'''စတင်ခြင်း''
--------
ကိုယ့် အလုပ်သဘောအရ ဖွဘုတ်ကို အစက စိတ်မ၀င်စားခဲ့ဘူး ဒါပေမယ့်  ရွေ့ နေတဲ့  ခေတ်သဘောအရ ဗေဒင်လာမေးတဲ့ ခေတ်ထဲက အငယ်ပိုင်းလေးတွေရဲ့  လိုတိုရှင်း ဘမ်းစကားတွေဟာ သူ့ ခေတ်နဲ့ သူ ခေတ်ရဲ့ တောင်းဆိုမှု့ ကြောင့် ဖြစ်လာတဲ့  ဖွရွာထဲ သုံးတော်ကီတွေ ဖြစ်နေတာများတော့  အလုပ်သဘောအရ သူတို့ တွေနဲ့  ဆက်ဆံရေးကောင်းဖို့ က ဖွရွာထဲ ဘယ်လို ဘမ်းစကားတွေ ဖြစ်နေ ပြောင်းလဲနေလဲဆိုတာ သိချင်လာတယ် အဲ့ ဒါဟာ ဖွရွာထဲရောက်လာဖို့ တွန်းအားတစ်ခုပေါ့ ။
နောက်တစ်ချက်က အရင် ကျနော်တို့  ဖွဘုတ်ကိုမသုံးခင် ( ဟမ်းဖုံးရောလိုင်းရော မတရားဈေးကြီးနေချိန်မို့ လဲပါတယ်) အရပ်သားစစ်စစ်တွေဘ၀မှာ ထူးခြားသတင်း ကြားနေမကျတဲ့ 
သတင်း စလောင်းက မပါသေးတဲ့ သတင်းမျိုးက ''အင်တာနက်ထဲက သတင်းဒဲ့  '' ( အဲ့ လို ပြောလာတာကိုပဲ သတင်းက ပိုခိုင်နေသလိုလို အင်တာနက်သုံးနေတာကိုပဲ ဂုဏ်တစ်ခုခုလို အလွှာကြီးတွေနဲ့  နီးစပ်သူတွေလိုလို )အဲ့ လိုတွေ ဆိုတော့  အင်တာနက် ဆိုသဟာကြီးကို ခေါင်းထောင်ကြည့် မိလာတော့ တယ်...('' ကြာရင် ငါတော့ ကျန်ခဲ့ တော့ မယ်..'')..ဆိုပြီး...၊ အဲ့ အချိန်မှာ တွန်းပိုလိုက်တဲ့  အင်တာနက်ထဲက သတင်း ဆိုတာကြီးကဒေါက်တို ဆရာရွှေရဲ့  သား နဲ့  ညားနေတဲ့  စပျစ်သီး ဓါတ်ရှင်င်းသမီးနဲ့  ဟာသသရုပ်ဆောင်မယ်ရဲ့  ဖုံးနဲ့  အပြန်အလှန် အတင်းချတော်ကီ ကြီး က အရပ်ထဲ ပေါက်လာတဲ့ သတင်းပဲဗျ။ အဲ့ တုန်းက အဲ့  ဖုံးအတင်းကိုဟမ်းဖုံးလေးတွေနဲ့  ဘောစိ မိဘတွေရဲ့  ပံ့ ပိုးမှု့ ကြောင့် ဖွဘုတ်သုံးနေ ဟမ်းဖုံးကိုင်နိုင်နေတဲ့ ခေးတွေ အိုင်တီသမားတွေ အင်တာနက်ဆိုင်သမားတွေက သယ်ယူပို့ ဆောင်ရေး လုပ်နေတာကို ကျနော်တို့ အရပ်သားတွေက တရားနာသလို စနာရတာ..သြကာသလောက သတ္တလောက သင်္ခါရ လောက ဆိုတဲ့  လောက သုံးပါးမှာ တစ်ခြားသောအရပ်က ဂြိုလ်သားတွေအကြောင်း စိတ်အ၀င်စားဆုံက လူသားမျိုးနွယ်တွေမဟုတ်လား....အဲ့ တော့  အင်တာနက်သုံးကြည့် ဖို့  ဖွဘုတ်ထဲရောက်လာဖို့  အခြေအနေနဲ့ အချိန်အခါအရ '''စတင်ခြင်း'' ဖြစ်လာတော့ တာပေါ့ ဗျာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..