Powered By Blogger

Friday, July 3, 2015

ဝေါပေါ်တက်လာတဲ့ ဓါတ်ပုံ



ဝေါပေါ်တက်လာတဲ့ ဓါတ်ပုံ
------------
ဒီ ဂျာနယ် သတင်းက အနဲဆုံး ၂ နှစ်ဝန်းကျင် လောက်ရှိပြီထင်တယ်  သတင်းက တော်တေယ်ဟောင်းနေပြီသဘောပေါ့  ကျနော် သံသရာက ပါလာတဲ့  ကံ အကြောင်းရေးတိုင်း ကိုးကားမိတဲ့  သတင်းလေး...မြစ်ဝကျွန်းပေါ်မှာ ဖြစ်ခဲ့ တာ ကျောင်းသားလေးပါလာတဲ့  ချောင်းရိုးမြောင်းရိုးသွား မော်တော်ရှည်လေး နစ်တာလို့ မှတ်မိတယ်...ကံသတ္တိတွေဟာ ဘယ်လောက် ထူးဆန်းလဲ  တစ်လှေတည်း စီးလာပြီး လှေနစ်တာထဲပါသွားတာချင်း အတူတူ ရေ အနစ်ခံရတာချင်းအတူတူ တစ်ချို့ က ရေနဲ့  မသေ အဆိပ်နဲ့ သေရမယ့်  ကံပါသူက သီးသန့် ပါလာပုံလေး...ဒါကို  သံသရာက ကံသတ္တိဟာ လူတွေကို ဘယ်အချိန်မှာ ၀င်ပြီးဘာနဲ့  အကျိုးပေးမှန်း အသိရခက်လောက်အောင် လျို့ ဝှက်တတ်လွန်းလို့ ဗေဒင်ဟောရင် ၅၀တွေ ၆၀တွေ ၇၀တွေ သာသဘောထား ကျန်တာ ကံတစ်ကွက်ချန် သဘောအဖြစ် ကျနော်ပြောပြနေခဲ့ တာ....

အဲ့ ပိုစ်ကို ၀င်မန့် သူတွေအများစုကတော့  ရယ်စရာလိုလို အထူးအဆန်းလိုလို သဘောလောက် အဖြစ် ၀င်မန့် တာများပြီး ကံ ဘက်က တွေးတာ မရှိသလောက်ပါပဲဗျာ....(တစ်ခြားအယူသဘောဆို ဘုရားသခင်အလိုတော်သဘောပေါ့ )

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..