'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 23, 2015
လေ့ လာခဲ့ တုန်းက
ကျနော် ဗေဒင်ကို သင်ဆရာ အဖြစ် စရွေးပြီး လေ့ လာခဲ့ တုန်းက ဆရာရယ် ဆရာက ပို့ ပေးတဲ့  ဆရာ့ ဆရာကြီးဆီမှာ ပညာယူတုန်းက. ကိုယ့် ကိုယ်ကိုယ် တွေးတော ပြင်ဆင် ခဲ့ တာ ဆရာတွေနဲ့  သင်ဆရာ အဖြစ်တပည့် မခံခင်တုန်းက ဖတ်ခဲ့ ကြားခဲ့  မြင်ခဲ့ တဲ့ 
ကြားဆရာ မြင်ဆရာ စာပေတွေထဲက ဆရာသခင်တွေရဲ့  အယူအဆတွေကို မေ့ ထား (၀ါ) ခေါက်ထားလိုက်ပြီး ဆရာနဲ့  ဆရာကြီးတို့ ရဲ့  အယူအဆ သဘောတရားတွေကို နားထောက်တယ် မှတ်တယ် တွေးခဲ့ တယ်..ကိုယ့် အခံ တစ်ခုခုကနေ လှမ်းဝေဖန်သုံးသပ်ရင်
အသစ်တွေ ဘာမှ မရလိုက်မှာစိုလို့ ပေါ့ ဗျာ...နောက်တော့  ဆရာတွေရဲ့  အယူအဆတွေကို ကိုယ်အရင် သိထားခဲ့ တာတွေ ကိုယ်ပိုင် တွေးစရာ ထောက်စရာတွေနဲ့  သင်ယူခဲ့ တဲ့  ဆရာတွေရဲ့  အယူအဆတွေကို ပြန်ညှိတယ် တွေးဆယူတယ် ပေါင်းစပ်ယူတယ်
ကိုယ် မလိုချင်တာ ခပ်ပြတ်ပြတ်ပယ်ပစ်ခဲ့ တယ် လက်တွေ့ ဘ၀ထဲမှာ အသုံးမြန်မြန်တည့် မယ့် အယူအဆတွေကိုသာ ကွက်ပြီး ယူသုံးချင်တာသုံးခဲ့ တယ်။။။အားလုံးက ဘယ်နေရာကနေပဲ ပညာရပ် အယူအဆသဘောတွေရရ ကိုယ့်  ကိုယ်ပိုင် အတွေးနဲ့ စီစစ်ဖြတ်တောက် မွမ်းမံပြီး
ပညာရပ်တွေကို သုံးတယ်ပေါ့  ဆရာမှာ မှာသလို စာအုပ်ထဲက ဒဲ့ အတိုင်းတွေ ကြားဖူးနားဝ ရှိယုံနဲ့  အရမ်းယုံ အရမ်းမသုံးခဲ့ ဘူးလို့ ဆိုလိုတာ..ကိုယ့် ရဲ့ တွေးခေါ်နိုင်တဲ့  စွမ်းအားကိုလဲ နို့ သက်ခံစို့  အနေအထားမှာသာ ထိုင်ပြီး မှိုတက်မခံဘူး သဘော....
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..