နည်းတစ်နည်းလေး
----------
န၀င်းရိုက်တဲ့ အခါ ကို အဓိကထား ပြောတယ်ဆိုပေမယ့်  ဥာဏ်ရှိသလိုသာ သုံးကြပေတော့ သဘော..အဟိ..ငိငိ...ခိခိ
ဒီပြဿနာကို ကျနော်က ဆရာဆီ ယူသွားတာပါ ကျနော်က တစ်ကိုယ်တော် နွှဲရတော့ မှာ န၀င်းရိုက်ဖို့  ဆပွတ်သား လူ မရှိရင် ဘယ်လိုလုပ်မလဲ ရိုက်လို့  မစွမ်းတော့ ဘူးလားလို့  မေးတဲ့ အခါ ဆပွတ်နံသစ်ရွက်ကလေး အိပ်ထဲဆောင်ရိုက်ရိုက် ပါးစပ်ငုံရိုက်ရိုက် တဲ့  ဗျာ..
သဘောက စနေသားကို ရိုက်ချင်တော့  ကျနော်က စနေ ရဲ့ အောက်နေ့ သားဖြစ်နေတယ် ဆပွတ်သား ကြာသာပတေးးရော စနေရဲ့  အထက်နံ တနင်္ဂနွေသားရော ဟူးသားရောမရှိဘူး ဖြစ်နေရင် စနေရဲ့  ဆပွတ် အရွက် ပျဉ်းမရွက်တစ်ရွက် ကိုယ့် ခါးကြားကောက်ညှပ်ပြီး အဲ့ စနေသားကို န၀င်းရိုက်တော့ တာပါပဲ...ကိုယ်က စနေသားရဲ့  ယာယီ ဆပွတ်နေ့ သားလေးဖြစ်သွားတဲ့ သဘောပေါ့  ရိုက်ပြီးတော့ မှ အဲ့ ပျဉ်းမရွက်ကလေး လွှင့် ပစ်လိုက်တယ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..