လွတ်လပ်ဖက်
ဖက် ဥပမာတစ်ခုမှာ စပယ်ထုတ်တဲ့ ဖက်မှာ စပယ်နံ့ သင်း ငပိထုတ်တဲ့ ဖက်မှာ ငပိနံ့ စွဲ ဆိုပြီး ဖက်ရဲ့  အစွဲကပ်ခံရတဲ့ ဘ၀ကို ဖွဲ့ တယ်...မူလက ဖက်ဟာ ဖက်သဘာဝ အနံ့  (၀ါ) အဖြူထည်သဘောပေါ့ ..ဘာကိုထွေးပွေ့ မလဲ ထွေးပွေးမိတဲ့ အရာရဲ့  အခြေအနေတစ်ခုတော့ ကူးစက်ခံရလိမ့် မယ်ပေါ့ ....အဲ့ မှာ ဖက်ဘ၀ကို တွေးတယ် ဖက်ရဲ့ ပင်ကိုယ်က စပယ်ကိုရော ငပိကိုပါ ထွေးပွေ့ ပါရစေလို့  ဖိတ်ခေါ်ခဲ့ တာမဟုတ်ခဲ့ ဘူး စပယ်ကိုထွေးပွေ့ လိုက်ပါ ငပိကို လက်ခံလိုက်ပါလို့ ဖက်ရဲ့ နောက်ကွယ်က ဖက်ကို ခိုင်းနေတဲ့  အခြေအနေတစ်စုံတစ်ရာရှိခဲ့ လိမ့် မယ်ဆိုတာ ထပ်ကြည့် လို့ ရလာပြီ...ကိုယ် ဟာ အခြေအနေတစ်ခုရဲ့  ထိမ်းချုပ်မှု့ ကိုခံနေရတဲ့ ဖက်ဘ၀လား ရွေးလိုရာ ရွေးခွင့် ရှိတဲ့  လွတ်လပ်ဖက်ဘ၀လား တွေးစရာ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..