တတီတီကို နားပူလွန်းလို့  ရေခဲရေဖိုး ပြန်ပေးတာမျိုးလားမသိဘူး နောက်ထပ်တော့  ဘာပဲမှ မလာတော့ ပါဘူး
.
အဲ့  ၆ ကြွင်းတနင်္ဂနွေသားဆရာဝန် ကလည်း သူ့ ပိုက်ပိုင်နဲ့ ပတ်သက်လာရင် အတော် နားပူတတ်ပုံရတယ် ကျနော်တောင် သူ့ အငြီးတွေအောက်မှာ
နားတွေ ပူလာတယ်..မနက်ဖြန်သဘက်ပဲ မွဲတေစုတ်ပြတ်သွားတော့ မယ့် ပုံမျိုး ငြီးပြချက်က...တစ်ခါတစ်လေ သူလာတာမြင်လိုက်တာနဲ့ လူက
ထိတ်ကနဲတောင် လန့် သွားတတ်တဲ့ အထိပဲ  ဟမ်းမငီးးးး...မွေးမေလေ့ ငါ့ ဝဋ်ကြွေးတော်ကြီးလာပြီဟ..လို့ .့...ငိငိ

.( ဒီလို ပါသွားတာတောင် ဒီဆရာဝန်က ကျနော်တို့ မဟာဘုတ်သဘောတွေကို ကျနော့် ဆရာတွေထက်တောင် တတ်သလိုလို အဆင့် ရှိပါ့ ဗျာ.
ဆရာကြီးစာအုပ်တွေရော ဆရာ့ စာအုပ်တွေရော အကုန်လေ့ လာဘူးတယ်တဲ့ ( ဖတ်ဖူးတယ်တောင် ဟုတ်ပုစ်..သုတေသီတဲ့  လေ့ လာသူတဲ့ ...ငိငိ.)
.နောက်လာတော့ ကျနော်က ဟောပြစရာတောင် မလိုတော့ ဘူး..သူကတောင် တစ်ချို့ ဟာတွေ ပြန်ရှင်းပြသွားတာ..အဟီးးးး)

..အဲ့ ကိစ္စအတွက် အဲ့ ဆရာဝန် အာရုံတွေနောက် ပြန်ရဖို့  လုံးပမ်းနေတာနဲ့  အဲ့ ဆရာဝန်ရဲ့ ဘ၀ သူ့ အချိန်ကောင်းလေးတွေ ၃နှစ် ၄ နှစ်လောက် ပလုံသွားတယ်
ခုတော့  လက်မြှောက်ပြီး စလုံး ထွက်သွားလေရဲ့ ဗျာ...တော်သေးတာက အဲ့ ဆရာဝန်ရဲ့ မိဘတွေ နဲ့ မယားဘက်က အုပ်စုတွေက စားနိုင်သောက်နိုင်လို့ ..
အခုတော့  ဘာကို စိတ်နာမှန်းမသိဘူး စလုံးမှာပဲ လုပ်စားနေတော့ မယ်တဲ့  အဲ့ ကမှ အလုပ်ဖြစ်သေးတယ်ဆိုပဲ  တော်သေးတာပေါ့  ပိုက်ဆံရှာချိန်
အသက်ပိုင်းလေးကျန်နေသေးလို့ 

ဒီကေစ်ကို စယူလာကတည်းက နောက်ကြောင်းပြန်မေးလိုက်တယ် ဘယ်အသက်လောက်က စတော့ ထဲ လှမ်းထည့် လိုက်သလဲလို့ မေးတော့ 
သူပြောတဲ့ အသက်ပိုင်း က စနေသက်ရောက်မှ လှမ်းထည့် လိုက်တာ ဖြစ်နေတယ်...အဲ့ ကတည်းက မြွေဖမ်းပြီ လို့ သိလိုက်ပြီဖြစ်တဲ့ အပြင်
ဒီဆရာဝန်က ၆ ကြွင်း..အဲ့ လိုတွေ ငွေကို ငွေနဲ့ ပြန်ရင်း ပိုကြီးပွားမလားလို့  ခွင်ရိုက်တာမျိုးကို ၆ကြွင်းတွေက လုပ်ရသိပ်ခက်တယ် မရလွယ်ဘူး.
ရလဲ မကောင်းတဲ့ ထွက်ခြင်းနဲ့ ပြန်ထွက်တာမျိုးပဲ...အရှက်တွေ လူ့ ကျင့် ဝတ်တွေ သိက္ခာတွေ မိသားစုတန်ဘိုးတွေ မြောင်းထဲများများပို့ လိုက်ရင်တော့ 
 ဘောစိဖြစ်တာမြန်တတ်တယ် ငွေရပြီးရော အီးပုံးထမ်းရရ  ငဲကျချင်ကျပစီ သဘောစိတ်နဲ့ ....

ဒီတော့  ကျနော်တို့ က ဒါမျိုးကေစ်တွေလာရင် မေးကြည့် တယ် နားထောင်ကြည့် တယ် ခေတ်အမြင်နဲ့  ဗေဒင်နဲ့ ကိုယ့် ဘ၀အတွေ့ အကြုံတွေနဲ့ 
လူ့ စရိုက်တွေနဲ ကိုယ်သိထားတဲ့ ဗဟုသုတတွေနဲ့ စုပြုံ တွေးပြီး အခြေအနေသုံးသပ်ပြီးတာနဲ့  ဒဲ့ ပဲ....ပြန်ရအောင်လုပ်ဖို့ ကတော့  သိပ်မလွယ်ပါဘူး.လို့ ..
..အဲ့ ဒီကနေ စပြောရတယ်..တော်ကြာ ယတြာက ဘာပြုတယ် ညာပြုတယ် ဖြစ်မှာစိုးလို့ လေ..

နောက်ပြီးတော့  ကျနော် အမြဲတမ်း နောက်သလိုလို ရေးတတ်တာက အကြွေးကိစ္စလာရင် ကင်ဆာကုကြည့် ရသလိုပဲ...
သူများကို ပေးလိုက်တုန်းက ပေးသင့် လားဆိုတာ မလာသလောက်ပဲ  ပြန်မလာဇာတ်ကားရိုက်ပြီဆိုလာပြီ....
အဲ့ တော့  ကင်ဆာကကျွံနေသလိုဖြစ်နေပြီလို့ ...သူများဆီက ချေးသုံး ဘဏ်ပေါင်သုံးလဲ ဂလိုပဲ ပြန်ဆပ်နိုင်ခြေ ရှိမရှိ မလာပါဘူး...
အတိုးမသတ်နိင်တော့ ဘူး ဘဏ်က နို့ တစ်ပို့ ပြီး လည်ပင်းညှစ်နေပြီ အရင်းအသွင်းပြန်ပြဖို့  ဘယ်လိုက်ရှာချေးငှားရမှန်း မသိရင် လာပြီ....တွေများပါတယ်လို့ ..

များပါပြီ တစ်ခါတစ်လေ မရဏနံကို မှီ ပြီး ပိုက်ဆံရှာနေတာကို ချက်ချင်းမရစ်သေးပဲ လွှတ်ပေးထားတာ အနှစ်၂၀ အစိတ်လောက်...
အချိန်တစ်ခုရောက်လောက်မှ သူ့ ကိုရော သူ့ မိသားစုဘ၀ကိုပါ ပွဲသိမ်း ထုချလိုက်တာမျိုးတွေ....

အဲ့ လို အနှစ် ၂၀ အစိတ်လောက် ချကျွေးထားတုန်း  ၀ိုက်နေရလို့ ရေလျှံနေတုန်းဆို ဒီ မရဏနံကို မှီ ပြီး ၀ိုက်လွန်းရင် တစ်နေ့  ဒီလို ကြုံလိမ့် မယ်လို့  ပြောရင်
သူသူကိုယ်ကိုယ်  ယုံနိုင်ဘွယ် မရှိဘူးဆိုတာ သဘာဝတော့ ကျပါရဲ့ ..အဆင်မသင့် ရင် သူတို့ ဝိုက်နေရတာကို မနာလိုလို့ တောင် ပြန်အထင်ခံရသွားမှာ.

တနင်္လာနံ ဆိုတာနဲ့  ငွေ ကပဲ ဒွတ်ခပေးနိုင်တယ်ထင်တာက ၆ ကြွင်းတွေကို ပြဿနာ တက်တက်နေတာမျိုးပဲ ငွေ ဆိုတာ ရုပ်ပစ္စည်းပဲရှိသေးတာ
နာမ်သတ္တိက အကြွား ၀မရှိပဲဝိလုပ်ချင်တာ ဖျင်မနိင်ပဲ ပဲကြီးဟင်းစားချင်တာ နေရာတကာ ဂုဏ်ခံချင်လိုက်တာကို မလျှော့ ချင်တာ ..
ဦးညွှတ်ထိုက်တာတွေ့ ရင်တောင် အလွယ်နဲ့  ဦးမညွှတ်ချင်တာ  သူများတွေ ရဲ့ မိုးမွန်နေအောင်  ဆြာခေါ်သံတွေအောက်မှာ အသာယာလွန်သွားတာ
လေလုံးက ကောင်းကင်ကနေ မဆင်းချင်တာ ဟန်ကိုယ့် ဖို့ ကနေ မျောသွားချက်က ကိုယ် ကိုယ်ကို ဒေါင်းအစစ်လို့ ထင်လာပြီး ဘ၀ လေဟတ်လာတာ.
.အဲ့ ဒါတွေဟာ တနင်္လာ အကြွား နာမ်ခံစားမှု့  ဒွတ်ခပေးနိုင်တဲ့ မရဏသဘောပဲ..

ငွေ မရဏမို့  ၆ကြွင်းနှစ်မွေးတွေ  ငွေ လိုချင်တာကို လောဘကြီးလိုက်တာလို့  တိုက်ရိုက် မစွတ်စွဲဘူး လိုချင်တဲ့ နောက်က ကပ်ပါလာနေတဲ့ 
ဒီ ပိုက်ဆံလောက်များ အသေးအဖွဲလေး ဒီလောက်ကတော့  ငါ တတ်နိုင်ပါတယ်ကွာ လို့ ငမွဲပါကွာလို့ အထင်သေး မခံချင်တဲ့  ဂုဏ်ခံလိုက်တဲ့ အကြွားက
 သူ့ ကို ၁ ကောင် ချကျွေးပြီး ၂ ကောင် ပြန်ဝိုက်ဖို့ လာတဲ့  ငါးစာတွေကို မမြင်တော့ တာ သတိလစ်ကုန်တာမျိုးပါ

ချုပ်လိုက်ရင် အရာခပ်သိမ်း ယတြာတွေနဲ့  နောက်က လိုက်ရှင်းနိုင်တာ မဟုတ်ဖူး ရှင်းနိုင်တဲ့ အခြေအနေ ရှိတယ် မရှင်းနိုင်တဲ့ အခြအနေတွေ ရှိတယ် ဆိုတာပါပဲ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..