'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, July 3, 2015
န၀င်းပွဲမီးထွန်းတာတောင်
န၀င်းပွဲမီးထွန်းတာတောင် စနစ်တကျရှိပါတယ်....လာထိုင်တဲ့ သူရဲ့ သက်ရောက်အရပ်က ဖယောင်းတိုင်ကို စထွန်းညှိပြီး လက်ယျာရစ် တစ်တိုင်ချင်း ထွန်းသွားတာမျိုးပါ..ဥပမာ စနေသက်ရောက်သမားကို စနေထောင့် နားက ဖယောင်းတိုင်ကနေ စထွန်းပေးတာ တနင်္လာသက်ရောက်သမားကို တနင်္လာထောင့် နားအရပ်က ဖယောင်းတိုင်က စထွန်းပေးတာမျိုးပါ....ပြီးမှ အမွှေးတိုင်ကိုလည်း ဖယောင်းတိုင် ထွန်းသလို တစ်တိုင်ချင်း လက်ယျာရစ်ပတ်ပြီးထွန်းတာပါ...ဒါဟာ ဇမ္ဗူဒီပါလက်ယျာတောင်ကျွန်းသြဘာနမိတ်ထွန်းဆိုတဲ့  သဘော ဒီဘဒ္ဒကမ္ဘာမှာ လာယျာရစ်သဘောဟာ အကောင်းသဘော အတက်သဘော ဖြစ်လို့  အတိတ်ကောင်း နမိတ်ကောင်းသဘောဆောင်ပြီး ယျာရစ်စထွန်းတာမျိုးပါ....
.ယေဘူယျမှာ ဖယောင်းတိုင်တွေဟာ ပြိုင်တူပြီးလေ့ ရှိပါတယ် အမွှေးတိုင်တွေရောပါပဲ...အကယ်၍ အညံ့ အကြွင်းကျန် ရှိနေသေးရင် နောက်အကျဆုံးဖယောင်းတိုင်တစ်တိုင်က မပြီးသေးပဲ ကျန်ပြနေတာ အမွှေးတိုင်ဟာ တစ်ဝက်နဲ့ ငြိမ်းနေတာမျိုးတွေ အဖြစ် သူ့ ထောင့် နဲ့ သူ လက္ခဏာပြတာမျိုးရှိပါတယ်....ဥပမာ စနေထောင့် က ဖယောင်းတိုင်တစ်တိုင်ထဲ မပြီးနိုင်ဖြစ်နေသေးရင် အင်ပရက်ရှင်ကျစရာလေးတွေ ကျန်သေးတဲ့ သဘော တနင်္လာထောင့် က ဖယောင်းတိုင် တစ်တိုင်ထဲ အကြောရှည် နေသေးရင် ငွေကိစ္စအကျပ်နဲနဲ ကျန်နိုင်သေးတဲ့ သဘော အဖြစ်ကောက်ထားတာမျိုးပါ
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..