ဘ၀ကြီးတစ်ခုလုံးကို တိုက်ရိုက် စီရင်ပါသော...
------------
သီအိုရီသဘောတွေအရ အခြေခံအချက်တွေဖြစ်တဲ့  လူ့ ကာရိုက်တာတွေ လူ့ စရိုက်တွေ လူ့ ရဲ့ သိသာ မြင်သာတဲ့ အကျင့် သဘောတွေကို ပြင်ပလူတွေ ကိုယ့် မိသားစုဝင်တွေ ကိုယ့် ကိုယ်ကို..ကိုယ့် သူငယ်ချင်းတွေ နဲ့ ကိုယ့် ဆရာသမားတွေပါ မကျန်စောင့် ကြည့် ခဲ့ တယ် သူတို့ရဲ့ ဘ၀အချိုးအကွေ့ တွေ လောကဓံ အတက်အကျတွေကိုလည်း စောင့် ကြည့် တယ် သတင်းနားထောင်ခဲ့ တယ်....အဲ့ ဒီလို ချက်လာတဲ့ အခါ ...ဘ၀ကြီးတစ်ခုလုံးကို သိသာထင်ရှားအောင် အဓိက အကျိုးသက်ရောက်မှု့  တကယ်ဖြစ်စေတဲ့ အချက်က ဘာလဲဆိုတာတွေ့ လာရတယ်...
.အဲ့ အချက်က တစ်နှစ်တာ တစ်နှစ်တာ ဖြတ်သန်းနေကြတဲ့  '''သက်ဆိုင်ရာ သက်ရောက်ဂြိုလ်အတွင်းမှာ'' ပြုလုပ်နေတဲ့  ကောင်းမှု့ ဆိုးမှု့ တွေ ဆုံးဖြတ်ချက် အမှား အမှန်တွေက ဘ၀ကြီးကို တိုက်ရိုက် အကျိုးသက်ရောက်မှု့ ဖြစ်စေတယ်ဆိုတာပါပဲ....
ဆိုပါတော့  ၁ကြွင်းမွေးတွေဟာ လူမှု့ ဆက်ဆံရေးမှာ ဟော့ ချင်သလောက်ဟော့ နေစေ ချင်ချင်း မပြိုလဲသွားသေး
၂ကြွင်းဟာ ယုံကြည်ရာအတိုင်း တစ်ဇွတ်ထိုးလုပ် ဆရာကျချင်သလို ကျနေစေ..
၃ကြွင်းဟာ စိတ်မထင်ရင်မထင်သလို ဘုတောလွှတ်နေစေ
၎ကြွင်းဟာ ဘ၀င်ခံချင်သလို ခံနေစေ...
၅ကြွင်းဟာ အပြင်လူတွေနဲ့ သာအချိန်ကုန်ချင်သလောက်ကုန်နေစေ
၆ကြွင်းဟာ ပေသီးခေါက် ပတ်ကာကျချင်သလိုကျနေစေ
သုညကြွင်းဟာ စိတ်စေရာအတိုင်း အထိမ်းအကွပ်မဲ့ ပျော်ချင်စွတ်ပျော် ရမ်းချင်စွတ်ရမ်းနေစေ....
သက်ရောက်တွေကောင်း အတိတ်ကံတွေ မျက်နှာသာ အပေးခံနေရချိန်မှာ ချက်ချင်း ဘေးဆိုးကြမ္မာဆိုးတွေ မတွေ့ ရတတ်သေး..စင်ပေါ်ကပြုတ်မကျတတ်သေး .
မရဏသက်ရောက်တွေ အင်္ဂါသက်ရောက်တွေ စနေသက်ရောက်တွေ ဘုမ္မိကြီး ဘုမ္မိလေး ဘုမ္မိ အတွင်းရန်ကိန်း ဆိုတာတွေ စသဖြင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့  သက်ရောက်ဆိုးတွေမှာတော့  ဟော့ တဲ့ ၁ကြွင်းကိုမြွေကိုက်ပါပြီ...တစ်ဇွတ်ထိုးသမားမြွေဖမ်းပြီ ..စကားတစ်ခွန်း ဘုတောချက်ဟာ ဘ၀ကြီးတစ်ခုလုံးကိုထိခိုက်ပြီ...ဂုဏ်မောက်ခဲ့ သမျှ အရှက်ကွဲပြီ အိမ့် တာဝန်ကို ခေါက်ထား အပြင်မှာ အုပ်ဖွဲ့ ပြီးထင်ရာစိုင်းမိသမျှ သင်းကွဲဖြစ်ခဲ့ ပြီ၊ တစ်ချက် တွက်ပေါင်းမိလိုက်တာနဲ့ မိတ်ဆွေကောင်းတွေရဲ့ အပယ်ခံဘ၀ကိုရောက်ရပြီ တိုတတ်တဲ့ စိတ်ကို အရင်လို လွှတ်ပေးလိုက်ရာက လက်ရောက်မှု့ ပါဖြစ်ခဲ့ ပြီ......
သဘောက တစ်နှစ်တာအတွင်း သက်ဆိုင်ရာ သက်ရောက်တွေရဲ့ အထာတွေသဘောကို အလိုက်အထိုက်နဲ့ ကိုယ်နေတတ်မယ်....မဆောင်တောင် ရှောင်ရန်သဘောတွေကို သွားမဖေါင်းရင် ကွိုင်နဲပြီး အရင်လိုပဲ ငါ့ အကျင့် အတိုင်း ငါလုပ်မယ် ဘယ်သူ့ မှ ဂရုမစိုက်ဘူး ဆိုပြီး သွားဖေါင်းမိရင် တော့  ပုံမှန်သွားနေတဲ့  ဘ၀ကြီးတစ်ခုလုံးကို ဒုက္ခ မြောင်းကျယ်ကြီးထဲ ဆွဲချသွားပါရောဗျား...
အဲ့ တော့ လည်း လွယ်ပါတယ် အဘကယ်ပါ ဘုရားကယ်ပါ ဘိုးတော်ကယ်ပါ ကြားဖူးသမျှ စာထဲပါသမျှ အထက်ကပုဂ္ဂိုလ်အပေါင်းကယ်ပါ ရှိသမျှ နတ်ဟောင်း နတ်သစ် မှန်သမျှကယ်ပါ ယတြာပေါင်းစုံ ကယ်တော်မူကြပါပေါ့  .....ငိငိ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..