Powered By Blogger

Wednesday, July 8, 2015

မိရှယ်လီ

မိရှယ်လီ
---
''...''လူ'' ကို မယုံလို့ ''စာ''ကိုချုပ်တော့ 
 ဘာကို ပုံပြီး ယုံထားထိုက်သလဲ မိရှယ်လီ..''

ကံစီမံရာလား အလိုတော်လား
အချစ် နဲ့ အချစ်ကရော ယုံစရာလား
ဆိုပါစို့ ရဲ့ 
နှလုံးသားစကား နားထောင်မလား
လျှာဖျား အပြုံးစကား မျောပါမလား
ကိုယ်နဲ့ ကိုယ်တောင် သွေးခိုင်သလား
အလိုရှိမှ လာသလား
လိုတာရရင် ပျံမှာလား
လိုတာမရရင် ပြန်မှာလား
ကြိုးချင်းငြိမှ သံစဉ်လား
ကြိုးချင်းညှိကြ အပေးအယူလား

''လူ'' ကို မယုံလို့ ''စာ''ကိုချုပ်တော့ 
ဘာကို ပုံပြီး ယုံထားထိုက်သလဲ မိရှယ်လီ....။   ။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..