ထောင့် ပြောင်းခဲ့ ပြီလား...
----------
အတွေးခေတ်ထောင့် ပြောင်းသွားတာတော့ အမှန်ပဲ ဘယ်မှာ သိသာလဲဆိုတော့  ၂၀၁၀ မတိုင်ခင်က ဘယ်သူ့ ဆီကမှ မကြားခဲ့ ဘူးတဲ့  တွေးကြည့် ရကောင်းမှန်းမသိတဲ့ အတွေးအမြင်ထောင့် တွေ ဒီဘက်ပိုင်းမှာ အများကြီး တွေ့ ခဲ့ ဖတ်ခဲ့ ရပြီ...ဥပမာ ငယ်ငယ်က သင်ခဲ့ ရတဲ့  ငါးခြောက်ပြားဇာတ်ထုတ်ကို စည်းကမ်း ဘာညာထက် ဆြာတော်ရဲ့ ငါးခြောက်ပြား အပေါ် တပ်မက်မှု့ ကြောင့် ဖြစ်လာတဲ့  ဒေါသတရားဖက်ကနေ လှည့် တွေးလာတဲ့ အတွေးမျိုးတွေ
မကောင်းမှု့ လုပ်ရင် လူဝတ်မှ မြေမြိုတာ မဟုတ်ဘူး ရှင်ဒေ၀ဒတ်လို လူဝတ် မဟုတ် သင်္ဃန်းစည်းရုံထားကြီးနဲ့ လဲ မြေမြိုတာပဲဆိုတဲ့ ရှု့ ထောင့် အတွေးမျိုးတွေဟာ
အရင်က မကြားခဲ့ မတွေးခဲ့ ဘူးတဲ့ ထောင့် တွေပေါ့ .အများအားဖြင့် လူငယ်နဲ့ လူလတ်တန်း တံခါးပေါက်ဝင်စလူတွေ မှာ ထောင့် ပြောင်းတွေးတတ်တာမျိုးတွေ တွေ့ လာရတယ် တစ်ချို့ အတွေးကျယ်ဝါသနာကြီးတဲ့ လူကြီးတန်းတွေမှာလည်းတွေ့ ရတယ် ...ကောင်းဖို့ လား ဆိုးဖို့ လားက နောက်တော့ သမိုင်းပေါ့ ..
...ဒီအတွေးတွေ ဘာကြောင့်  ဖြစ်လာသလဲ ဘာတွေကို မြင်လို့  ဒီလို အရင်က တွေးဖို့ တောင်အလွယ်တကူ မတွေးရဲတဲ့ အတွေးထောင့် တွေကနေ တွေးမိကြတာလဲဆိုက ...အကျိုးတစ်ခုခုဆိုတာ အကြောင်းတစ်ခုခုမခံပဲ ဖြစ်မလာ ဆိုတဲ့ သဘောတရားအရ စိတ်ဝင်စားစရာ...ပိုစိတ်ဝင်စားစရာကလူကြီးရောလူလတ်ရောလူငယ်ရော အတော်များများထဲမှာ မိုးနတ်မင်းတို့  သိကြားမင်းဆင်းမှတ်မှာတို့  ဒေ၀ါကြီးလာလိမ့် မယ်တို့  အ၀ီစိတွေ ငရဲတွေနဲ့ 
ခြိမ်းခြောက်တာမျိုးကို ဟိုအရင်ခေတ်ကလောက် သိပ်ကြောက်တတ်ပုံ မရတော့ တဲ့ လူတွေ တစ်နေ့ ထက်တစ်နေ့ များလာပုံရတာက စိတ်ဝင်စားရာဘာကြောင့်  အဲ့ လိုတွေဖြစ်ကုန်လဲကလည်း စိတ်ဝင်စားစရာ..အသားလွတ်တော့  အဲ့ လိုတွေဖြစ်ကုန်မှာတော့ မဟုတ်လောက်ပါဘူးပေါ့  သူတို့ တွေ
ဘာတွေကိုမြင်လို့  ဒီလိုတွေဖြစ်ကုန်တာလဲက စိတ်ဝင်စားစရာ.....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..