ဘ၀တစ်ခုရဲ့ ဇာတ်ထုတ်
---------
ဧရာတိုင်းကြီး ပြည်တွင်းစစ်ဖြစ်လို့ ကျနော့် အမေဘက်က အမျိုးတွေ ရေကြည် အသုတ် အင်းရဲကြီးဖက် အစွန်အဖျား ရွာတွေကနေ စစ်ပြေးခဲ့ ရတယ်....တကွဲတပြားပြေးရင်က ကျနော်တို့ အမေပါတဲ့  အမျိုးတွေ အုပ်စုက ပြည်ကိုရောက်တယ်..လှေကြီးတွေနဲ ပြေးရတာဖြစ်လို့ 
ပြည်ကမ်းနားမှာ လှေဦးတိုက်နေခဲ့ ရသေးတယ်လို့ ဆိုတယ်.. ခေတ်ဟောင်းတုန်းက လှေစီးမိသားစုတွေလိုပဲ...အဲ့ ကာလက ပြည်ကလည်း သိပ်အေးတာမဟုတ်သေးပေမယ့်  ရွာထက်စာရင် ထမင်းရှာစားလို့ ရသေးတယ်လို့ ဆိုတယ်..အမေက တော်တော်ငယ်သေးပေမယ့် 
အဘွားကအကြော်ကြော်တော့  အကြော်ဗန်းရွက်လည်ရောင်းခဲ့ သေးတယ် နောက်တော့ ကုန်းပေါ်မှာ အခြေချတော့ မှ အဘွားက အရင်းအနှီးထပ်စုပြီး မုန့် ဟင်းခါးသည်ဖြစ်သွားတယ်လို့ ဆိုတယ်..
အဲ့ အချိန်မှာ အဖိုးက ပြည်က ပွဲရုံကြီးတစ်ခုမှာ အလုပ်သမား ၀င်လုပ်ခဲ့ တယ်လို့ ဆိုတယ်.ကမ်းနားအခေါ်အရ ဂမ်ဘားပေါ့ ..အဘိုးက ပွဲရုံကုန်ထမ်း အဘွားက မုန့် ဟင်းခါး အမေတို့ မောင်နှစ်မ ၂ ယောက်က အကြော်စုံဘမ်းခေါင်းပေါ်ရွက် မြို့ ပတ် လည်ရောင်းပေါ့ လေ..အကြော်ရောင်းတာ စစ်ပြေးတုန်းက လမ်းမှာ ကိုင်းဥတူးစားခဲ့ ရတာထက်စာရင် အခြေအနေကောင်းလို့ ပျော်တောင်နေသတဲ့ ..ကျနော်တို့ ကတော့ သူတို့ ငယ်ဘ၀တွေ နားထောင်ရင်း ကျနော်တို့ လိုတာ ချက်ချင်း ၀ယ်မပေးရကောင်းလားလို့  ငယ်ငယ်က စိတ်ကောက်မိခဲ့ တာ အားတွေနာ သနားတွေဖြစ်လို့ ..ကိုယ်စီးတဲ့ မန္တလေးဖိနပ် က ကိုယ့် အတွက် ယိုးဒယားဘတ်ကြိုးတစ်ကုံးလောက် တန်ဘိုးကြီးနေတဲ့ အဖြစ်တောင်မေ့ သွားတယ်...
အဖွားက သူ့ သားကိုသာ ကျားမို့ အနားထားလိုက်ပြီး အမေ့ ကိုကြတော့ ပြည်မှာထားရင် ခေတ်ပျက်ထဲ ဒုက္ခဖြစ်ရချည်ရဲ့ ဆိုပြီး ရန်ကုန်ကို စစ်ပြေးရင်းရောက်နေတဲ့  အမျိုး ညီမတွေဆီပို့ လိုက်တယ်..ရန်ကုန်ကိုတက်ပြေးမိတဲ့ အမျိုးတွေက ရဲဘော်ဈေးတို့ သံဈေးတို့ မှာ ပျံကျဈေးသည်တွေ လုပ်စားတော့ တစ်ခြားမြို့ ထွက်ပြေးမိတဲ့ အမျိုးတွေထက် ပါးစပ်ဆီစိုနေတယ်ပေါ့ လေ..အဲ့ တော့ အိမ်အကူထက်တော့ သာ မွေးစားသမီးလဲ မဟုတ်တဲ့  ၀ိုင်းလုပ်ဝိုင်းစားအနေအထားနဲ့  ရန်ကုန်ကို မျက်ရည်စက်လက်နဲ့ ရောက်လာတယ်တဲ့ ...
ရန်ကုန်သူသာဖြစ်လာတာ စာမတတ်ဘူး...စစ်ကြောင့် ရောခေတ်ကြောင့် ပါ သင်ခွင့် မရခဲ့ ပေမယ့် စာကိုတော့ သိပ်ကိုဖတ်တတ်ချင်နေခဲ့ တယ်လို့ ဆိုတယ်...အဲ့ စိတ်ကြောင့် ကျနော်တို့ တွေမူလတန်းတက်မှ ကျနော်တို့ နဲ့ အတူတူ ၀ိုင်းစာလိုက်ဖတ်ပေးရင်း စာဖတ်တတ်သွားတယ်..ရေးတာကတော့ လက်မှတ်ကလေးတစ်လုံးသာ ရေးသွားတယ် စာမတတ်ခဲ့ လို့ နဲ့ တူတယ် စိတ်တွက်ကတော့ သူမတူအောင်ထူးချွန်ပြီး ခေါင်းချည်းလှမ့် သုံးခဲ့ ရလို့ မှတ်ဥာဏ်ကတော့ အတော်ကောင်းတယ် တစ်ဖက်အားနဲ တစ်ဖက်ချွန်တတ်တဲ့ သဘာဝတရားသဘောပေါ့ 
ပြည်မှာကျန်ခဲ့ တဲ့  အဖိုးက ခါးချည့် အောင် ကုန်ထမ်း အဖွားက မုန့် ဟင်းခါးကို ပြည်က ခေတ္တရာမြို့ သစ်ဈေးမှာ ဆိုင်ထိုင်ရော နေ့လည် ခေတ္တရာမြို့ သစ်ထဲ မုန့် ဘမ်းခေါင်းရွက် လည်ရောင်းတာရောကနေ စုဆောင်း ၀ယ်ခြမ်းလိုက်တာ မြို့ သစ်ထဲ အိမ်ခြံကွက်ကလေး ဘာလေးနဲ့ နေနိုင်လာတယ်.အဲ့ နေရာကွက်ကလေးက ကျနော်တို့ မြေးတွေအတွက် နောက်တော့ နွေရာသီကျောင်းပိတ်ရက် အပမ်းဖြေစခန်း ကစားကွင်းလေးဖြစ်လာတာပေါ့ ...အဖိုးတို့ အဖွားတို့ ရိုးရိုးသားသားကြိုးစားတာ တစ်ဘ၀လုံး ပိုင်ဆိုင်မှု့ က ဒါလေးပဲ..ဒါပေမယ့် နေပြည်တော်က စာဖတ်သူကြီးတို့ အိမ်တွေထက် သမာကျပြီး သန့် တယ်၊ အဲ့ အတွက် ဂုဏ်ယူတယ်...
အဖိုးတို့ အဖွားတို့ အမေတို့ အဖေတို့ အကြောင်း တွေ ပြန်တွေးတိုင်း သူတို့ တွေဘ၀နာခဲ့ တာကို မျက်ရည်ဝဲရတာက တစ်ပိုင်း စင်စင်ကြယ်ကြယ် အသက်မွေးသွားကြလို့  ကိုယ့် အဖိုးအဖွားတွေ အကြောင်းတွေးရ ပြောရရင် အမြဲလိပ်ပြာသန့် နေရလို့  အဖိုးတို့ အဖွားတို့ အမေတို့ အဖေတို့ ကို ကျေးဇူးတွေ တင်နေရတာတစ်ပိုင်းပေါ့  ကျနော်တို့ နောက်မျိုးဆက်တွေ သူတို့ အကြောင်းတွေ နဲ့ ပတ်သက်လာရင် မျက်နှာမငယ်ရ အရှက်မရ
မျိုးမကန်းရဘူးလေ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..