Powered By Blogger
Wednesday, July 8, 2015
ဘေ့ စစ်သီဝရီ..
ဘေ့ စစ်သီဝရီ..
=========
ဗေဒင်စာအုပ်တွေထဲက ဖတ်နေကျ ဖတ်နေရတဲ့   ဖြစ်တတ်တဲ့ သဘောတွေ
ရေးပြနိုင်သလောက် ရေးပြခဲ့ သလို ဘ၀အဖြစ်အပျက်တွေက မရိုးစင်းဘူး
ပရိယာယ်မျိုးစုံ ဒီဇိုင်းမျိုးစုံနဲ့ ပြဿနာတွေ တစ်ခုနဲ့ တစ်ခု မထပ်ရအောင်ကို
လာနေ တွေ့ နေရတာမျိုးလို့  ...အဲ့ ဒါကို လိုက်အုံးစားနေရတာလို့ ပါ...
ဗေဒင်ကို ကိုင်ထားတာ အခြေခံသီဝရီ ပဲ ကိုင်ထားလို့ ရတာ အဖြစ်အပျက်တွေက ပုံတူ မလာတတ်ဘူး
တူတာ ဘေ့ စစ်ပဲ တူကြတာ ဒါကို ခွဲနားလည်ထားလိုက်ရတာ..
ဆိုပါတော့  အင်္ဂါ သက်ရောက်မှာ စိတ်ဆင်းရဲစရာ စိတ်အလိုမပြည့် တာတွေ ကြုံရလေ့ ရှိတယ်ဆိုတာက ဘေ့ စစ်သီဝရီ...
ဘာကို အကြောင်းခံပြီး စိတ်ဆင်းရဲရတယ် လူသတ်ချင်စိတ်ပေါက်တဲ့ အထိ ဘာ့ကြောင့်  စိတ်တိုရသလဲဆိုတဲ့  အဖြစ်အပျက်က
လူဆယ်ယောက် အင်္ဂါ ဖြတ်ရင် အကြောင်းခံက ဆယ်မျိုးခွဲလောက် ဖြစ်နေတာမျိုးလို့ ....
အဲ့ ဒါကြောင့်  စိတ်ဆင်းရဲစရာတစ်ခုခု ရှိလို့ ဗေဒင်လာကြည့် တာ သေခြာနေမှတော့  ဘာကြောင့် စိတ်ဆင်းရဲသလဲဆိုတာ
အချိန်ကုန်ခံပြီး တွက်ချက်အုံးစား ဟောပြမနေတော့ ပဲ ဘာလုပ်ပေးရမလဲ ဒဲ့ မေးလိုက်တော့  အချိန်ကုန်မခံနိုင်တဲ့  မေးသူကလည်း
သူစိတ်ဆင်းရဲနေရတဲ့ အကြောင်း တန်းပြောကုန်လို့  သူနဲ့ ကိုယ်နဲ့  ပြဿနာတွေကို ၀ိုင်းစဉ်းစားရတာ လိုတိုရှင်း ဖြစ်လို့ 
အလုပ်မြန်မြန်ဖြစ်သွားတယ်ပေါ့ ဗျာ...အချိန်ကုန်လည်း သက်သာသွားတယ်ဗျာ...ကျနော်လည်း ခေါင်းမပူရတော့ ဘူးပေါ့ ဗျာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..