------
ေ၀၀ါးတတ်တဲ့ သူတွေလည်း တော်တော်လေးတွေ့ ရတတ်တယ်...တစ်ယောက်ဆို ဘာပြောရမှန်း မသိတောင် ဖြစ်သွားတယ်...သူက တိုက်ဆောက်ထားတာ ပြီးပြီမှန်းထားတာ ထက်ကြာသွားတာလေးပဲရှိတယ်...အဲ့ ဒါ ဘယ်တော့  အိမ်ပြောင်းကိန်းရှိလဲလို့ မေးတော့  မျက်စိလည်သွားတာပေါ့ 
ဟင်..အိမ်ကပြီးပြီဆို အခုနေနေတဲ့ အိမ်က ဘယ်သူ့ အိမ်မို့ လဲ လို့ ဆိုတော့  ဟုတ်တယ် ပြီးနေပြီ ကျနော့် အိမ်ပါပဲ .ဟိုဟာက တိုက်သစ် ဒါပေမယ့်  အခုနေနေတဲ့ အိမ်မှာက တိုးလို့ တန်းလန်းကိစ္စတွေက မပြတ်သေးဘူး အဲ့ ဒါ ဟိုအိမ်သွားလိုက် ဒီအိမ်ပြန်လိုက် ဖြစ်နေမှာစိုးလို့  မိသားစုတွေကတော့  ပြောင်းချင်နေပြီ...လို့  ဆက်ဆိုလာတော့ ...သြော် သွားရပြန်ရတာ ကသီမယ်ပေါ့  လို့ ထောက်ကြည့် ပြန်တော့ ...
အိမ်က သိပ်တော့  မဝေးပါဘူး ၂ လမ်းကျော်မှာ တဲ့  ဗျာ....အာ့ နဲ့  ကိုယ့် ဆရာ ကိန်းခန်းနဲ့  ပြောပေးမှ ဖြစ်မှာပါဆိုပြီး လစိတ်ကိုတွက်ချိန် ပြီး ကြာသာပတေးလစိတ်လေး မှန်း....ဒီလပိုင်းထဲတော့  အိမ်ပြောင်းကိန်းလေး ရှိတယ် အဲ့ လမှာ ပြောင်းခဲ့ ရင်တော့  လွယ်တယ် လို့ ဆိုလိုက်တော့ ...ဟုတ်..အဲ့ လမှာ ပစ္စည်းလေးတွေတစ်ချို့ တော့ ရွှေ့ ခဲ့ ပြီးပြီး သုံးညလည်း အိပ်ပြီးပြီ...လို့  ဆိုပြန်ရောဗျာ...
ဟားး.ဟုတ်တော့ ဟုတ်နေပြီကိုယ့် ဆရာ...အင်းဒါဆို ၂၀၁၆ နှစ်ဆန်းပိုင်းတော့  တိုက်သစ် အပြီးတက်ဖြစ်မှာပါဗျာလို့  ရှေ့ နှစ် တနင်္လာ သက်ရောက်ချိန်ပြောလိုက်ရတယ်...အဲ့ တော့  မှ အိမ်ပြောင်းမယ့်  ကိစ္စပြီးတော့ တယ်...သူ့ ဟာက ကြိုက်သလို သွားနေလို့ လည်းရနေပြီ
ပစ္စည်းတစ်ချို့ တောင် အရွှေ့ ပြပြီးပြီး ၃ ညတောင်သွားအိပ်ပြီးပြီ လမ်းကလည်း ၂ လမ်းကျော်လေး ...
အခုနေတဲ့ အိမ်က ကျောကော့ ဆင်းရမှာလည်းမဟုတ်...အဲ့ ဒါ ချီတုံချတုံလုပ်နေချက်က တစ်မျိုးလေးဗျာ့ ...
ကိန်းစောင့် နေသလားထင်မိပေမယ့်  သူက သွားတောင်အပြောင်းပြပြီနေပြီ...
ဟီးးး..လူလည်း သူဘာဖြစ်ချင်နေမှန်းမသိတာ လိုက်တွေးပေးနေရတာနဲ့  မူးကျန်ခဲ့ တာပဲ...ခိခိ..တစ်ခါတစ်လေ..အဲ့ လိုပဲ ပျော်စရာတော့ ကောင်းသား...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..