Powered By Blogger

Wednesday, July 8, 2015

{ မဟာအမုန်း}

{ မဟာအမုန်း}
-----------
မုန်းမိတဲ့ သူကို မုန်းပစ်တဲ့  အမုန်းတရား စိတ်ဓါတ်ပြင်းထန်မှု့ မှာ သူ့ ရဲ့  သံသရာအဆက်ဆက် ကမ္ဘာအဆက်ဆက် သူနဲ့  မကွဲမကွာ ဖြစ်တည်လာတဲ့  မဟာအမုန်းစိတ်ကို  ပြိုင်နိုင်တဲ့ သူ ရှိသေးရဲ့ လားတောင် ထင်လောက်စရာပါပဲ...

အမုန်းတရားစိတ်ကြောင့်  သံသရာမှာ ငရဲ အဖန်ဖန်ကျလည်း ငရဲခံသက်ကုန်လို့  လောကရွာထဲပြန်ရောက်လာလည်း မုန်းမိတဲ့ သူကို အခွင့် သင့် လို့ 
အခါပေးတိုင်း  ထင်းခွေမကြုံ ရေခတ်ကြုံလေတိုင်း..မမေ့ မလျော့  မလျှော့ သောစိတ်နဲ့ ဆက်မုန်းပစ်ခဲ့ ဆဲ...

ရတဲ့ နည်းနဲ့ အမုန်းစစ်ပွဲတွေ ဆင်နွှဲမြဲ  အဖေါ်အပေါင်းတွေ ရရင် အဖေါ်အပေါင်းတွေနဲ့ ဆက်ဆင်နွှဲ  တကိုယ်တော် မှ ဆိုလဲ တစ်ကိုယ်တော်ပဲ သွေးမကြဲ နောက်မတွန့် ပဲ ရဲရဲ ဆက်ဆင်နွှဲမြဲ ....

သံသရာတစ်လျှောက် ကံရုပ်အသွင်တွေ ဘယ်လို ပြောင်းသွားစေ  မပြောင်းလဲပဲ ပါသွားမြဲ ကံစိတ်အသွင်က သံသရာတကွေ့ တွေ့ ကြပြီဆိုသည်နှင့်  မုန်းမိသူ့ ကို ရဲရဲ ဆက်မုန်းပစ်ဖို့ စိတ်က သူ့ အတွက် မဟာတာဝန်အမုန်းစိတ်...  ...

အမုန်း..ပြိုင်ဘက် မရှိအောင်မုန်း ...ပြိုင်ဘက်ကင်းအောင်မုန်း...ငရဲအကျခံပြီးမုန်း ပြတ်ပြတ်သားသားမုန်း ရဲရဲတင်းတင်းမုန်း ငရဲသစ်ငုတ် ကမ္ဘာသက်ချုပ်စေ မုန်းဖြစ်အောင်မုန်း .ခါးခါးသီးသီးမုန်း..ရုပ်ခွန်အားနဲ့ မုန်းခွင့် မသာရင် စိတ်ခွန်အားနဲ့ မုန်း...
.
မုန်း...မုန်း...မုန်း..မုန်း..မုန်း..မုန်း..သူ့ လောက် ဘယ်သူ မုန်းနိုင်ပါ့ မလဲလေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..