ဒါလည်းပြောရရင် ယေဘူယျသဘောပါပဲ..ပြီးတော့  အရှင်သဘောပါပဲ...ဒါပေမယ့်  မိရိုးဖလာ ဖတ်ဖူးခဲ့ တဲ့  မဟာဘုတ်ဗေဒင် အဟောတွေထက် ပိုပြီး လူတွေနဲ့ နီးစပ်လာသလိုလို ရှိလို့ ရယ် ဖတ်လို့ ကောင်းသလိုလို မို့ သဘောကျသွားတတ်တာပါပဲဗျာ..
နမူနာစတိက ၆ကြွင်းနှစ်မွေးလာတဲ့ သူတွေဟာ သူတို့ ကံ ၃ပါး ကြံစီတိုင်း မရဏအိမ်အပေါ်ထားတဲ့  ကိုင်ထားတဲ့ စတိုင်နဲ့  ကြံစီတယ်ပေါ့ ..ဒီတော့  လူ့ ဘ၀တစ်ခုလုံးကို အနှစ်ချုပ်လိုက်ရင် '' ထွေရာ၎ပါး''ပဲရှိတယ်လို့ ပြေတယ်..အဲ့ ၎ ပါးတောင် ပညာရှိတွေတစ်ယောက်နဲ့ တစ်ယောက်ကမတူဘူး..ဆိုရှယ်ကွန်မြူလစ် အမြင်ကတော့  စားဝတ်နေရေး တို့ အရေး၃ပါးထဲ လူ့ အတွက် အဓိကအချက်တဲ့ ...ငိငိ...
မဟာဘုတ်ကတော့  လူတစ်ယောက်မှာ အဓိက နံ ၇နံ ရှိပြီး ၇နံစလုံးဟာ လှုပ်နေတယ် အဲဒီလိုလှုပ်တာကို လိုက်ဖမ်းရင်မြင်သာတာကမရဏအိမ်ကနံ အဲ့ တော့  အဲ့ နံကနေ ကျန်တဲ့  ၆ အိမ်က နံတွေကိုထောက်လှမ်းရေးလုပ်ပြတာ...
၆ကြွင်းရဲ့ မရဏအိမ်က နံဟာ တနလာင်္နံ ( အကြွား(သို့ ) ဂုဏ် (သို့ )ဟန်ကိုယ့် ဖို့ )ကို ကိုင်ထားတာမြင်သာတယ်ပေါ့ ...ဒီတော့  အထွန်းအိမ်က ကြာသာပတေးနံ ကို လှမ်းပြီးလှုလာရင် စာတော်တာသူများထက်တော်တယ်လို့ ထင်ရအောင်နေတတ်သလို သူများတွေကလည်း စာတော်ကြတယ်တယ်လို့  ထင်လေ့ရှိတယ် ( အဲ့ ဒီမှာ တကယ်တော်တာထက်ကိုယ့် ဟာကိုယ်အတော်ဆုံးလို့ ၆ကြွင်းက သူများထင်တဲ့ နောက်ကိုသာယာပြီးမျော်သွားရင် အရှက်ကွဲပြီလို့ ပြောတယ်).
.ကြာသာပတေးဟာ ပညာတင်မကဘူး အပျော်သဘောဖြစ်တယ်..ငွေပေါလာရင် ၆ကြွင်းဟာ ဘောစိပျော်သလို လိုက်နေလာတတ်လို့ ဝမရှိပဲ ၀ိလုပ်မိရင် ကြွေးတင်ပြီး ဒုက္ခဖြစ်တတ်တာ ...ငွေကုန်မှာစိုးလွန်းရင် အပျော်ဖက်ကိုမသုံးတော့ သလောက်ရိုးရိုးကြီးနေသွားတတ်ပြန်လို့  ကိုဒါဝတ်လို့ ဆိုတယ်။ ဒါ..မရဏအိမ်ကနေ အထွန်းကို သွားလှုပ်တာလို့ ဆိုတယ်
အဓိပတိက အင်္ဂါဆိုတာ စိတ်သဘောထား ငွေကြေးရွှင်နေရင် ငွေရေးကြေးရေး ခြေသလုံးမွှေးပါလို့ ထကြွားတတ်ပြီး သဒ္ဒါကောင်းသူကြီးလုပ်ပြချင်လာတာ. တစ်ခါတစ်လေ ငွေကပ်စီးနဲစိတ် ငွေသောကစိတ် ၀င်လာရင် သူများကို စွန့် ကြဲဖို့ နေနေသာသာ သူ့ ဗိုက်တောင်သူ မသထာချင်တော့ ဘူးစိတ်...။
သိုက်အိမ်က တနင်္ဂနွေနံက မိသားစု ...သူ့ မိသားစုကိုတော့  လုံလောက်စေချင်တတ်ပေမယ့်  စေ့ စပ်တာ သိမ်းထုပ်သေခြာ အဆင့် ကနေ အိုဗာဖြစ်သွားရင် ပုံစံခွက်နဲ့ ကျွေးချင်တာမျိုးဖြစ်သွားတဲ့ စိတ်၊ သိက္ခာကျမှာကို အမြဲစိုးရိမ်နေလို့ မဟုတ်တာတော့ မလုပ်ရဲပြန်တဲ့ စိတ်။ သိုက်စိတ်က စုဆောင်းနေလည်း ဘ၀ကဒါပါပဲလို့ စိတ်ဝင်သွားရင် ငွေအသုံးဗြဲလရမ်းဘက်ရောက်သွားတတ်သလို့  ငွေရဖို့ ဆို အရှက်သိက္ခာ မလိုဘူး ချမ်းသာရင်ပြီးရောစိတ်ဖြစ်သွားတာ
ရာဇက လူမှု့ ရေးပရိယာယ်သဘောက အိမ်မှာသာ ငွေကုန်မှာစိုးလို့ ငပိရေနဲ ကျိတ်ချင်ကျိတ်မယ် လမ်းရောက်ရင် အများအထင်သေးတော့ မခံဘူး ဘာဂါပဲစားပြမယ် ဆိုတဲ့  ဟန်ကိုယ့် ဖို့ စိတ်...ဟန်ကိုယ့် ဖို့ ကလွန်ကဲသွားရင် ပရိယာယ်ကြွယ်တဲ့ သဘောကနေ ငဘတ် ဖိုးတွမ်တီးဖြစ်သွားတာမျိုး...ဒါကြောင့်  ကမ္ဘာကျော်မျက်လှည့် ဆရာတွေနဲ့ ဘာဆရာညာဆရာ အလိမ်အကောက် ချန်ပီယံတွေ အတော်များများထွက်တဲ့ မဟာဘုတ်ဟာ ၆ကြွင်းအုပ်စုတွေထဲက သိသိသာသာများတာလို့ ဆိုတယ်..
ဘင်္ဂက သောကြာက စကား...မရဏအိမ်က ဂုဏ်တနင်္လာ ကို အကောင်းကိုင်ထာရင် သိက္ခာအကျမခံနိုင်သူက စကားပြောပြတ်တာ ကတိတည်တတ်တာ ဖြစ်လာပြီး. .အရှက်သိက္ခာဆိုတာ ကိုပြုတ်စားလို့ မရဘူးလီု့ ယူဆလာရင် ကတိပေးလွယ်တာ ခုတစ်မျိုးတော်ကြာ တစ်မျိုးတွေပြောလာတာတွေဖြစ်လာလို့  သူ့ စကားကို လူတွေမလေးစားတော့ တာမျိုး...
ပုတိက စနေနံက အတွင်ထဲမှာ ပြင်းထန်တဲ့ လိုချင်မှု့ တွေကို အပြင်ကသဒ္ဒါကောင်းဟန်နဲ့ ဖုံးထားတာ.အဖုံးလွန်သွားတဲ့ အခါ လူတွေက ရိပ်မိသွားပြီး ရော့ နဂါးရော့ ပတ္တမြားသမားလို့ သိကုန်တာ ပေသီးလို့ ပြောလာတာမျိုး အိမ်ထောင်ရေးမှာတော့  သူ့ ကိုယ်သူ လုံခြုံပြီလို့ ထင်ရင် ကဲချင်စိတ် ၀င်လာတာမျိုး အရပ်အခေါ်ကတော့  ခွက်ပုန်းတို့ ကုပ်ဘာညာစိတ်လို့ ဆိုတယ်...အကြွားပျက်မှာ သိက္ခာကျမှာစိုးလို့ ဒိုင်လျိုလေးပဲ ကဲတတ်တာလို့ ဆိုတာ..ငွေလောက် အလေးအနက်မထားတော့ ရင်တော့  အချစ်ဆိုတာအမှိုက်ပုံကြီးဖြစ်သွားတယ်ပေါ့ လေ
အခုရေးပြခဲ့ တာ အလွန်စတိလောက်ပဲရှိပါသေးတယ်...အမှန်တော့  ဥပမာ တနင်္ဂနွေနံ ဆိုတာလည်း အိမ်ထောင်ရေး အိုးအိမ်နေရာထိုင်ခင်းအလုပ် အဆောက်အဦးဆောက်လုပ်ရေး အသင်းအပင်းပါတီအဖွဲ့ အစည်း ပရိဟိတအဖွဲ့ တွေ အစိုးရအဖွဲ့ အစည်းတွေ အိမ်မိသားစု အဖေ အိမ်ထောင်ဦးစီး အဖွဲ့ အစည်း အုပ်ချုပ်သူအကြီးအကဲ အစာအိမ် သားအိမ် အူလမ်းကြောင်းစသဖြင့် စသဖြင့်  အများကြီးမှ အများကြီးရှိပါသေးတယ်...ဒါက နံကောက်တာ အဲ့ တနင်္ဂနွေနံ တစ်လုံက အတွင်းသဘောမတူညီတဲ့  မဟာဘုတ် ၇ အိမ်မှာ လှည့် ထိုင်နေတဲ့ အခါ....အမငီးတွေ..ဖြစ်လာပါတယ်..
သဘောက ..ဒါတွေကိုသာ လိုက်သရုပ်ခွဲနေရရင် ကိုယ့် နဂိုရည်ရွယ်တဲ့ လမ်းကြောင်းဖြစ်တဲ့  ဘ၀တိုတိုလေးကို သက်သာရာသက်သာကြောင်းလေး နေလို့ ရသွားအောင် ဘယ်လိုမြန်မြန်အသုံးတည့် မလဲဆိုတဲ့ လမ်းကြောင်းပေါ်မရောက်တော့ လို့  အဲ့ ဒီလောက်ကြီး မဟာဘုတ်ကို လိုက်မနှိုက်တော့ ပါဘူးဗျားးး.တော်ပါပြီပေါ့ ဗျား..သက်ရောက်လေး ဘာလေး ယတြာလေးဘာလုပ်လုပ်လို့ အလုပ်ဖြစ်နေရင်ပြီးတာပါပဲပေါ့ ဗျားလို့ ဖြစ်သွားပါတယ်ဗျား...(ဒါကကိုယ့် ဟာကိုယ် ဘရိပ်အုပ်လိုက်တာ...အဲ့ လို ထွေလီကာလီတွေ ပညာသဘောတွေးတောရတာကိုကြိုက်တဲ့ သူတွေကတော့  ဖတ်လို့ ကောင်းတယ်ဆိုပြီးသဘောကျတတ်ပါတယ်..အဲ့ အတွက် ဆက်တွေးလို့ ရအောင် ရေးပြတာပါဗျာ..ကျနော်တော့  အဲ့ လောက်ကြီးကို စိတ်မရှည်ပါဗျားးး..ဟီးးး)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..