''အတုံးကြီးမ ''
-------------------
ငယ်တုန်းကပေါ့  အနားမှာ ညပိုင်းမှ လာလာဖွင့် တဲ့ ဂျီပီဆေးခန်းတစ်ခုရှိတယ်၊ ဟိုတုန်းက ဆရာဝန်တွေဆိုတာ တော်တော်အသက်ကြီးတဲ့ ခန့် တဲ့ 
သန့် တဲ့ ဦးလေးကြီးတွေလို့ ထင်ရတယ် ထောင်ထောင်မောင်းမောင်းတွေ အရပ်ရှည်ရှည်တွေလည်းများလို့  နဲနဲလည်းဖြုံကြတယ် မျက်နှာမြင်ယုံနဲ့ လေးစားစရာအားကိုးစရာလို့ ကိုထင်ရတာ ၊ ဆရာဝန်ဆီရောက်တာနဲ့  အားကိုးတာရော ကျွတ်တာပါရောပြီး အဖျားက ဘာမှမလုပ်ရသေးပဲ ကျချင်ချင်....
အဲ့ ဆေးခန်းမှာ ထိုင်နေကျဆရာဝန်ကြီးက တစ်ခါတော့ မအားလို့ တဲ့  သူ့ သူငယ်ချင်းဆရာဝန်တစ်ယောက် လာထိုင်ပေးတယ်..အရင်ဆရာဝန်လောက် လူကြိုက်မများဘူးဖြစ်သွားတယ်..ပြဿနာဖြစ်နေတာက အဲ့ ဆရာဝန်က ဆေးခန်းထိုင်ရာကစပြီး ပိတ်ခါနီးအထိ ခွဲစိတ်ခန်းမှာ ဆရာဝန်တွေ စွတ်တာမြင်ဖူးနေကျ
အသားကပ်ကြက်ပေါင်လက်အိပ်ကို မချွတ်တန်းစွတ်ထားတာက အတင်းပြောစရာဖြစ်နေပြီး လူတွေက မကြိုက်ဘူးဖြစ်နေကြတာ...ကိုယ့် ကို အဆင့်ခွဲသလိုလို
ကြီးကျယ်ခန်းနားပြနေတဲ့ ဆရာဝန်လိုလို ကိုယ့် ကိုပဲ ဒီဆရာဝန်က ရွံသလိုလိုလိုလို့ ထင်နေကြပြီးမကြိုက်ကြတာ...ဒီကလူတွေက အဲ့ လိုပဲ အရပ်ထဲကလူတွေကို ကတ္တီပါဖိနပ်စီး ရွှေထီးလဆောင်း ဖင်တစ်ခြမ်းလာစောင်းလမ်းလျှောက်ပြနေရင် အရပ်ကိုများမတူသလိုမတန်သလိုနဲ့ ''အတုံးကြီးမ ''ဆိုပြီး မေးငေါ့ လေ့ ရှိကြတယ်..အရပ်ထဲက ဘမ်းစကားဖြစ်တဲ့  အတုံးကြီးမ ဆိုတာ ဗမာပြည်သားအချင်းချင်း ဒီလူနဲ့ ဒီအဆင်တွေ အကြောတွေသိပြီးသားကို အရပ်ထဲလာ ဖျင်ခေါင်းကျယ်ပြနေပြန်ပြီဆိုပြီး မေးငေါ့ တဲ့ သဘောပါ..
အဲ့ လိုဖြစ်နေတာကို စပ်စုချင်လာပြီဆိုရင် မအောင့် နိုင်မအီးနိင်တတ်တဲ့ သူတွေက အဲ့ ဆေးခန်းက အကူနပ်စ်မအန်တီကြီးကို ပေါ်တင်တွေပြောရော..အဲ့ အန်တီကြီးက လုပ်သက်ရင့် ဆိုတော့ အရပ်နဲ့ ဘော်ဒါကဏ္ဍတွေဖြစ်နေပြီ...လူပြောသူပြောများလာရင်းက နောက်တော့ အဲ အန်တကြီးဆီက ပြန်သိလိုက်ရတာက အဲ့ ဆရာဝန်ကြီးမှာ အရက်ပျံတွေ ဂွမ်းတွေနဲ့ ဓါတ်မတည့် တဲ့ ပြဿနာရှိနေတာ ဆေးကျောင်းတက်ကတည်းကတဲ့  လက်အိပ်မစွတ်ပဲ ဆေးထိုးပေးပြီး ပွတ်ပေးဖို့ အရက်ပျံစိမ်ထားတဲ့ ဂွမ်းဖတ်ကို ကိုင်တာများသွားရင် သူ့ လက်၂ဖက်စလုံး နီရဲပြီး အင်ပြင်ကွက်ကြီးတွေ ထ ယောင်ကိုင်းလာတတ်လို့  မတတ်သာလို့ ဆေးခန်းထိုင်တိုင် လက်အိပ်စွတ်ထားရတာပါဆိုတော့ မှ အရပ်ကလူတွေ ဘ၀င်ကျသွားတောမူပါရောဗျာ....သြော..ကိုယ့် ဒွတ်ခနဲ ကိုယ် ဆိုတာ ဒါမျိုးနေမှာပေါ့ ဗျာ...
လောကဓံ ၈ပါးအောက်မှာ လူသားဟူသမျှ အကျုံးဝင်နေပေမယ့်  ကိုယ်ကြည်ညိုတဲ့ သူတွေဆိုရင်တော့ အမွှန်းတင်ထားလိုက်ချင်တဲ့ ဖီလင်က လူ အစစ်ကြီးတွေဖြစ်ကြတဲ့  ကိုယ့် ဆရာသမားတွေဆိုတာ ကောင်းကင်ကကျလာသလိုလို လောကဓံ၈ပါးနယ်ထဲက လူမဟုတ်သလိုလို ၊ဆရာဝန်ဆိုတာဘယ်တော့ မှ ရောဂါမရှိရတော့ မယ့် လူလိုလိုပေါ့ ၊ အရက်ပျံတို့  ဂွမ်းတို့ နဲ့ ကင်းရခက်တဲ့ ဆရာဝန်က အရက်ပျံတို့ ဂွမ်းတို့ နဲ့ ဓါတ်မတည့် တဲ့ ပြဿနာရှိတယ်ဆိုတော့ ...တစ်ခါတစ်လေ လောကကြီးရဲ့ ကျီစယ်ချက်တွေကလည်း...အံ့ ချက် ပြောရမလား သိပ်နောက်တာပဲလို့ ရယ်စရာလုပ်ရမလား...
--------------------------
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..