Powered By Blogger

Wednesday, December 23, 2015

၇တန်းပဲ ရှိပါသေးတယ်

၇တန်းပဲ ရှိပါသေးတယ်
----
နော်တို့ ခေတ်ကလဲ မိဘတွေက တအားရုန်းနေရချိန်ပါပဲ  အဲ့ တော့  နော်တို့ ကို ကျောင်းပညာရေးမှာ ကိုယ့် ဖိရင်ဖိ စောင့် ကြည့် ပိုကြို လုပ်မနေအားချိန်ကများသလို ပိုဆိုးတာက အဖေကသာ ရဟန်းအဖြစ်မခံခင် လူထွက်သူ အိမ်ယာထူထောင်လူတို့ ဘောင်သဘောအတိုင်း မယားသားသမီးတွေအတွက် လူတန်းစေ့ ဖို့  ကြိုးစားနေရချိန်၊ အမေက ပြည်တွင်းစစ်ပြေး သေစာရှင်စာတောင် နော်တို့ မူလတန်းတက်မှ သားသမီးနဲ့ အတူတူ လိုက်အတူတူဖတ်ပေးခဲ့ လို့  စာဖတ်တတ် ဆိုင်းလေး ပဲသီးပင်ပေါက်လို ရေးပေးတတ်ရှာသူဖြစ်နေတာပါ ၊ အဲ့ တုန်းက အမေ့ ရဲ့  အကြောင်းတွေ ပြန်တွေး ရင် မျက်ရည်တောက်တောက်ကျရတဲ့ အထိကို
အမေ့ ကို သနား... :'( ..။

ဒီလို မိဘတွေက မွေးလာတဲ့ နော် အဖို့  ကျောင်ပညာဆိုတာ ခေတ်အလျောက်နဲ့  ရွေးခြယ်ခွင့် မရှိ ရွေးနိုင်တဲ့ ခွန်အားမရှိချိန်မှာ သူလိုကိုယ်လို ကျောင်းသားဘ၀ မည်ကာမတ္တာသဘော အတွေးအသိလောက်သာသာပါ၊ ရှေ့ အနာဂတ်မှာ ငါတော့ ဘာကြီးဖြစ်ရမယ်ဆိုတဲ့  အနာဂတ်စိတ်ကူးဆိုတာ ဝေလားဝေးပေါ့ ။ မုန့် ဖိုးကို ဘယ်လိုဘတ်တောင်းရမယ် ကျောင်းက အတန်းပိုင် ဆရာမကို ဘယ်လို ခွင့် လိမ်တိုင်ရမယ်  အောင်ရင်ပြီးရော နဲ့  ကျောင်းပြေးကြခြင်းဆိုတာ
နော်တို့ ခေတ်ရဲ့  သရုပ်သကန်အမှန်သဘောတွေပါ။

အဲ့ လိုကျောင်းသား နော်က နဂိုကကို လူကောင်က အသားမဲမဲ ကလန်ကလားဆန်ရတဲ့ ကြားထဲ ငါးတန်းကို သုံးနှစ်ဖတ်ခဲ့ သူမို့  ၇ တန်းရောက်တော့ 
အတန်းထဲမှာ တစ်ခြား အတန်းသားတွေနဲ့ ဆို လူကောင်က ၁၀တန်းကြီးလိုပေါ့ ..နဲနဲလဲ ဂျစ်ကန်ကန်နိုင်ပါတယ် နိုင်ဆို ကျောင်းပြေးတတ်သွားတာက
၅ တန်းတတိယ နှစ်မှာတင်မို့ ကိုးဗျာ...

တစ်နေ့  ကျောင်းပြေးဖို့  အတန်းပိုင်ဆရာမကို ဘတ်ပုံက... အတန်းပိုင်ဆရာမကို ခွင့် လိမ်တိုင်ပုံက အပ်ကြောင်းထပ်လုလုလ ဖြစ်နေပြီလို့ ကိုယ့် ဟာကိုယ် အတွေး ပေါက်မိတာနဲ့ ဘယ်နည်းသစ်နဲ့ ဘတ်ရမလဲလို့ ကြံပြီးအချိန်မှာပေါ့ ...။   အိမ်က တံခါးသော့ ကို အိမ်က မိဘတွေမသိအောင် လွယ်အိပ်ထဲ ထည့်  ကျောင်းယူသွားပါတယ် ။ ကျောင်းရောက်တော့  ကျောင်းက နော်တို့  ပေါင်းသင်းထားတဲ့  မုန့် ဆိုင်မှာ လွယ်အိပ်ကိုထား အပိုထည့် လာတဲ့  အရပ်ဝတ် အိမ်နေ အ၀တ်တွေကို  ကိုယ်ပေါ်က ကျောင်းစိမ်းတွေနဲ့  လဲ ပြီး ကျောင်းတက် ခေါင်းလောင်းထိုးချိန် ရက်ဂျစ်စတာ ခေါ်နေချိန် ချိန်သားကိုက်ပြီး အတန်းပိုင်ဆရာမဆီ ၀င်တွေ့ ပါတယ်..

နော့် မိဘတွေ တအိမ်လုံး ခရီး ခဏထွက်သွားလို့  ခွင့်  ၃ ရက်လောက်ပေးပါဆရာမပေါ့ ဗျာ..လက်ထဲက ဆရာမ မြင်သာအောင်  အိမ်တံခါးသော့ လေးကို အကိုင်ပြထားလိုက်ပါသေးတယ်။ ကျောင်းပြေးနေကျ တပည့်  နဲ့  သိပ်အဆိုးကြီးလဲ မဟုတ် ကောင်းတယ် ပြောရလဲခက်တဲ့  နော့် ကို အတန်းပိုင်ဆရာမက  မယုံချင်ပေမယ့်  ( မယုံလောက်ဖူးလို့ တော့  နဂိုကတည်းက တွက်ပြီးသား ဒါပေမယ့်  မျက်နှာက ခပ်တည်တည် ပဲ ဗျ...အဟီးး)...တစ်ခြား စာတော်တဲ့  အတန်းသားတွေ အနှောက်အယှက်ဖြစ်မှာ
ရယ်  တပည့် တွေအကြောင်း နောကျေနေအောင် သိတဲ့ ဆရာ ဆရာမတွေရဲ့  ထုံးစံအတိုင်း ...''  အေးအေး...မင်းမိဘတွေ ပြန်လာရင် ခွင့် စာယူခဲ့ ''..လို့  ဆရာမက နော်
ခွင့် တိုင်တာကို လက်ခံပေးလိုက်တဲ့ အခါ...ဘာပြောကောင်းမလဲ....အဲ ပြောတော့ ပါဘူး...ခိခိ.....အမြဲကျနေတတ်တဲ့  လပတ်စာမေးပွဲတွေအတွက် ရပို့ ကဒ်မှာ ပူပူဆူဆူ နဲ့ 
အဖေ့ ထိုးနေကျ လက်မှတ်ကို နော်က ကြိုကျင့် ထားပြီးသား ဖြစ်နေလို့  မိဘ ခွင့် စာအတွက်က နော့် အတွက် အေးဆေးပေါ့ ...အဲ့ လို ဘတ်တတ်နေတာ  ၇ တန်းရှိပါသေးလို့ ..။


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..