'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, September 21, 2015
ကံသတ္တိ
ကံသတ္တိ
------------
ကံတွေရဲ့  အကျိုးပေးသဘော နီးသောအကြောင်း ဝေးသောအကြောင်း ကို ဒီမိုစုက ကြယ်အလင်းတန်းတစ်ခု နဲ့ ဥပမာပေးသွားတာ သိပ်ပြီး ထင်သာမြင်သာရှိတယ်.
.ဒီနေ့  ကမ္ဘာက လှမ်းမြင်နေရတဲ့ ကြယ်အလင်းဟာ ကမ္ဘာနဲ့ မိုင်းနှစ်ပေါင်း အလင်းနှစ်သန်းပေါင်းများစွာကွာဝေးတဲ့ အရပ်ကလာခဲ့ တာသာဖြစ်တယ် သဘောက
အခုမြင်နေရတဲ့ ကြယ်အလင်းဟာ လွန်ခဲ့ တဲ့  နှစ်သန်းပေါင်းများစွာက အလင်းဟောင်းကိုသာ မြင်နေရတာဖြစ်တယ် အခုအချိန်မှာ အဲ့ ကြယ်တွေ အပြီးလောင်ကျွမ်းသွားရင်
နောက်ထပ် အလင်းတန်းလာမှာ မဟုတ်တော့ ဘူး..ဒီလိုပဲ ဝေးကွာလွန်းတဲ့  သံသရာက ကောင်းကျိုးအကြောင်းက အခုဘ၀မှာ အကျိုးပေးအဖြစ် လာလင်းလက်နေတုန်းတော့ 
မကောင်းတာတွေလုပ်နေလဲ စင်ပေါ်မှာချည်းလို့  မြင်နေရနိုင်တယ် အဲ့ ကောင်းကျိုး အစွမ်းကုန်သွားရင်တော့  သူထပ်လုပ်နေတဲ့ ကောင်းမှု့ ဆိုးမှု့  ကံတွေကို မလွဲမသေ
ွ ပြန်အကျိုးသစ်ထပ်ဖြစ်ပြီး စံစားခြင်းခံစားခြင်းသဘောတွေလာလိမ့် မယ်ဆိုတဲ့ သဘောပေါ့ 
ဒီအကြောင်းရဲ့ သက်သေက ဘုရားရှင်ကိုယ်တော်တိုင်ရဲ့  ၀ဋ်ကြွေးတော်တွေ အကြောင်း ဖတ်ကြည့် ရင်ထင်ရှားတယ်...ဘုရားရှင်ရဲ့  ၀ဋ်ကြွေးတော်တွေဟာ နီးသော ဘ၀တွေက ပြုမိမှားတွေမဟုတ်ခဲ့ ပဲ အလွန့် အလွန်ဝေးကွာတဲ့  အတိတ်သံသရာက ပြုမိမှားတွေရဲ့ ဆိုးကျိုးက နောက်ဆုံး ဘ၀ရောက်နေတာတောင် လာရောက် ဆိုးကျိုးပေးနေတာမျိုးဖြစ်တယ်. ..ဘုရားရှင်ဟာ စိတ်က အရင်လွတ်မြောက်ပြီးသားဖြစ်နေတဲ့  သူမို့ သာ ဒီဝဋ်ကြွေးတွေကို သည်းခံနိုင်တာမျိုးဖြစ်တဲ့  ၀ဋ်သဘောက အစွဲဥပါဒန်စိတ်ဟူသမျှကို အကြွင်းမဲ့  ဖယ်ရှားပြီးသားစိတ်ကို မထိခိုက်ပေမယ့်  ကံကြွေးကျန်နေတဲ့  ကိုယ်တော့် ခန္ဓာကိုယ်ကိုတော့ 
ဆိုးကျိုးတွေပေးသွားသေးတာခံခဲ့ ရတယ်.ဒါက ၀ဋ်သဘောဖြစ်လာရင် စိတ်က ပယ်နိုင်တဲ့ သတ္တိရှိပြီးခဲ့ တောင် ခန္ဓာကြွင်းက ဆိုးကျိုးကို ပေးဆပ်သွားရသေးတယ်ဆိုတဲ့ သဘော...
ဒီဓမ္မတရားဟာ ကျနော်တို့ အလုပ်လုပ်တဲ့ အခါမှာ အများကြီးဆင်ခြင်တုံတရားကို ရစေခဲ့ တယ်...အဲ့ သဘောကနေ တုန့် ပြန်တိုက်ခိုက်မှု့ သဘောကနေ ကိုယ့် တာကိုယ် လုံအောင် အကုသိုလ်တွေ နည်းတွေက ရှောင်ပြီး ကုသိုလ်နည်းတွေနဲ့  ကာကွယ်ယုံမျှသာ အဆင့် လောက်အထိကို ကျင့် သုံးနိုင်ခဲ့ စေတယ်..
ကြုံလို့ ပြောရရင် ကျနော့် အမေ အူအတက်ပေါက်တုန်းက သူငြီးသွားတဲ့ စကားတစ်ခွန်းရှိခဲ့ တယ်...ရုတ်တရက် အူအတက်က ပြဿနာပေးတော့ အရေးပေါ်ဗိုက်ခွဲရဖို့  လုပ်တယ် ဒီအခါ နှာခေါင်းက အစာပိုက် အသွင်းခံရတယ် မမြိုတတ်တော့  အင်မတန်နာကျင်ပုံရပါတယ် မျက်ရည်တွေကျရင်းက နှာခေါင်းထဲ ပိုက်သွင်းပြီးသွားတဲ့ အခါ ''' ငါ့ ဟယ် ဘယ်ဘ၀က နွားကို နဖားကြိုးထိုးခဲ့ တဲ့  အကုသိုလ်တွေလဲ မသိပါဘူး ခံလိုက်ရတာ ''' လို့ စကားတစ်ခွန်းထုတ်ငြီးတယ်...
ဒီတစ်ခါပဲ နှာခေါင်းက အစာပိုက်သွင်းတာကို ကျေးလက်ရိုးရာရဲ့  လုပ်ရိုးလုပ်စဉ်ဖြစ်နေတဲ့  ကိုယ့် အလုပ်ခွင်မှာ ခိုင်းစားဖို့  နွားကို နဖားကြိုးထိုးတဲ့ လုပ်ငန်းစဉ်နဲ့  နှိုင်းမြင်တာ ကြားခဲ့ ရဖူးတယ်...
ကြားခါစက စိတ်သက်သာရာရစေကြောင်း ၀ိုင်းရယ်ကြပေမယ့်  နောက်တော့ တွးပြီး ဟုတ်သလိုလိုပဲပေါ့ လေ...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..