---------
ဒီလို အခြေအနေဆိုးကြီးအောက်မှာ.
လုံးဝချောင်ပိတ်သွားပြီး ဒီအခြေအနေဆိုးကြီးကနေ ရှောင်ထွက်သွားလို့ မရတော့ ဘူးဆိုတဲ့ အချိန်မှာ....
ပထမတော့  မျက်ရည်တွေ တောက်တောက်ကျရတဲ့ အထိ ...
ဘယ်တုန်းကမှ မတူတဲ့ စိတ်ဆင်းရဲခြင်းမျိုး နဲ့ အလွန့် အလွန်ကို စိတ်ဆင်းရဲပါတယ်...
နောက်တော့  ဒီလိုချည်း ထိုင် ငိုပြီး စိတ်ဆင်းထိုင်ရဲနေလို့  ဒီအခြေအနေဆိုးက ပြီးသွားမှာ မဟုတ်ဖူး
ဒါဟာ ပြဿနာ အစစ်ဖြစ်တယ် ပြဿနာအစစ် ဆိုတာ ရင်ကို ရင်ဆိုင်ဖြေရှင်းမှ ပြီးမယ် မရင်ဆိုင်ချင်လို့  ရှောင်လို့ မရနိုင်ဘူးလို့ 
တွေးပြီးတဲ့ အခါ....
ပြဿနာကို ရင်ဆိုင်ဖို့  ကိုယ်ဘာလုပ်လို့ ရနိုင်သေးလဲဆိုတာကို
တစ်စစီ ပြိုကွဲ ကျသွားတဲ့ စိတ်ဓါတ်တွေကို
တစ်စစီ တစ်စစီ ပြန်စုစည်းရင်း ပြန်တွေးဆ တွက်ချက်ပြီး
ပြဿနာကို ဒဲ့ ရင်ဆိုင်ဖို့  ကိုယ့် မှာ ရှိတဲ့ 
ရုပ်ခွန်အားလေးတွေကို တွက်ချက်အခြေခံပြီး
စိတ်ခွန်အားတွေကို ရသလောက် ကြားကန် အားခဲ ဘုရားရှင်ကို အားကိုးပြီး စုစည်းလိုက်ရပါတော့ တယ်.....
''' ဟုတ်ကဲ့  ဆရာ အဖေ့ ကျောက်ကပ်သာ မြန်မြန် ဆေးပေးပါတော့ ဆရာ တစ်လနေရလဲ ကျနော်တို့ အဖေပပါပဲဆရာ
လောလောဆယ် အဖေ နေသာထိုင်သာဖြစ်သွားရင်ပြီးရော ဆရာ '''....လို့ 
ကျောက်ကပ် ၂ ဖက်စလုံး အပြီးတိုင်ပျက်ဆီးသွားရာက တစ်ကိုယ်လုံး ဆီးဆိပ်တွေ ပျံ့ နှံ့ နေလို့  မိန်းမော သတိလစ် ယောင်ရမ်းခြင်း ဝေဒနာတွေ
ခံစားနေရတဲ့ ကျောက်ကပ်ဝေဒနာရှင် အဖေ့ကို ကြည့် ရင်းက...
ကြေကွဲ ဆို့ နင့် နေလို့  ၀ဲတက်လာနေတဲ့  မျက်ဝန်းအိမ်က မျက်ရည်တွေကို ထိမ်းရင်း ။ သောကတွေကြောင့်  ခြောက်သွေ့ ကျဉ်းမြောင်းနေတဲ့ လည်ချောင်းထဲက
တုန်ရီပြီး ထွက်လာတဲ့ ကျနော့် အသံကို အာခံတွင်းထဲက ခါးသီးနေတဲ့ တံတွေးတွေ နဲ့ ဖိချ ထိမ်းလိုက်ပြီး......
အဖေ့ ကံ ငါတို့ ကံပဲ ငါတို့  ရုန်းနိုင်သမျှ အဖေ့ အတွက် ရုန်းပေးရမယ်ဆိုတဲ့  စိတ်ကို အားခဲမွေးလိုက်ရင်းက......
တစ်ချို့  ပြဿနာအစစ်တွေဆိုတာ သေသေကြေကြေ ရင်ဆိုင် ထိပ်တိုက်တွေ့ မဖြေရှင်းပစ်ပဲ အလိုလိုပြီးသွားလေ့ မရှိတတ်ပါဘူး...
အဲ့ တုန်းက ခံစားခဲ့ ရတာကို ပြန်ရေးပြရတာတောင် ရေးနေရင်း မျက်ရည်ကျလာတယ်....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..