အမွဲကူးတတ်တယ်တဲ့ 
----------
ပထမဆုံး ပြောချင်တာက ကျနော်က ဓလေ့ သဘောတွေ သိပ်ဂရုစိုက်တဲ့ အကျင့်မရှိဘူး စည်းကမ်းမရှိလှဘူး ဆိုတာပါပဲ အခုရေးတဲ့ အကြောင်းက အရင်ကရေးပြဘူးတယ်ထင်တာပါပဲ ဒါပေမယ့်  ထပ်ရေးပြတာပါ
အရင်က နွေကျောင်းပိတ်ရက်တွေဆို ပြည်က အဖိုးအဖွားတွေ ခြံမှာ ကျောင်းပိတ်ရက် အချိန်သွားဖြုန်း ဆော့ ကစားတတ်ပါတယ်..ခြံတွေဟာ တစ်ခြံနဲ့ တစ်ခြံ ကပ်နေတာပါ...အဲ့ တော့  ဟိုဖက်ခြံထဲ ကူးရင် အိမ်ရှေ့ ကနေ ပတ်မသွားပဲ ခြံဘေးက ၀ါးကပ်ကို ဖြဲပြီး အလွယ်တကူ ၀င်စို့ ထွက်စို့  လုပ်တတ်ပါတယ်...ဒါကို အဖိုးက ဘာမှ မပြောတတ်ပေမယ့်  အဖွားက မကြိုက်ပါဘူး...မင်္ဂလာမရှိဘူးလို့  ဆိုပါတယ်...အိနြေ္ဒရရ ရှေ့  လူဝင်လူပေါက်ကပဲ သွားစေချင်ပါတယ်...အဖွားအကြောင်းပြချက်က အမွဲကူးတတ်တယ် သူခိုးလမ်းပြလုပ်နေတာလား..ပေါ့ လေ.....ခြံစည်းရိုးနဲနဲဆွေးနေတာတောင် အဖွားက သူ့ သား ကျနော်တို့ ဦးလေးကို အမြန်ပြန်ကာခိုင်းလေ့ ရှိပါတယ်...ဘယ်လောက်ဖဲ ရင်းနှီးနေနေ ကိုယ့် စည်းရိုးနဲ့ ကိုယ် သတ်သတ်မှတ်မှတ်ထား လို့ လဲ ပြောပါတယ်
လက်သုံးစကားက စည်းမရှိကမ်းမရှိ မလုပ်နဲ့  မင်္ဂလာမရှိဘူး အမွဲကူးတတ်တယ်..ပေါ့ ဗျာ...အဲ့ လို မင်္ဂလာမရှိ ဆိုတဲ့ ကိစ္စတွေမှာ ပုဆိုးကို ခေါင်းက ပြီးစလွယ် စွတ်ချတာလဲ ပါပါတယ်...
ရန်ကုန်အိမ်မှာနောက်ဖေးလမ်းကြားရှိပါတယ်..လမ်းကြားက သန့် ပါတယ် ဒီတော့ တစ်ခါတစ်လေ လမ်းထိပ်ကိုထွက်တဲ့  အခါ အိမ်ရှေ့ ကမထွက်ပဲ လမ်းကြားကနေ ခုံဖိနပ်စီးထွက်ကြပြန်ပါတယ်...၀င်စို့ ထွက်စို့ တွေ ပြီးစလွယ်ပေါ့  တစ်ခါတစ်လေ ကျောင်းကနေပြန်လာရင် အိမ်ရှေ့ ကနေမ၀င်ပဲ အဲ့ လမ်းကြားကနေဖြတ်ဝင် နောက်ဖေးမီးဖိုးချောင်ကနေ ပြီးစလွယ် ၀င်ချလိုက်ပြန်ပါတယ်...ဒီအခါမှာတော့ မကြိုက်သူက အမေပါ...သူခိုးလမ်းပြလုပ်နေတာလာ မင်္ဂလာမရှိဘူးပေါ့ လေ...အမေဆူတုန်းတော့ ခဏပါပဲ နောက်တော့  ကြုံရင်ကြုံသလို အဲ့ အမွဲကူးတတ်တယ်ဆိုတဲ့ ကိစ္စတွေ မင်္ဂလာမရှိဘူးဆိုတဲ့ ကိစ္စတွေဆက်ပြီး ကျူးလွန်နေဆဲပါပဲဗျာ.
..မွဲမှာမမွဲမှာ မင်္ဂလာ ရှိမှာ မရှိမှာတွေထက် အလွယ်က ကြိုက်သကိုးလေး....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..