-----------------------
ယုံယုံ မယုံယုံ သူ့ ဆီ သွားတွက်မိရင်တော့ သူသတ်မှတ်ထားတဲ့ ကြေးပေးရလိမ့် မယ်..ဘာလို့ လဲဆိုတော့ သူက ကိုယ့် ကို တွက်ပါရစေခင်ဗျာလို့ အရင်လာ တောင်းဆိုခဲ့ တာ မဟုတ်လို့ ပဲ...
---------------------
ဗေဒင်ဆိုတာ စားသောက်ကုန် မဟုတ်ပေဘူး..တစ်သက်တာ ဘာဗေ မှ မဒင်ပဲ မွေးပြီး သေသွားတဲ့ သူတွေက ဗေဒင် မေးဘူးတဲ့ သူတွေထက်ပိုများတယ်၊ ဒါပေမယ့် မေးဘူးသူရော မမေးဘူးသူပါ (၀ါ) ယုံသူရော မယုံသူပါ တစ်ခုခု မစားပဲနဲ့ တော့ အသက်ရှင်သန်ချင်လို့ မရပေဘူး.အာဟာရကို မှီဝဲမှ ရှင်သန်မယ်ဆိုတာ အယူအဆ၀ါဒ တစ်ခုကို ယုံကြည်ခြင်း မယုံကြည်ခြင်း စက်ဝိုင်းဘောင်ထဲမှာ မပါလေ......။
-
သူ့ ဆီကို ယုံသူလည်း လာချင်လာမယ် မယုံတဲ့ သူလည်း လာချင်လာလိမ့် မယ်၊ ပါးနပ်တဲ့ (သို့ ) စီးပွားသဘောကို မြင်တဲ့ အတွက်သမားကတော့  ဘယ်သူလာလာ သူ့ အလုပ်ကိုသူ တာဝန်ကျေလုပ်ပေးပြီးရင် သူသတ်မှတ်ထားတဲ့ တစ်ယောက်ကို ဘယ်လောက်ဆိုတဲ့ ကြေးကတော့  သူ့ အိပ်ကပ်ထဲရောက်လိမ့် မယ်ဆိုတာကို သိထားလို့ ယုံသူလာစေ မယုံသူလာစေ သရုပ်ပျက်လောက်အောင်တော့  မောင်းထုတ်မှာတော့ မဟုတ်ဘူး..
သူတို့ အများစုဟာ သူတို့ ကို ယုံပေးပါခင်ဗျာလို့ လည်း အောက်သံနဲ့  --ါဆွယ်သမား တစ်ယောက်လို ဆွယ်ပြော ပြောမှာ မဟုတ်ပေဘူး...ယုံတာ မယုံတာ မေးသူရဲ့ ကိစ္စ ။ တွက်သူက သူ့ ဆီ လာတွက်သူဆီကနေ တစ်ယောက် ဘယ်လောက်ဆိုတဲ့ ကြေးကို ရရင် သူတွက်ပေးမှာပဲ...သူတွက်မပေးချင်လည်း ရွှေတွေ ပုံပေးတောင် တွက်ပေးမှာ မဟုတ်ပေဘူး..
----------------------
အညာရိုးရာဓလေ့ မှာ '''ထန်းသမားစားဖို့ ထန်းနို့ တော့ ရှိထားပေးတယ်'' ဆိုတဲ့ ဆိုရိုးစကားရှိခဲ့ တယ်၊ သဘောက တစ်ချို့ နှစ်င်္တေမှာ စီးပွားဖြစ် ထန်းညက်ချက်ဖို့ သာ မလုံလောက်ရင်ရှိရမယ် ထန်းသမားရဲ့ ဘ၀ရပ်တည်ဖို့ အတွက် တစ်ပိုင်တစ်နိုင်တော့ ထန်းရည်ချိုလေးတွေတော့ ထွက်ပေးနေသေးတယ်ဆိုတဲ့ ကံ သဘော...
တိုင်းပြည်ထဲက သန်း၅၀ မဆိုထားနဲ့ ရန်ကုန်က လူဦးရေ ၅သန်းကျော် တစ်နေ့ အယောက် ၁၀၀၀ နှုံးနဲ့  သတ်မှတ်ထားတဲ့ ကြေးပေးပါ့ မယ်ဆိုပြီး လူကုန်လာ မေးရင်တောင် အဲ့ အတွက်သမား လမကူးခင် အမောစို့ ပြီး သေချင်းဆိုးသွားနိုင်စရာအကြောင်းရှိတယ်...ဒါမှမဟုတ် ပါးစပ် လေဖြတ် သွားနိုင်စရာ အကြောင်းရှိလာနိုင်လိမ့် မယ်...
သံသရာက ဆုံမိကြချိန် ကံရေစက် မပေါ်မချင်း အတွက်သမားရဲ့  အိမ်ဘေးနားကပ်နေတဲ့ သူက တစ်သက်တာ အဲ အတွက်သမားဆီမှာ တစ်ခါဘူးမျှ တွက်ချက် မသွားတတ်ပေမယ် မိုင်ထောင်ချီဝေးးတဲ့  အမေရိကားကလူက ကံဆုံဖို့ အချိန်ဆိုက်ရောက်လာတဲ့ အခါ အဲ့ အတွက်သမားဆီကို လေယာဉ်တတန် ကားတတန်နဲ့ ခက်ခက်ခဲခဲ ဆိုက်ရောက်လာခဲ့ တယ်... ကံဆုံချိန်မရောက်သေးရင်ဆုံနိုင်ခွင့် ကံမပါကြရင် တစ်ယောက်နဲ့ တစ်ယောက် ဆုံမိဖို့ ဆိုတာ လွယ်တယ်များထင်ရော့ သလား..
အတွက်သမားတစ်ယောက်ဟာ အပြင်လူတွေ အများကြီးကို တွက်ပေးနေရပေမယ့်  သူ့ တစ်မျိုးလုံးကိုတော့  လူကုန်လူစုံအောင် တွက်မပေးသွားရတတ်သလို အတွက်သမားရဲ့ အမျိုးတွေကလည်း ကျော်ကြားသမျှ အတွက်သမားတွေဆီသာ ရောက်ဖူးကြပေမယ့်  သူတို့ အမျိုးအတွက်သမားဆီမှာတော့ တစ်ခါဘူးမျှ မမေးဘူးပဲ သေသွားတဲ့ သူတွေတစ်ပုံကြီးရှိနေတတ်တယ် ရှိခဲ့တယ်...
အတွက်သမားအဖြစ် လုပ်စားချင်သည်ဖြစ်စေ လုပ်မစားချင်သည်ဖြစ်စေ ကံပါလို့ ကြေးစားအတွက်သမားဖြစ်လာပြီဆိုတာနဲ့  အဲ့ အတွက်သမားနဲ့  ဆုံဖို့ ကံရေစက်ပါတဲ့ သူနဲ့ သာဆုံခွင့် ရှိတယ် ဆုံကြတယ် အာဏာရှိတိုင် ငွေရှိတိုင်း ဆုံနိုင်ကံ မကျရောက်လာရင် အဲ့ ကြေးစားအတွက်သမားနှင့်  မဆုံစည်းနိုင်ကြ...
ကြေးစားအတွက်သမားတစ်ယောက် ဖြစ်ထိုက်တဲ့ ကံမပါသူတစ်ယောက်ဟာလည်း ရှိသမျှ ကျမ်းကုန် အာဂုံဆောင်ထားနိုင်စေ.ကြေးစားအတွက်သမားတွေထက် မိုးပျံအောင်တတ်စေ တော်စေ..ကြေးစားအတွက်သမားတစ်ယောက်ဘ၀မှာ ခြေစုံပစ်၍ ကြာကြာမရပ်တည်နိုင်အကြောင်းတစ်စုံတစ်ရာ ကျရောက်လာပြီး .တစ်ခြားအလုပ်ခွင်ထဲသို့ သာ ဒုံရင်း ဒုံရင်းပြန်ရောက်သွားလေ၏.
ကြေးစားအတွက်သမား ဖြစ်ထိုက်တဲ့ ကံပါနေသူ အဖို့ လည်း စာအုပ်တစ်အုပ်စ နှစ်အုပ်စမျှလေ့ လာပြီးသည်နှင့် တစ်သက်တာ ကြေးစာအတွက်သမားအဖြစ် ထမင်းမငတ်ပဲ ဘ၀ရပ်တည်နိုင်လေသည်..
ကြေးစားအတွက်သမားတစ်ယောက်ဟာ ယုံသူများထံမှ မယုံသူများထံမှ ကြေးစားနေသည် မဟုတ်ပါပဲ ကြေးစားအတွက်သမားထံ...လာတွက်သူများဆီမှ ကြေးစားနေသူများသာဖြစ်လေသည်..သို့ ဆိုလျင် ကြေးစားအတွက်သမားတစ်ယောက် အတွက် ကျေးဇူးတင်ရသည်မှာ ကြေးပေး၍ လာတွက်သူများကို အရင် ကျေးဇူးတင်ရပါလေမည်...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..