'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, November 14, 2015
မဟာဘုတ် အရှင် သဘော
မဟာဘုတ် အရှင် သဘော
---
ချဲ့ တွေးဖို့ ဆိုတာ လူတွေကိုလိုက်ကြည့် ပြီး သီဝရီသဘောနဲ့ ပြန်ပြန်ချိန်ဆတာ...ဆိုပါတော့  ၁ ကြွင်း မဟာဘုတ်မှာ ရာဇအိမ်မှာ သောကြာနံ စကားပြောဆိုမှု့ သဘော ထိုင်နေတယ်...ရာဇအိမ်ရဲ့ ဘေ့ စစ် သီဝရီ တစ်ခုက ပရိယာယ် ကြံခြင်း...ဒါကို သောကြာနဲ့ ပေါင်းလိုက်တော့  စကားပရိယာယ်ကြွယ်ခြင်းသဘောဖြစ်လာတယ်...သဘောက ၁ကြွင်း အများစုဟာ စကားကို ပရိယာယ်တွေ များများနဲ့ ပြောတတ်တယ်ပေါ့  ( ဒါက ပုံမှန် ၁ကြွင်းသဘော)...ပုံမမှန်တော့ ဘူးဆိုတဲ့ အခါ စကားပရိယာယ်သဘောကနေ အသွင်ပြောင်းသွားပုံကို စကားကို အမျိုးမျိုးလှည့် ပတ်ကောက်ကွေ့ ပြောလာတာ
(၀ါ) ဆင်ခြေဆင်လက်များလာတာ (၀ါ) ရွှီးတာတွေ ဖြစ်သွားတယ်...နောက်တစ်မျိုးက ဘာပရိယာယ်မှာ မရှိတော့ ဘူး ဒဲ့ ကြီးလွှတ်တော့ ဖြစ်လာတယ်...ဒါဟာ မူလဘေ့ စစ် စကားပရိယာယ်သဘောကနေ သူ့ ရဲ့  စိတ်အပြောင်းအလဲအပေါ်မှာလိုက်ပြီး ဆင်ခြေများလာတဲ့  ၁ကြွင်းနဲ့  ဒဲ့ လွှတ်တဲ့  ၁ကြွင်းဆိုပြီးပြောင်းလဲသွားပုံလေး.. ၊ အဲ့ ကနေတစ်ဆင့်  ဘယ် အမူအကျင့် မှာ ကြာရှည်စွဲနေရင် အကျိုးဆက်က ဘာဆိုတာ ထပ်ထောက်လို့ ရလာတယ်၊ ဘယ်အမူအကျင့် ကို ချိန်းလိုက်လို့ ရတယ်ဆိုတာလဲ တွေးလို့ ရလာတယ်
အဲ့ လို မြင်လိုက်ပြီဆိုရင် မဟာဘုတ်ရဲ့  ကျယ်ပြန့် တဲ့ သဘောကို စတွေ့ နိုင်သလို လူ့ စိတ်ဟာ ပုံမှန်မှာ ဘယ်လို ပုံမမှန်တော့ ရင် ဘယ်လိုဖြစ်လာတတ်လဲဆိုတာပါတွေ့ လာရသလို မဟာဘုတ်ဟာ အရှင်သဘောလဲ ရှိနေတယ်ဆိုတာ တွေးလို့ ရလာတယ်
ဲ
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..