'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, September 20, 2015
စည်း
စည်း
---------
စာအုပ်နဲ့  အလုပ်ခွင်ခြား စည်းခြားထားတာ အခါတိုင်သဘောပဲဗျ...အလုပ်ခွင်မှာ တရားဝင်ဗေဒင်လာမေးတဲ့  အခါတိုင် က သူ့ ရဲ့ လက်ရှိဘ၀အနေထားကို ညွှန်ပြနေတယ် ...တရားဝင်ဆိုတာ ပိုက်ဆံပေးပြီး ဗေဒင်မေးတာ၊ (သို )့အာလာပသာလာပကြုံတုန်းလေး မဟုတ်ပဲ တကယ့် ကိုသိချင်လို့ သူ့ စိတ်က ဆရာတင်ဗေဒင်မေးတာမျိုးသဘောကို ဆိုလိုတာ
ဆိုပါတော့  သောကြာသက်ရောက်ဖြတ်နေတဲ့  ပုံမှန်ကြာသာပတေးသားသမီးဆို ၃ကြွင်းမွေးကလွဲရင် ယေဘူယျ လွတ်လပ်လှုပ်ရှားခရီးများ သဘော အကောင်းသဘောပေါ့  ဒါပေမယ့်  အဲ့ ကြာသာပတေးသားသမီး ဗေဒင်လာမေးချိန်က အခါတိုင် သောကြာတိုင် (ခိုက်နေရာမှာ) ၊စန္ဒေရောတိုင် (နာ နေရာမှာ) ၊ ဘောမတိုင် (ပျက်နေရာ) နဲ့ လာမေးရင် ဒီကြာသာတေးသားသမီးဟာ သောကြာသက်ရောက်ရဲ့  အကောင်းသဘောကိုမရသေးသူ ဒုက္ခတွေဖြစ်နေဆဲသူလို့  အခါတိုင်က ပြနေတယ်...ဒါကို မရိပ်မိပဲ သက်ရောက်ကကောင်းနေသားပဲဆို မြွေဖမ်းပြီ မေးသူနဲ့ ကီးမကိုက်တော့ ဘူးပေါ့ ...သူက ဒုက္ခဖြစ်နေတာ...၊ အဲ့ လို လာမေးတဲ့ အခါက ဒုက္ခသည်လို့  ပြနေရင် အဲ့ ဒုက္ခဟာ ရေရှည်သွားမှာလားယာယီဒုက္ခလား ဒုက္ခရဲ့ စို့ စ်က ဘယ်ကလာတာလဲ မရဏဥာဉ်ဆိုးအားများနေလို့ လား သက်ရောက်ကံဓါတ်မပွင့် သေးလို့ လား စသဖြင့်  ဆက်စူးစမ်းရတယ် အဲ့ တော့ မှ လိုအပ်တာတွေမှာရတော့ တယ်...
ဆိုပါတော့  ကြာသာပတေးသားသမီးတစ်ယောက်ဟာ အင်္ဂါတွေ စနေတွေလို သက်ရောက်ဆိုးဖြတ်နေပေမယ့်  သူလာမေးတဲ့ အခါတိုင်ဟာ တနင်္ဂနွေတိုင် (န၀င်းနေရာ)
ဟူးတိုင် ( စီးပွားနေရာ ) သောရီစနေတိုင် (စုတ်နေရာ) နဲ့ လာမေးရင်လောလောဆယ် သူကိုယ်တိုင်တော့ ဒုက္ခတရားကြီးတွေ ဖြစ်မနေသေးဘူး ဖြစ်ချင်းဖြစ်သွယ်ဝိုက်ဒုက္ခတွေသာရှိနေနိုင်တယ်. .ဒဲ့ ဒုက္ခ မလာသေးတာကို ထိမ်းထားနိုင်ပြီး သူကျော်သွားနိုင်မှာလား လောလောဆယ် အနေအထားကောင်းနေပေမယ့်  ဒုက္ခဖြစ်တော့ မယ့်  လမ်းကိုလျှောက်ဖို့ 
ကြံနေပြီလားဆိုတာ စူးစမ်းရတော့ တာမျိုး...
အခါတိုင်မှာလည်း တစ်ခါတစ်လေ ဗေဒင်မေးသူနဲ့ အတူတူ သူနဲ့ ဆိုင်တဲ့  အကြား အမြင် အက်ရှင် နမိတ်တစ်ခုခု ပါလာတတ်တာမျိုးလဲ ရှိတယ်...ဥပမာဆိုပါတော့ 
တနင်္ဂနွေတိုင်မှာ ကြာသာပတေးသားမီး (န၀င်းနေရာမှာရှိနေ) ဗေဒင်ဝင်မေးလို့  လောလောဆယ် အကောင်းအားလေးရှိနေဆဲလို့  ပြောမလို့ ကြံတုန်း ခမ်းလှမ်းလှမ်းမှာ
ထောင်ထားတဲ့  ''ထီး'' က ရုတ်တရက် လဲကျသွားတာမြင်လိုက်ရင် အဲ့ ကြာသာပတေးသားသမီးကို နေ၀င်းနေရာကနေဖယ်လိုက်ပြီး ခိုက်သမားလို့  သတ်မှတ်လိုက်တယ်
ပြဿနာတစ်ခုခုတော့ သယ်လာပြီပေါ့ .အကြောင်းက တနင်္ဂနွေတိုင်မှာ ထီး ဆိုတဲ့ စနေနံဟာ ခိုက်နေရာက ပစ္စည်းနံ ဖြစ်နေလို့ ပဲ....
အဲ့ အခါတိုင်ကို များများကစားနိုင်လေ အကြားအမြင်ရသလိုဖြစ်နေလေလေမို့  လူကြိုက်များလာတတ်တယ်...ဒါပေမယ့်  တကယ့် အနှစ်က အခါတိုင်က လတ်တလောအခြေအနေ
ဘယ်လိုပဲပြနေနေ တစ်နှစ်တာရဲ့  ရလာဒ်နိဂုံးချုပ်ရင် သက်ရောက်ရဲ့ အခြေခံသဘောမှာပဲ သွားနိဂုံးချုပ်တယ် ဥပမာ အင်္ဂါသက်ရောက် ဖြတ်နေလျက်နဲ့  အခါတိုင်က ငွေရွှင်နေဆဲ
လို့ ဘယ်လိုပဲဆိုဆို အင်္ဂါသက်ရောက် တစ်နှစ်ပြီးဆုံးချိန်မှာတော့  ၇ွှင်တယ်ဆိုတဲ့ ငွေကြေးတွေဟာ မယ်မယ်ရရ အဖတ်တင်မကျန်ခဲ့ ဘူး (၀ါ) တကယ်တော့  ဘဏ်စာရင်ထဲတိုးမလာဘူး စီးပွားတိုးမလာပါဘူးသဘော..
တစ်ချို့ ထူးခြာကံသဘောတွေမှာတော့  အလျော်အစားပေးခဲ့ ရလို့  သက်ရောက်ဆိုးပေမယ့်  စုဆောင်းမှု့ တိုးလာတာမျိုးတော့  ရှားရှားပါးပါးတွေ့ နိုင်တတ်တယ် ဥပမာ အင်္ဂါသက်ရောက်မှာ
ယေဘူယျစီးပွားမတိုးလွယ်ပေမယ့်  ဗိုင်းကောင်းကျောက်ဖိလို့ အများက ချီးမွမ်းခန်းထုတ်နေခဲ့ တဲ့  သမီးတစ်ယောက်က ဂျလေဘီနဲ့ ခိုးရာလိုက်သွားလို့ အကြီးအကျယ် အရှက်ရသွားလိုက်လို့ 
စိတ်ဆင်းရဲသွားရချိန်မျိုးမှာ စီးပွားကတော့  ဆက်တိုးလာတာမျိုး ဒါမျိုးကို လောကက အလျော်အစားပြန်တာလို့ ဆိုတယ်..
တစ်ချို့ ကတော့  ဖြစ်တောင့် ဖြစ်ခဲ သက်ရောက်ဆိုးမှာ အဖက်ဖက်ကနေ အကုန်ပြိုလဲသွားတတ်တယ် ဒါမျိုးကိုတော့  သူ့ ကြမှ ထူးခြား ကံဆိုးသူမောင်ရှင်ပေါ့ လေ...။.ချုပ်လိုက်ရင် အခါတိုင်သဘောဟာ လတ်တလော ကံ အနေအထားတစ်ခုကို ကြည့် တဲ့  မှန်ဘီလူးတစ်ခုပေါ့ လေ..ဒီတော့  အခါတိုင်ကိုလည်း
လိုအပ်ရင်ထည့် ပြီးကြည့် တာဟာ ပိုကောင်းတယ်ပေါ့ ဗျာ..
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..