'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 23, 2015
''အတင်းပြောခြင်း အနုပညာ''
''အတင်းပြောခြင်း အနုပညာ''
----------
မင်္ဂါပွဲတက်လာတဲ့  စပျစ်သီးမလေးရဲ့ ဖက်ရှင် အကြောင်း ဟာသလုပ်ပြောနေကြတာကို ချို့ က အစာကြေပုံမရဘူး အတင်းပြောတယ်ဒေ ဘာဒေပေါ့ ၊ ပြီးတော့  ဂလိုဘယ်လ်မှာ ရိုးး.ဟိုး.နေပီဒေဘာဒေ၊
အဲ့ မှာ ဖွရွာထဲ အကောင့် ပေါင်းစုံတွေ လျှောက်လည်နေတာ ဗွက်ထနေတဲ့ သူတွေက အင်တာနေရှင်နယ်မှာ ရိုးနေတာ သိချက်က လဒကမ်းခြေတောင်ကျော်နေပြီ ဒါက
တမူထူးတဲ့ ကျီညန်မာမို့ ပေါ့ နဲ့  ဟို လက်ဝှေ့ စင်မှာ ဟွှာရေး တက်ပြတဲ့  ဟွှာတွေဆို့  နိ လာချွတ်ပြတာင် အာရုံမလာ အရေးလုပ် အချိန်ကုန်ခံ စာဖွဲ့ မနေပါဘူး ဒါက သူဟာ သူ ဖြစ်နေလို့ လို့ ..
ကိုယ့် အကြောင်း အတင်းတုတ်ကျပါ လို့ လိုက်ပြောတိုင်း ကိုယ်က ဘာကောင်မှ မဟုတ်ရင် ခွေးတစ်ကောင်ကတောင် ကိုယ့် လက်ထဲ ကြက်ပေါင်တုံးမတွေ့ ရပဲ
အမြီးလာရမ်းပြမှာမဟုတ်ဘူး
အဲ့ မှာ အတင်းတုတ်တယ်ဆိုတာ ဘာလဲ ဆိုတာရဲ့  မေးခွန်းက စိတ်ဝင်စားစရာကောင်းတယ်...သူရဲ့ အခြေခံ အချက်က ဘာလဲကတွေးစရာကောင်းတယ်ပေါ့  ပြီးတော့  အတင်းတုတ်ခြင်း အပြုအမူကို
ဘယ်သူတွေလုပ်တတ်သလဲ ဘယ်အချိန်မှာ လုပ်သလဲ နဲ့ ဘယ်အသက်ပိုင်းမှာ လူတွေ စအတင်းတုတ်သလဲက စပ်စုချင်စရာပေါ့ ။ ပြီးတော့  အတင်းတုတ်ခြင်း အပြုအမူဟာ သူများဆီက သင်ယူ
ခဲ့ တာမျိုးမဟုတ်ပဲ အလိုလိုတတ်မြောက်လာတဲ့  အပြုအမူဖြစ်နေတာကလဲ အံ့ သြစရာပေါ့ ..၊ အဲ့ မှာ အစက ပြန်ကောက်ရင် အတင်းတုတ်ခြင်း ဆိုတာ ဘာလဲက အရေးကြီးဆုံးအခြေခံမေးခွန်းတစ်ခုပေါ့ ဗျ
ဘာကြောင့်  အဲ့ မေးခွန်းက အရေးအကြီးဆုံးဖြစ်သလဲဆိုရင် တစ်ချို့ က သူတို့ ကိုယ်သူတို့  ဘ၀တစ်သက်တာမှာ သူတစ်ပါး ကို ကွယ်ရာမှာ အတင်းမပြောခဲ့ ဘူး ပြောစရာရှိရင် ဗျောင်ပြောတယ် ဘာညာပေါ့ ဖွရွာထဲတက်ရေးပြပုံက အရိယာကြီးလိုလို..အဲ့ တော့  အတင်းပြောတယ် မပြောဘူးဆိုတာဘာလဲ ရဲ့  ဒက်ဖနေးရှင်း စံ တစ်ခုခု တွေးကြည့် မိတယ်ပေါ့ ဗျာ အဲ့ မှာ ကွဲသွားတာက ကောလာဟလ နဲ့  အတင်း နဲ့ မတူဘူးဆိုတာတော့ သေခြာတယ် ကောလာဟလက အရာဝတ္ထု မသေခြာဘူး အတင်းက မြင်ခဲ့ တာကို ပြောတာမျိုး
အဲ့ မှာ အတင်းပြောခြင်းရဲ့  ဘေ့ စစ်သဘောက တစ်ယောက်ယောက်အကြောင်းကို နောက် နှစ်ယောက်က တစ်ခြားနေရာမှာ ( ကဲ့ ရဲ့ ခြင်းသဘောများများစကားလုံးတွေနဲ့ ) ဝေဖန်ခြင်း(၀ါ) ရှုံ့ ချလိုခြင်းစိတ်သဘော(၀ါ)မကျေနပ်ခြင်းတွေနဲ့  ပြောကြတာဟာ သူများမကောင်းကြောင်း အတင်းပြောတယ်ဆိုတဲ့  အခြေခံ အပြုအမူသဘောယူရင်ရလောက်မယ်ပေါ့ ၊ ဟုတ်ပြီ ဒါဆို ဆက်တွေးစရာ ရှိလာပြီ တစ်ယောက်ယောက်ရဲ့  အကြောင်းကို အခြား နှစ်ယောက်က ကွယ်ရာမှာ ပြောတာကို အတင်းပြောတာလို့ ဆိုလို့ ရရင် အဲ့ ဒါဟာ မူလတန်းကျောင်းသား ခလေးဘ၀ အရွယ်မှာကတည်းက အတန်းထဲမှာ ပြုမူခဲ့ တဲ့  အပြုအမူဖြစ်ပြီး အတင်းပြောခြင်း အပြုအမူအရာမြောက်ဖို့ ဆိုတာ အပြောခံပေးရမယ့်  တစ်ယောက်ရယ် ပြောပေးမယ် အခြား နှစ်ယောက်ရယ် ပေါင်း လူ ၃ ယောက်ရှိနေမှ အထမြောက်မယ့် သဘောပေါ့  ဒါဆို အတင်းပြောခြင်း အပြုအမူတစ်ခု အောင်အောင်မြင်မြင်ဖြစ်သွားဖို့ ဆိုတာ ဘယ်လွယ်ပါ့ မလဲပေါ့ ..၊ နောက်ထပ်တွေးစရာတွေက ကျားနဲ့ မ ဘယ်သူတွေက အတင်းပိုပြောသလဲ အတင်းစစ်စစ်ဆိုတာဘာလဲ သတင်းယောင်ဆောင်တဲ့  အတင်းဆိုတာ ရှိသလား မရှိဘူးလားရှိတယ်ဆိုရင် ဘယ်လိုသတင်းမျိုးကို အတင်းလို့ သတ်မှတ်နိုင်သလဲ ၊ အတင်း ဆိုင်ရာ စံနှုံးတွေကို ဗဟုယဉ်ကျေးမှု ကမ္ဘာ ဘယ်လို သတ်မှတ်;;;.တော်ပြီ ဆက်ရေးရင် ကျမ်းပြုလို့ ရတယ်....ခုတော့  ဂလောက်ပဲ..ငိငိ
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..