--------------
စနေသက်ရောက်ကို ဖြတ်တဲ့ အခါ ကျနော်က စနေသက်ရောက်ရဲ့ သဘောကို ထင်သာမြင်သာရှိအောင် ချုပ်ချလိုက်တာ အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ် ၊ အပြောမတော်တစ်ခွန်း ဂြိုလ်ပါလို့  ဆိုတဲ့ ဆိုရိုးစကားကို အရင်ချုပ်ချပြလိုက်တယ်.....သုံးကြောင်းထဲသာဆိုတယ်
ချဲ့ ရင် ဘယ်လောက်ကျယ်ပြန်သလဲဆိုရင် အဲ့ '' သုံးကြောင်းဟာ ဘ၀ပဲ ''...
ပြီးတော့  ဒုက္ခကို ဘယ်လောက်ကြံဖန်ပြီးပေးသလဲဆိုရင် ငတ်သုံးငတ်နဲ့  ပြည်စုံတဲ့ နေရာ..လို့ ..အစားငတ် အနေငတ်..အအိပ်ငတ်ပေါ့ ...စားကောင်းခြင်း မစားရ ဇိမ်ခံစားမယ်ကြံ ဧည့် သည်လာလို့ တိုးလို့ တန်းလန်း...အစားကောင်းတွေရှိရဲ့ နဲ့ လည်ချောင်းနာနေလို့ သွားကိုက်နေလို့ အစာအိမ်ယောင်နေလို့  စသဖြင့်  စားချင်ရဲ့ နဲ့ မစားနိုင်သဘော.တွေက ပါးပါးလေးပါလို့ တောင် ဆိုနိုင်သလို ကျန်တဲ့ အငတ် ၂ပါးလည်း ထိုနည်း၎င်း...ဒါတွေကို သီးခံနိုင်သမျှ သီးခံလော့ တဲ့ မခံရင် ကိုယ်ဖြစ်ကိုယ်ခံပါတဲ့ ....
အသွားမတော်တစ်လှမ်းဆိုတာကလည်း အဆင်မသင့် ရင် အသက်ပါပေးလိုက်ရတာက မြို့ထဲမှာ လမ်းသွားရင်းဆောက်လက်စတိုက်က အုပ်ကျိုး ခေါင်းပေါ်ပြုတ်ကျတာကအစ ဘုရားဖူးထွက်တာတောင် သွားလမ်းဘီးပေါက် မဖြောင့် လို့  ပြန်လမ်း လမ်းစားရိပ်ပြတ်က အသက်သာဆုံးဖြစ်ရပ်သဘော
အဖေါ်ကောင်းလို့ ကျောက်သွားတူး ကျောက်မမြူးပဲ ငှက်မြူးပြန်ရတဲ့ အဖြစ်တွေ..မလေးနဲ့ စင်္ကာပူ စလူးခါပြီး အထွက်ပြ အလုပ်ကမရ ဗီဇာသက်တမ်းကကုန် နေရစ်တော့ အိပ်မက်ကမ္ဘာ.ဆိုပြီး. လဒမှိုင် မှိုင်လို့  တပ်ခေါက်ပြန် လမ်းစားရိပ်သာ ပလုံသွားတာမျိုးတွေပေါ့ ..ဖြစ်ချင်တဲ့ ကံပါလာတော့  ခွေးခြေ နဲ့ တက်မီးချောင်းသစ်လဲ လူပါလဲ နောက်စိကွဲ ဆေးရုံရောက်တာမျိုးက အိမ်ထဲက အသွားမတော်တစ်လှမ်း..
အစားမတော်တစ်လုပ်ကလည်း မချောင်ဘူး..လည်ချောင်းထဲ အရိုးစူးတာလေးကအစ.. လာဘ်ကလေး ၁သိန်းလောက်စားမိတာ ဖွဲခိုးမိပြီးဂျေးအောင်ရတဲ့ အဖြစ်တွေအထိ..တစ်ခွန်းအပြောမတော် ဘုတောမိတာ ၀မ်းဘိုင်ဝမ်းတင်မက တစ်အိမ်လုံးတစ်မျိုးလုံး ရိုမီယိုနဲ့ ဂျူလီယက် ၂ဖက်အမျိုးတွေ ဖြစ်ကုန်တာကအစ
ခါတိုင်းလို အပျင်းပြေ အတင်းတုတ်မိတာ သတင်းလုပ်ပြီး အဖွခံရလို့ သင်္ကာတွေရှင်းလိုက်ရတာအဆုံးဖြစ်လွယ်လွန်းလို့  ၀စီပိတ်ပဲကျင့် နေရတော့ မလိုလို
လင်မယားတို့ စကားနိုင်လုရင် အပျက်ပျက်က နှပ်ချေးထွက်တာ ကိုစနေ့  စနက်လည်းမကင်းဘူးလို့ ဆိုသတဲ့ ဗျာ...
အဲ..အဲ...သိပ်မလန့် ပါနဲ့ ဗျာ...သဘောပြောတာပါ...ခ်ခ် သွားသတိ စားသတိ ပြောသတိ ပါလို့ ဆိုချင်တာပါ....ဒါတွေ ဘာကြောင့် ဖြစ်လာသလဲ စို့ က ရှိပြီးသား...စနေဂြိုလ်ဆိုတာ စနေအခါတိုင်သဘောပါပဲ သောကြာနံ လှုပ်ရှားမှု့ တွေ ''ခိုက်''သဘောက စတဲ့ သဘောပါပဲဗျား....သက်ရောက် ၈ ခွင်စလုံးရဲ့  ရှောင်ရန်ဆောင်ရန်သဘောတွေရဲ့ အခြေခံ စို့ က အဲ့ ဂြိုလ်တွေရဲ့  ''ခိုက်'' တွေက စတာချည်းပါပဲ...ဒါကြောင့်  အင်္ဂါသက်ရောက်မှာ ''အင်္ဂါတိုင်ရဲ့  ခိုက်က တနင်္လာနံ''
'ဒီတနင်္လာနံ ခိုက် ကတို သွားကစားရင် မြွေကိုက်ပြီလို့ ဆိုတာပါပဲ.
.ဒီသဘောကပဲ အတုံးကြီးတဲ့ သူတွေ တနင်္ဂနွေသက်ရောက်ဖြတ်ရင် အရှက်ကွဲစရာတွေ အမှု့ အခင်းတွေ ဖြစ်လာတတ်တာ တနင်္ဂနွေတိုင်ရဲ့ ခိုက် စနေနံက ထဖနှောင့် နဲ့ ပေါက်တဲ့ သဘော.....ဒီတော့  သက်ရောက်တွေမှာ အလိုက်သင့် နေသွားတယ်ဆိုတာ ဒီ ခိုက် တယ်ဆိုတဲ့  နံတွေရဲ့  အထာလေးတွေကို ချော့ ပေါင်းသွားတာကစားသွားတာမျိုးပေါ့ ....ယတြာတွေကူတော့ လည်း ဒီ ခိုက်ပါတယ်ဆိုတဲ့ နံတွေကို စဖြည်တာမျိုးက အခြေခံကို စထိမ်းလိုက်တဲ့ သဘောပေါ့ ဆိုပါတော့  အင်္ဂါသက်ရောက်မှာ ငွေကြေးလေးတွေ အချီကြီး မထွက်ခင် အသေးလေးတွေ ခဏခဏ စ အလှုပြထားတာကအစ...ပိုက်ဆံနဲ့ ရင်းရမယ့်  အလုပ်သစ်တွေ အစမလုပ်လေ သက်သာလေ စလုပ်မိရင် အဆင်မသင့် ရင်အိမ်တိုင်ပါ ကျွတ်သွားတယ်ပေါ့ လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..